Bored in the House? အိမ်မှာနေရတုန်း မိသားစု နဲ့အမှတ်တရလှလှလေးတွေ ဖန်တီးလိုက်ပါ

COVID-19 ကာလမှာ ဘယ်မှ မသွားရမဲ့ အတူတူ မိသားစုနဲ့ အမှတ်တရ ဓာတ်ပုံလှလှလေးတွေ ရိုက်ပြီး နောင်တစ်ချိန် ကို့ယ်သားသမီးမြေးမြစ်တွေကို ပြန်ပြောနိုင်အောင် အမှတ်တရလေးတွေ ဖန်တီးလိုက်ပါ။ Smart Phone Camera တွေကလည်း နည်းပညာတွေ တိုးတက်လာပြီဆိုတော့ ပုံကောင်းကောင်းတစ်ပုံရဖို့အတွက် အရင်ကလောက် မခက်တော့ပါဘူး။ ဒါပေမဲ့ နည်းပညာရဲ့ တိုးတက်လာမှုကို ကောင်းကောင်းအသုံးချဖို့ လိုအပ်ပါတယ်။

ပထမဆုံးအနေနဲ့ အလင်း‌ရောင်ကောင်းကောင်းရွေးပါ။ တတ်နိုင်သမျှ သဘာဝရဲ့အလင်းရောင်ကိုသာ အသုံးချပါ။ဓာတ်ပုံနဲ့ ပတ်သက်လာရင် အလင်းရောင်က အရေးကြီးဆုံးပါပဲ။ အလင်းရောင်ကို ကိုယ်ရိုက်ချင်တဲ့ အရာဝတ္ထု ဒါမှမဟုတ် လူကို ကျရောက်မယိ့ အလင်းကို သေချာချိန်ညှိဖို့ လိုပါတယ်။ အခု နောက်ပိုင်း ဖုန်းတွေ တော်တော်များများမှာ အလင်းအရမ်းများသွားတာပဲဖြစ်ဖြစ် အရမ်းနည်းနေတာပဲဖြစ်ဖြစ် IOS Setting နဲ့ Exposure ကို ကိုယ်လိုအပ်သလို ပြန်ညှိလို့ရပါတယ်။ ရိုက်မယ်ဆိုရင် လက်ကို ငြိမ်အောင်ထားပြီး Focus နဲ့ Exposure တွေကိုပါ တစ်ခါတည်းချိန်ပြီး အကောင်းဆုံးပုံရအောင် နှစ်ပုံ သုံးပုံလောက်တော့ ရိုက်တာကောင်းပါလိမ့်မယ်။ Indoor မှာ ရိုက်မယ်ဆိုရင်  ကင်မရာရဲ့ သဘောတရားက Megapixel မြင့်လေ Detail ပိုကောင်းလေ ဖြစ်တဲ့အတွက်ကြောင့် Main camera Megapixel မြင့်တဲ့ဖုန်းတွေက ပိုကောင်းပါတယ်။ OPPO Reno 3 pro ရဲ့ 64 MP main camrea က Megapixel မြင့်မားတဲ့ အလင်းနဲ့ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပါတယ်။

Ultra wide နဲ့ ရိုက်မယ်ဆိုရင် ကိုယ်ရိုက်မဲ့ပုံက Dynamic Range မယိုင်သွားဖို့နဲ့ Distortion တက်နိုင်သမျှ နည်းဖို့ သတိထားရပါမယ်။ Distortion များရင် ကိုယ်အာရုံစိုက်ချင်တဲ့ အရာဝတ္ထု သို့မဟုတ် လူရဲ့ အလှက ပျက်သွားတက်ပါတယ်။ အဲ့တော့ ကိုယ်အာရုံစိုက်ထားချင်တဲ့ ပုံနဲ့ လူကို ပထမဆုံး ဦးစားပေးရပါမယ်။ Reno 3 Pro ရဲ့ 8MP ultra wide နဲ့ 13 MP Tele lens က အလင်း‌ရောင်ကောင်းတဲ့ပုံတွေအတွက် Distortion နည်းနည်းနဲ့ ပုံရိပ်တွေကိုရရှိနိုင်မှာပါ။ Tele နဲ့ ရိုက်မယ်ဆိုရင်တော့ နောက်ခံကောင်းကောင်းရှာပြီး ကိုယ်ရိုက်ချင်တာကို Zoom နှစ်ဆ သုံးဆ ချဲ့ပြီး ရိုက်လို့ ရပါတယ်။ အခုနောက်ပိုင်းဖုန်းတွေမှာ Zoom က အဆနှစ်ဆယ်လောက် အထိ ချဲ့လို့ရနေပါပြီ။ OPPO Reno3 Pro မှာဆိုရင် 5x hybrid zoom,20x digital zoom တောင် ပါရှိတယ်လို့ သိရပါတယ်။

HDR support ပေးတဲ့ ဖုန်းတွေအတွက် HDR ကို အသုံးပြုပြီး ရိုက်တာ အကောင်းဆုံးပါပဲ။ OPPO Reno 3 Pro ရဲ့ HDR mode ကတော့ ဖုန်းက ကိုယ်ရိုက်မဲ့ Scene နဲ့ သင့်တော်မယ်ဆိုတာနဲ့ သူ့အလိုလို ဖွင့်ပေးပါတယ်။ နောက်တစ်ခု Indoor မှာ အသုံးအဝင်ဆုံး လုပ်ဆောင်ချက်ကတော့ High Resolution Mode ပဲ ဖြစ်ပါတယ်။ OPPO Reno3 Pro ရဲ့ High Resolution နဲ့ ပုံကို အချိုးကျကျလေး အလင်း‌ရောင်ညက်ညက်ကလေးမှာ ရိုက်နိုင်ရင် စိတ်ကျေနပ်ဖို့ကောင်းတဲ့ ပုံတွေကို ထုတ်ပေးနိုင်ပါတယ်။ ပုံကို အချိုးကျဖို့အတွက်ကိုတော့ Grid ကို အသုံးပြုပြီး Rule of Third နဲ့ ရိုက်ကူးနိုင်ပါတယ်။နောက်ပြီး Ultra Clear 108 MP ပါတဲ့အပြင် အလင်းအားနည်းတဲ့နေရာတွေအတွက် Ultra-dark Mode က Selfie ပုံတွေအတွက်ပါ အလင်းကောင်းကောင်းရရှိမှာပါ။


Portrait က အခုနောက်ပိုင်းဖုန်းတွေအားလုံးမှာ ပါလာပါပြီ။ OPPO Reno 3 Pro မှာ  ကမ္ဘာ့ပထမဆုံး 44MP + 2MP Dual Puch camrea ပါဝင်တဲ့အတွက် selfie အတွက် Bokeh effect လှလှလေးတွေဖန်တီးနိုင်ဉီးမှာပါ။ Lens နှစ်လုံးပါတဲ့အတွက် အရာဝတ္ထုရဲ့အနားသတ်တွေမှာ Bokeh effect တွေပိုတိကျသလို Face Unlock နဲ့ဖုန်းကိုဖွင့်တဲ့နေရာမှာလဲ Unlock Time မြန်ဖို့အထောက်အကူပြုပေးနိုင်ပါတယ်။

အခုပြောတဲ့ အချက်တွေနဲ့ ညီရင် တော်တော်ကောင်းမဲ့ ပုံတွေကို ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက် ကိုယ်ချစ်ရတဲ့သူတွေနဲ့အ မှတ်တရတွေ ဖန်တီးတဲ့ နေရာမှာ အလိုအပ်ဆုံးက စိတ်ရှည်ဖို့ပါ။ စိတ်ရှည်နိုင်လေ ပိုကောင်းတဲ့ ပုံတွေကို ဖန်တီးနိုင်လေ ဖြစ်ပါတယ်။

မိရဲ့ ဖန်တီးထားတဲ့ ပုံကောင်းကောင်းလေးတွေနဲ့ ဆုလက်ဆောင်တွေ ရယူနိုင်တဲ့ အစီအစဉ်ကိုလည်း အခုအခါမှာ OPPO ကနေ ပြုလုပ်ပေးလျက်ရှိနေပါတယ်။ OPPO ကနေ  Morning၊ Afternoon၊ Night Session ဟူ၍ ကဏ္ဍ (၃) ခုဖြင့် ကျင်းပပေးနေတဲ့ 24 Hours City Challenge  အစီအစဉ်လေးပါပဲ။ အခု ကျင်းပနေတဲ့ Afternoon Session Challenge ကို  "My Perfect Shot At Home" ခေါင်းစဥ်နဲ့ မေလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပသွားမှာပါ။ ဒီ Challenge မှာတော့ နိုင်ငံကျော် ဓာတ်ပုံဆရာ Mr.Haw က မတ်လကမှ အသစ် ထွက်ရှိထားတဲ့ မြန်မာ‌ကျပ်ငွေ 629,900 ကျပ် တန်ဖိုးရှိတဲ့ OPPO Reno3 Pro ရဲ့ စွမ်းဆောင်ရည်မြင့် Camera Functions တွေနဲ့ Ultra Night Mode၊  Portrait Mode တို့ကို အသုံးပြုပြီး အိမ်ထဲမှာပဲ ဘယ်အလင်းရောင် အခြေအနေမှာမဆို အမြင်ဆန်းသစ်လှပတဲ့  ဓာတ်ပုံများကို ဖန်တီးထားတာကို မြင်တွေ့ရမှာပါ။  OPPO ရဲ့  Afternoon Session Challenge ကို စိတ်ပါဝင်စားတဲ့ ပရိသတ်များအနေနဲ့  မိမိနှစ်သက်ရာ ဖုန်းနှင့် အိမ်မှာ ဖန်တီးရိုက်ကူးထားတဲ့ Challenge ဓါတ်ပုံတွေကို  #24HoursCity_AfternoonSession #Reno3ProChallenge #ShotAtHome hashtag တို့နဲ့ အတူ ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။  Mr.Haw က Challenge မှာ ပါဝင်လာတဲ့ ပရိသတ်တွေထဲက (၅) ဦးကို  မေလ ၂၆ ရက်နေ့မှာ ရွေးချယ်ပေးသွားမှာ ဖြစ်ပြီးတော့ ဆုလက်ဆောင်အဖြစ် OPPO က ၂၀,၀၀၀ ကျပ်တန် ဖုန်းဘေလ်တွေကို ချီးမြှင့်သွားမှာပါ။ ဒါ့အပြင်  Mr.Haw ရဲ့ တစ်ရက်တာ Private Online Workshop ကို တက်ရောက်နိုင်မှာဖြစ်လို့ ဓာတ်ပုံ ဝါသနာရှင်တွေအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါပဲ။ Challenge အစီအစဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့  ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ပုံ အသေးစိတ်အချက်အလက်ကို သိရှိလိုတယ်ဆိုရင်တော့ 24 Hours City Challenge : Afternoon Session Camapaign Link ( https://business.facebook.com/287391841418711/posts/1620210594803489/)  နဲ့ OPPO ၏ Official Facebook Page (https://www.facebook.com/oppomyanmar/) တွေမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

Previous
Previous

Messenger မှာမသမာသူတွေရဲ့အလိမ်မခံရအောင်သတိပေးတဲ့ Pop up ထည့်သွင်းတော့မဲ့ Facebook

Next
Next

Earphone ရဲ့ဝါယာကြိုးကိုညှစ်ပြီးသီချင်းကိုထိန်းချုပ်နိုင်မဲ့ Smart Braid နည်းပညာကို Google စမ်းသပ်