Earphone ရဲ့ဝါယာကြိုးကိုညှစ်ပြီးသီချင်းကိုထိန်းချုပ်နိုင်မဲ့ Smart Braid နည်းပညာကို Google စမ်းသပ်

Touch-sensitive နည်းပညာတွေကို Google ကသူ့တို့ရဲ့ Smart phone တွေမှာအသုံးချလာပြီးနောက်အခုမှာတော့ I/O braid လို့ခေါ်တဲ့ ချည်သားနဲ့လုပ်ထားတဲ့ကြိုးကိုညစ်ပြီးထိန်းချုပ်နိုင်မဲ့ UI အသစ်ကိုတီထွင်လိုက်ပါတယ်။ Earphone ကြိုးရဲ့ချည်သားမှာမြှပ်နှံ့တည်ဆောက်ထားတာကြောင့်အသုံးပြုသူကကြိုးကိုညှစ်တာတွေဆွဲလိမ်တာတွေအပေါ်ကိုပွတ်ဆွဲတာတွေလုပ်ပြီးသီချင်းကိုရပ်တာကျော်တာနဲ့အသံအတိုးအချဲ့တွေကိုထိန်းချုပ်နိုင်မှာပါ။

ဒီကျစ်ဆံမြှီးနဲ့တူတဲ့ကြိုးကိုတော့ Google က Helical sensing matrix လို့ခေါ်ပြီးအသုံးပြုသူရဲ့စေခိုင်းမှုတွေကိုပါမှတ်တမ်းတင်ထားနိုင်မှာပါ။

လျှပ်ကူးနိုင်တဲ့ချည်ကြိုးတွေကိုကျပ်ဆံမှိးကြိုးထဲမှာထည့်ရက်ထားတာဖြစ်ပြီးကြိုးကိုပတ်ပတ်လည် 360 degree အသုံးပြုနိုင်မှာပါ။ဒီနည်းပညာဟာအခုအချိန်မှာသုတေသနပြုလုပ်ဆဲအဆင့်မှာသာရှိပြီး Google ကတော့ဒီနည်းပညာကို earphone ကြိုးမှာအစမ်းပြထားပေမဲ့တခြားအိမ်တွင်းလျှပ်စစ်ပစ္စည်းတွေမှာအသုံးချနိုင်ပါတယ်။ဂျာကင်အင်္ကျီတွေမှာ ကြိုးနဲ့ Touch control ထည့်ပြီး Phone ကသီချင်းကိုထိန်းချုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ဒီနည်းပညာကို Machine Learning နည်းပညာနဲ့တွဲဖက်ထားတာဖြစ်ပြီး User တွေရဲ့အသုံးပြုပုံစံနဲ့လက်အမှုအယာတွေကို အချက်အလက်စုဆောင်းပြီးခွဲခြားနိုင်အောင်လုပ်ခဲ့ရပါတယ်။ headphone ရဲ့ ခလုတ်မှာ Touch sensing နဲ့အသုံးပြုတာထက်စာရင်အသုံးပြုသူတွေက ကြိုးမှာလက်အမူအရာတွေနဲ့ထိန်းချုပ်ရတာပိုလွယ်တည်လို့ဆိုပါတယ်။ဒီ I/O braid ကြိုးတွေဟာတစ်ကယ်ပဲအသုံးပြုသူတွေဆီမှာလက်တွေ့အသုံးဝင်လာမှာဆိုတာတော့စိတ်ဝင်စားစရာပါပဲ။

Ref: the verge

Author : hein htet

Previous
Previous

Bored in the House? အိမ်မှာနေရတုန်း မိသားစု နဲ့အမှတ်တရလှလှလေးတွေ ဖန်တီးလိုက်ပါ

Next
Next

HUAWEI Y6p ကို 179,000 ကျပ်ဖြင့် Pre-Order စတင်မှာယူနိုင်ပြီ