အပြိုင်စကြာဝဌာတွေတည်ရှိနေကြောင်းသက်သေပြနိုင်တဲ့ NASA
Superhero ပရိတ်သက်တွေနဲ့ comic book Fan တွေကတော့အပြိုင်စကြာဝဠာတွေ,အမျိုးအမျိုးသောစကြာဝဠာအခွဲတွေနဲ့ကမ္ဘာတွေအကြောင်းကိုကလေးဘဝထဲကရင်းနှီးပြီးသားဖြစ်ပါတယ်။အပြိုင်စကြာဝဠာတွေလို့ခေါ်တဲ့ Multiverse တွေကိုတော့ 1939 ခုနှစ်မှာ Marvel comic ကပထမဆုံးမိတ်ဆက်ခဲ့ပါတယ်။ရှုပပေဒသိပ္ပံပညာရှင်များကတော့အပြိင်စကြာဝဠာတွေအကြောင်းကို 1952 ခုနှစ်ကတည်းကငြင်းခုံခဲ့ကြတာပါ။ငယ်ငယ်ထဲကစိတ်ကူးယဉ်ခဲ့တဲ့အပြိုင်စကြာဝဠာတွေတစ်ကယ်တည်ရှိနေကြောင်းကို NASAမှသိပ္ပံပညာရှင်များကအတည်ပြုနိုင်ခဲ့ပါတယ်။ကျွန်တော်တို့နဲ့အနီးကပ်ဆုံးမှာရှိနေတဲ့အပြိုင်စကြာဝဠာတွေမှာတော့သိပ္ပံနဲ့ရှုပပေဒသဘောတရားတွေကပြောင်းပြန်အလုပ်လုပ်ပါတယ်။ကျွန်တော်တို့စကြာဝဠာကမဟုတ်တဲ့ အမှုန်တွေကို cosmic Ray စမ်းသက်ချက်တွေကနေတစ်ဆင့်ရှာဖွေတွေ့ရှိခဲ့တာပါ။

အန္တာတိကတိုက်အပေါ်မှာရှိတဲ့အေးခဲပြီး Radio လှိုင်းတွေရဲ့နှောက်ယှက်မှုမရှိတဲ့ dry air အလေအလွင့်တွေကိုလေ့လာရင်းနဲ့ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးကျွန်တော်တို့ထုတ်လုပ်နိုင်တဲ့ Energy အမှုန်တွေထက်အဆပေါင်းများစွာ Energy မြင့်မားတဲ့ အမှုန်တွေကို တခြားပြင်ပစကြာဝဠာကတွေ့ရှိခဲ့တာဖြစ်ပါတယ်။NASA ရဲ့သိပ္ပံပညာရှင်များရဲ့ပြောကြားချက်အရတော့ Energy နိမ့်တဲ့ (နှူထရိနို့စ်) Neutrinos တွေဟာကျွန်တော်တို့ကမ္ဘာကိုဖြတ်သွားနိုင်ပြီးကမ္ဘာပေါ်မှာရှိတဲ့အရာဝထ္ထူတွေနဲ့အပြန်အလှန်အကျိုးသက်ရောက်နိုင်ပါတယ်။
ဒါပေမဲ့စွမ်းအင်မြင့်မားတဲ့အရာဝထ္တူတွေကတော့ကမ္ဘာပေါ်မှာရှိတဲ့အရာဝထ္တုတွေနဲ့တွေ့ပြီးရပ်တန့်သွားပါတယ်။ဒိအချက်တွေကိုကြည့်ခြင်းအားဖြင့်စွမ်းအင်မြင့်မားတဲ့အရာတွေဟာအပြင်ဘက်တခြားစကြာဝဠာတွေဆီကနေရောက်လာတာဖြစ်နိုင်ပါတယ်လို့ဆိုပါတယ်။အပြင်ကရောက်လာတဲ့ Energy မြင့်မားတဲ့အမှုန်တွေဟာ အချိန်တွေကိုနောက်ပြန်ဆုတ်ပြီးရောက်ရှိလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲအပြိုင်စကြာဝဠာတွေမှာအချိန်ဟာနောက်ပြန်အလုပ်လုပ်နိုင်တယ်လို့သတ်မှတ်လို့ရပါတယ်။
Author : Hein Htet
Source and Ref : Dailystar, Republicworld
Photocrd : Techtimes