HUAWEI Y6p ကို 179,000 ကျပ်ဖြင့် Pre-Order စတင်မှာယူနိုင်ပြီ

အရည်အသွေး အသင့်အတင့်ကောင်းမွန်တဲ့ Power bank တစ်လုံးနဲ့ Bluetooth Speaker တစ်လုံး တို့ကို ဝယ်မယ်ဆိုရင် အဆိုပါ ပစ္စည်း ၂ခုပေါင်းရဲ့ တန်ဖိုးဟာ အကြမ်းဖျင်းအားဖြင့် အရည်အသွေးပေါ်မူတည်ပြီး ၈သောင်းဝန်းကျင်ကနေ တစ်သိန်းခွဲ-နှစ်သိန်းကျပ် ဝန်းကျင်လောက်ထိ ရှိတတ်ပါတယ်။ ဒါပေမယ့် ငွေကျပ် နှစ်သိန်းမပြည့်တဲ့ပမာဏနဲ့ စွမ်းဆောင်ရည်ပိုင်းလည်းအသင့်အတင့်ကောင်းမွန်တဲ့အပြင် Power bank တစ်လုံးလိုပါ အသုံးပြုလို့ရတဲ့ ဖုန်းအသစ်တစ်လုံး ရရှိနိုင်မည်ဆိုလျင် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းမွန်သည့်အပြင် တန်ဖိုးသင့်တင့်ပြီး ဖုန်းအသစ်တစ်လုံး ဝယ်ယူဖို့ စဉ်းစားနေကြသူအများအတွက် စိတ်ဝင်စားဖွယ် သတင်းပဲဖြစ်ပါလိမ့်မည်။ HUAWEI မှ မကြာမီ အချိန်ကာလအတွင်းက ထုတ်ပြန်ကြော်ငြာခဲ့သည့် HUAWEI Y6p က သုံးစွဲသူတို့အတွက် ဈေးနှုန်းသင့်တင့်စွာဖြင့် ဖျော်ဖြေရေးနှင့် နေ့စဉ်ဘဝအသုံးပြုမှုအတွက် အတွေ့အကြုံကောင်းမှာယူဆောင်လာပေးမှာပဲဖြစ်ပါသည်။

HUAWEI Y series စမတ်ဖုန်းအမျိုးအစားများသည် ကင်မရာပိုင်းကောင်းမွန်သည့်အပြင် ဘက်စုံအသုံးပြုမှုအတွက် သင့်တော်ပြီး အကြမ်းခံနိုင်မှု စသည့် အချက်များကြောင့် မြန်မာနိုင်ငံဈေးကွက်အတွင်း နာမည်ကောင်းရပြီးသား စမတ်ဖုန်းအမျိုးအစားများဖြစ်ပါသည်။ ယခု HUAWEI Y6p စမတ်ဖုန်းကို လက်ရှိဈေးကွက်တွင် ရှိနေသည့် ၂သိန်းကျပ်အောက်ဖုန်းအချို့ထပ် ပိုမိုများပြားသည့် RAM နှင့် Storage ပမာဏဖြစ်သည့် 4GBRAM+64GBROM အသုံးပြုထားပြီး ဘက်ထရီပမာဏကိုလည်း 5000 mAh အထိ မြှင့်တင် ထည့်သွင်းအသုံးပြုပေးထားသည့်အတွက် တစ်နေကုန် ဖုန်းအသုံးပြုနေရသူ၊ မိုဘိုင်းဂိမ်းများကို နှစ်ခြိုက်ရူးသွပ်စွာ ဆော့ကစားတတ်ကြသည့် သုံးစွဲသူတို့အတွက် သင့်တောင်သည့်အပြင် Power Bank တစ်ခုလိုပါအသုံးပြုနိုင်မှာဖြစ်ပါသည်။ ထို့အပြင် 13MP Triple ကင်မရာဖြင့်လည်း အမှတ်တရများကို ပုံထွက်အရည်အသွေး ကောင်းမွန်စွာဖြင့် မှတ်တမ်းတင်နိုင်ဦးမှာလည်း ဖြစ်သည်။

HUAWEI Y6p တွင် ဘက်ထရီပမာဏ 5000 mAh ကို တပ်ဆင်အသုံးပြုထားပြီး တစ်နေကုန်ဖုန်းအသုံးပြုမှုအတွက် လုံလောက်စေမည့် ပမာဏဖြစ်သည့်အပြင် OTG cable မှတစ်ဆင့် 6W reverse charging စနစ်ကို အသုံးပြုနိုင်အောင် စီစဉ်ပေးထားမှုကြောင့် အခြားသော ဖုန်းနှင့် devices များကို 5V/1.2A output ဖြင့် ပြန်လည်အားဖြည့်သွင်းပေးနိုင်သော Power bank တစ်ခုအဖြစ်လည်း အသုံးချနိုင်ဦးမှာဖြစ်ပါသည်။ ဖျော်ဖြေရေးပိုင်း အသုံးချမှုအတွက်လည်း အားကောင်းသည့် Speaker ကို ထည့်သွင်းအသုံးပြုပေးထားပြီး Bass အသံထွက်ပိုင်းကိုလည်း ပိုမိုရှင်းလင်းစွာ ခံစားရရှိစေမည်ဖြစ်ပါသည်။ HUAWEI Y6p တွင်ထည့်သွင်းတပ်ဆင်ပေးထားသည့် စပီကာအမျိုးအစားမှာ 88db (အသံကျယ်လောင်မှုကို တိုင်းတာသည့်ယူနစ်တစ်မျိုး) အထိ ထုတ်လွှတ်နိုင်စွမ်းရှိကာ ဈေးကွက်အတွင်းရှိ သမရိုးကျ ဖုန်းမော်ဒယ်များထပ်လည်း သိသိသာသာ ကောင်းမွန်သည့် အကြားအာရုံပိုင်း အတွေ့အကြုံကို ခံစားရရှိစေမှာဖြစ်ပြီး Bluetooth Speaker တစ်လုံးအလားလည်း အသုံးပြုနိုင်ဦးမှာဖြစ်ပါသည်။

ဈေးကွက်အတွင်းရှိ ကျပ်နှစ်သိန်းအောက်ကျသင့်သည့် ဖုန်းမော်ဒယ်အမျိုးအစား အများစုတွင် internal storage 32GB ဖြင့်အများဆုံးတွေ့ရလေ့ရှိပါသည်။ System ပိုင်းအသုံးပြုမှုအတွက် အနည်းဆုံး 7GB ပမာဏကို ဖဲ့ပေးလိုက်ရပြီးသော အခါ အသုံးပြုသူအတွက် အမှန်တကယ် အသုံးပြုနိုင်မည့် သိုလှောင်မှု ပမာဏမှာ 20 GB ဝန်းကျင်သာ ကျန်ရှိပါတော့သည်။ အရည်အသွေးပြည့် သီချင်းဖိုင်တစ်ဖိုင်အတွက် 10MB ဝန်းကျင်နှင့် HD အရည်အသွေးရှိသည့် ရုပ်ရှင်ကားတစ်ကားသည် 1.5GB မှ 2GB ဝန်းကျင်ခန့် ပျမ်းမျှ File size အရွယ်အစား ရှိတတ်သည့်အတွက် 32 GB သိုလှောင်မှု ပမာဏမှာ ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေမှု မရှိတော့သည့် ပမာဏလည်း ဖြစ်ပါသည်။ HUAWEI Y6p တွင် သိုလှောင်မှု ပမာဏကို 64 GB အထိထည့်သွင်းပေးထားပြီး အမှန်တကယ် အသုံးပြုနိုင်မည့် ပမာဏကလည်း 50GB ဝန်းကျင်အထိ ရှိလာသည့် အတွက် ရုပ်ရှင်ကားများ သီချင်းများစွာကို ပိုမိုသိမ်းထားနိုင်မှာလည်း ဖြစ်ပါသည်။

HUAWEI Y6p တွင် ကင်မရာသုံးလုံးတပ်ဆင်ပေးထားပြီး အဓိက ကင်မရာအဖြစ် 13MP sensor နှင့်အတူ ၁၂၀ ဒီဂရီအထိ ရိုက်ကူးနိုင်မည့် 5MP ultra-wide angle lens ၊ 2MP depth ကင်မရာတို့ဖြင့် ဖွဲ့စည်းထားပါပြီး Portrait နှင့် Landscape ပိုင်းရိုက်ကူးမှုအတွက်ကောင်းမွန်စွာ ပုံဖော်ရိုက်ကူးစေနိုင်မှာလည်း ဖြစ်ပါသည်။ ထို့အပြင် 8MP selfie ကင်မရာကိုလည်း တပ်ဆင်ပေးထားပြီး လူငယ်များအကြားရေပန်းစားနေသည့် snap beauty selfie များကို ဖန်တီးနိုင်မည့် beautification algorithms (HUAWEI ကိုယ်ပိုင်နည်းပညာ) ကိုလည်း အသုံးပြုနိုင်ဦးမှာ ဖြစ်ပါသည်။

HUAWEI Y6p သည် ကျစ်လစ်သေသပ်ပြီး အမြင်ဆန်းစေမည့် ဒီဇိုင်းပိုင်းဖြင့် Entry level အမျိုးအစား စမတ်ဖုန်းလည်း ဖြစ်ပြီး ၆.၃ လက်မရှိသော HUAWEI Dewdrop မျက်နှာပြင်အမျိုးအစားကို အသုံးပြုထားပါသည်။ အရှေ့ကင်မရာ အရွယ်အစားကိုလည်း ပိုမိုသေးသွယ်လာအောင် ဖန်တီးထားနိုင်ခဲ့ခြင်းကြောင့် မျက်နှာပြင်အရွယ်အစားတွင် Screen-to-body ratio ၈၈.၄ % အထိ ရှိလာခဲ့ပြီး ဖုန်းအသုံးပြုမှုအတွက် ပိုမိုကျယ်ပြန့်သည့် မြင်ကွင်းအတွေ့အကြုံပိုင်းကို ခံစားရရှိစေနိုင်မည်ဖြစ်ပါသည်။ အရောင်အားဖြင့်လည်း ခရမ်းရောင် (phantom purple) ၊ အစိမ်းရောင် (Emerald Green) နှင့် အနက်ရောင် (Midnight Black) ဟူ၍ အရောင်သုံးမျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး မေလ၃၁ ရက်နေ့အထိ နီးစပ်ရာ ဆိုင်များတွင် ၁၇၉၀၀၀ ကျပ်ဖြင့် Pre-Order မှာယူနိုင်မည်ဖြစ်ပြီး Pre-Order မှာယူသူများအတွက်လည်း HUAWEI band 3e ကိုလည်း လက်ဆောင်ရရှိဦးမှာဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။

Previous
Previous

Earphone ရဲ့ဝါယာကြိုးကိုညှစ်ပြီးသီချင်းကိုထိန်းချုပ်နိုင်မဲ့ Smart Braid နည်းပညာကို Google စမ်းသပ်

Next
Next

အပြိုင်စကြာဝဌာတွေတည်ရှိနေကြောင်းသက်သေပြနိုင်တဲ့ NASA