Razer Pay app ကိုဒေါင်းလုပ်ဆွဲ Register လုပ်ပြီး Mask အခမဲ့ထုတ်ယူနိုင်မဲ့အစီအစဉ်ကို Singapore မှာအကောင်အထည်ဖော်
Gaming Gadgets နဲ့ high end laptop များထုတ်လုပ်သူ Razer ကတော့ Razer Pay application ကိုဒေါင်းလုပ်ဆွဲပြီး Register လုပ်ရုံနဲ့ Mask တွေထုတ်ယူနိုင်ဖို့ အလိုအလျောက်ထုတ်စက်တွေအခု ၂၀ ကို Singapore နိုင်ငံအနှံ့အပြားမှာဖြန့်ကျက်ထားပါတယ်။ Mask အခုတစ်သန်းကို Singapore နိုင်ငံမှစပြီး တစ်ကမ္ဘာလုံးက ကျန်းမာရေးဝန်ထမ်းတွေကိုလှူဒါန်းသွားမှာဖြစ်ပြီး အခုငါးသန်းကိုတော့အလိုအလျောက်ထုတ်စက်တွေကနေတဆင့် Razer Pay app ကို register လုပ်သူတွေကိုအခမဲ့ပေးဝေသွားမှာပါ။ဒီအကြောင်းကိုတော့ Razer ရဲ့ CEO Min-Liang Tan ရဲ့ Facebook post ကတဆင့်ကြေငြာခဲ့တာပါ။ အခမဲ့ ရရှိနိုင်မဲ့ တစ်ခါသုံးMask တွေကတော့ layer သုံးလွှာပါရှိပြီး Razer Health ကနေထုတ်လုပ်တာဖြစ်ပါတယ်။ WHO မှ ကျန်းမာရေးဝန်ထမ်းတွေအတွက် Mask တွေပြတ်တောက်နေပြီလို့ကြေငြာခဲ့ ပြီးVirus စပျံ့ပွားချိန်မှစပြီးနေရာအနှံ့အပြားမှာ Mask တွေအရင်ကထက်ခြောက်ဆစျေးပိုကြီးလာတာပါ။

တစ်လကို Mask အခုပေါင်းဆယ်သန်း ထုတ်ဝေဖြန့်ဖြူးနိုင်ဖို့အတွက်အလိုအလျှောက် mask ထုပ်တဲ့စက်တွေကိုလဲ Razer ကမျှဝေခဲ့ပါတယ်။

Mask ကိုရယူဖို့အတွက်တော့ အရင်ဆုံး Razer ရဲ့ Razer Pay app ကိုဒေါင်းလုပ်ဆွဲ Register လုပ်လိုက်တာနဲ့ QR ထွက်လာမှာဖြစ်ပြီး QR ကုဒ်ကို အလိုအလျောက်စက်မှာ scan ဖတ်လိုက်တာနဲ့ Mask တစ်ခုရမှာပါ။ QR ကုဒ်ကတော့သုံးလသက်တမ်းခံပါတယ်။ Razer pay ကတော့ razer ရဲ့ ထုတ်ကုန်တွေ ဂိမ်းတွေကို cashless QR code scan ဖတ်ပြီးပေးချေနိုင်မှာဖြစ်ပါတယ်။
Author : Hein Htet
Ref : Vulcan.com