Snapdragon 865 အပြင် အားရဖို့ကောင်းတဲ့ Specs တွေကိုဒေါ်လာ ၄၉၉ နဲ့ဝယ်ယူနိုင်မဲ့ POCO F2 Pro

ဒီနှစ်ရဲ့ဒေါ်လာ 500 တန် 5G ဖုန်းကတော့ POCO ရဲ့ f2 pro ဖြစ်သွားပါပြီ။ 5G အပြင်ကိုဒီစျေးမှာ connectivity အတွက် WIFI 6 ပါ support လုပ်ပေးထားပါသေးတယ်။တရားဝင်ကြေငြာထားတဲ့ specs တွေကတော့အားလုံးထင်ထားသလို Snapdragon 865Soc အပြင် UFS 3.1 နည်းပညာကိုပါ 8GB version အတွက်ထည့်ပေးလိုက်ပါတယ်။ GPU ပိုင်းမှာတော့ Adreno 650 နဲ့ဂိမ်းမင်းပိုင်းအတွက် liquid cooling နည်းပညာပါပါဝင်ပါတယ်။ဂိမ်းဆော့ဖို့အတွက်touch sensing ပိုင်းကို 180 Hz အထိထည့်သွင်းပေးထားပြီးဘက်ထရီကိုလဲ 4700 mAh battery ကိုသုံး‌ပေးထားပါတယ်။ charging ပိုင်းမှာ 30W fast charging ပဲထည့်ပေးထားပါတယ်။ display ပိုင်းကတော့ 6.67 inches ရှိပြီး Notch မပါပဲ Popup selfie ကင်မရာနဲ့ဖြစ်ပါတယ်။ဒါ့အပြင်အနောက်ဘက်ကောအရှေ့ဘက်‌ကော gorilla glass ကိုသုံးပေးထားပါတယ်။

ဒီဖုန်းဟာ OnePlus 8 pro နဲ့ S20 တို့အတွက် Flagship killer ဖုန်းဖြစ်လာမှာပါ။ ကြေငြာထားတဲ့ထဲမှာ 3.5 mm headphone jack လဲပါဝင်ပြီး video recording ကို 8K video recording ကို 24 fps မှာရိုက်ကူးနိုင်တဲအပြင် 4k ကို 60 fps မှာရိုက်ကူးနိုင်ပါတယ်။ကင်မရာ lens ကို Sony ရဲ့ IMX 686 lens ကိုအသုံးပြုပေးထားပြီး 64 Megapixel wide 5MP telephoto 13 MP ultrawide နဲ့ Portrait အတွက် 2MP depth sensor တို့ပါဝင်ပါတယ်။ တစ်ကယ် nice ပါ။ Refresh rate ကိုတော့တရားဝင်ကြေငြာသွားတာမရှိတဲ့အတွက် ရိုးရိုး 60 Hz refresh rate နဲ့ပဲရနိုင်မှာပါ။စျေးနှုန်းကတော့ Ram 6GB ကို US ဒေါ်လာ ၄၉၉ နဲ့ဖြစ်ပြီး 8GB version ကတော့ US ဒေါ်လာ ၅၉၉ ကျသင့်မှာပဲဖြစ်ပါတယ်။အရောင်တွေကတော့ Neon Blue, Phantom White, Electric Purple, Cyber Gray တို့လေးရောင်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Author : Hein Htet

Ref : GSMarena

Previous
Previous

Razer Pay app ကို‌‌ဒေါင်းလုပ်ဆွဲ Register လုပ်ပြီး Mask အခမဲ့ထုတ်ယူနိုင်မဲ့အစီအစဉ်ကို Singapore မှာအကောင်အထည်ဖော်

Next
Next

Twitter ကတော့ဝန်ထမ်းတွေကိုတစ်သက်လုံးအိမ်ကနေအလုပ်လုပ်ဖို့ခွင့်ပြုလိုက်ပါပြီ။