MatePad T 8 ကိုမေလ ၁၀ရက်နေ့မှစ၍ကြိုတင်မှာယူနိုင်ပါပြီ
စွမ်းဆောင်ရည်အပြည့်နဲ့လုပ်ငန်းတာဝန်တွေကိုပေါ့ပါးသွက်လက်စွာဆောင်ရွက်နိုင်မည့် Huawei ရဲ့တက်ဘလက်အသစ် MatePad T 8 ကိုဈေးနှုန်း ၁၉၉,၀၀၀ (တစ်သိန်းကိုးသောင်းကိုးထောင်) ကျပ်ဖြင့် မေလ ၁၀ရက်နေ့မှ ၃၁ရက်နေ့အတွင်းကြိုတင်မှာယူနိုင်ပြီဖြစ်ပါသည်။
သယ်ဆောင်ရလွယ်ကူပြီး အကြမ်းခံသော သတ္တုကိုယ်ထည်ကို အနောက်ဘက်တွင်တပ်ဆင်ထား သဖြင့် ခန့်ညားရိုးရှင်းသောဒီဇိုင်းကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါသည်။ ထို့အပြင်ထောင့်လေးဘက်စလုံးကို ဟန်ချက်ညီလုံးဝန်းအောင်ချောထားသဖြင့် ကိုင်ဆောင်ရာတွင်လွယ်ကူပြီး သက်တောင့်သက်သာ ရှိစေပါသည်။ ကြည်လင်ပြတ်သားသော ၈လက်မအကျယ် မျက်နှာပြင်၊ 1280*800 resolution၊ ၄.၉မီလီမီတာသာရှိတဲ့အလွန်ပါးလွှာသောbezelများဖြင့်ပေါင်းစပ်ထားသောမျက်နှာပြင်အကျယ်ကြောင့် မျက်နှာပြင်နှင့်ကိုယ်ထည် အချိုး ၈၀% ရှိသဖြင့် ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုနိုင်ပြီး ရုပ်ရှင်နှင့်ဗီဒီယိုများ ကြည့်ရှုရာတွင် များစွာအထောက်အကူပြုမှာဖြစ်ပါသည်။ RAM 2GB, ROM 32GB ပါရှိပြီး micro SD card ကို 512GB အထိထည့်သွင်းအသုံးပြုနိုင်ပါသည်။ ကင်မရာပိုင်းတွင် အရှေ့ကင်မရာ 2MP နှင့်အနောက်ကင်မရာ 5MP ပါရှိပါသည်။

ထို့အပြင်ကျစ်လစ်သိပ်သည်းသောကိုယ်ထည်ကြောင့် ၃၁၀ ဂရမ်သာလေးသဖြင့် သာမန်အအေးပုလင်းတစ်လုံးထက်ပိုပေါ့ပါးပါသည်။ စွမ်းအားမြင့် Octa-core chipsetကိုတပ်ဆင်ထားသောကြောင့် ချော့မွေ့မြန်ဆန်သောအတွေ့ကြုံကိုပေးစွမ်းမှာဖြစ်ပါသည်။ ဘက်ထရီပိုင်းတွင်လည်း 5100mAh ဘက်ထရီပါရှိသောကြောင့်စာလုပ်ခြင်းဖြစ်စေ၊ ရုပ်ရှင်ကြည့်ခြင်းဖြစ်စေ စိတ်ပူစရာမလိုပဲစိတ်ချလက်ချတစ်နေကုန်အသုံးပြုနိုင်မှာဖြစ်ပါသည်။ ပုံမှန်အနေအထားတွင်မျက်နှာပြင်ပိတ်ထားပါကနာရီ၆၀၀ထိ၊ရုပ်ရှင်ကြည့်ခြင်းနှင့် အင်တာနက်အသုံးပြုပါက ၁၂နာရီ ထိကြာရှည်ခံပါသည်။ EMUI 10 ကိုထည့်သွင်းထားသဖြင့် အက်ပလီကေးရှင်းတစ်ခုနှင့်တစ်ခုအကြားမြန်ဆန်စွာပြောင်းနိုင်ပါသည်။ Dark mode ပါရှိသောကြောင့် စာဖတ်ရာတွင်အရင်ကထက် ပိုမိုအဆင်ပြေစေမှာဖြစ်ပါသည်။ ထို့အပြင် face unlock စနစ်က သင့်၏တက်ဘလက်ကိုချက်ချင်းဖွင့်နိုင်ကာ လုပ်ငန်းဆောင်တာများကို လွယ်ကူမြန်ဆန်စွာလုပ်ဆောင်နိုင်စေရန်အထောက်ကူပြုမှာဖြစ်ပါသည်။
နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ကလေးများအတွက်အထူးသီးသန့်ထုတ်လုပ်ထားသည့် Kids Corner ဖြစ်ပါသည်။ Kids Corner တွင်အဓိကပါဝင်သောအက်ပလီကေးရှင်း၄ခုဖြစ်သည့် recorder, camera, multimedia, kids painting စသည်တို့က ကလေးများကိုစိတ်ပျော်ရွှင်စေရန်၊တစ်ခုခုကိုလေ့လာသင်ယူရန်နှင့်သူတို့၏တီထွင်ဖန်တီးမှုကိုကူညီလှုံ့ဆော်ပေးပါသည်။ ကလေး များကိုအချိန်အတိုင်းအတာတစ်ခုအထိပဲအသုံးပြုစေခြင်း အစရှိသည့်သတ်မှတ်ချက်များကို မိဘ များအနေဖြင်အလွယ်တကူထည့်သွင်းသတ်မှတ်ထားရှိနိုင်ပါသည်။ Eye comfort mode က မျက်လုံးထိခိုက်စေနိုင်သော blue light ကို ၅၀%ထိလျှော့ချပေးသောကြောင့်သင်နှင့်သင်၏ ကလေးအတွက်ပါစိတ်ချလုံခြုံစွာအသုံးပြုနိုင်မှာဖြစ်ပါသည်။ ယခုဖော်ပြခဲ့သော MatePad T 8 ကို မေလ၁၀ရက်နေ့မှ ၃၁ရက်နေ့အထိကြိုတင်မှာယူနိုင်ပြီး လက်ဆောင်အနေဖြင့် Band 3e နှင့် Flip Cover တို့ကိုတစ်ပါတည်းရရှိနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။