Twitter ကတော့ဝန်ထမ်းတွေကိုတစ်သက်လုံးအိမ်ကနေအလုပ်လုပ်ဖို့ခွင့်ပြုလိုက်ပါပြီ။

Twitter ရဲ့ executive Christie ကတော့ဝန်ထမ်းတွေအိမ်ကနေအလုပ်လုပ်ချင်ရင်တစ်သက်လုံးလုပ်နိုင်ကြောင်းခွင့်ပေးလိုက်ပါတယ်။

Christie က Social‌ media ကုမဏီတွေနဲ့ tech ကုမဏီတွေကတော့ဒီနှစ်စက်တင်ဘာလအထိဖွင့်ဖို့မရှိပါဘူးလို့ပြောလိုက်ပါတယ်။ CEO jack Dorsey ကတော့ COVID-19 pandemic ပြီးသွားရင်ကုမဏီမှာရှိတဲ့ Server နဲ့ hardwareတွေကိုထိန်းသိမ်းဖို့လိုတဲ့ဝန်ထမ်းတွေကတော့လာဖို့လိုတယ်လို့ Buzz feed သတင်းအရသိရပါတယ်။ Twitter က‌တော့အိမ်ကနေအလုပ်လုပ်ဖို့ကိုMarch လအစထဲကအားပေးခဲ့တာဖြစ်ပြီး US မှာရှိတဲ့တခြား Tech companies တွေဖြစ်တဲ့ Microsoft Google နဲ့ Amazon တို့လဲအပါအဝင်ဖြစ်ပါတယ်။ Twitter ရဲ့ HR Head က‌တော့ကုမဏီရဲ့အလုပ်လုပ်ပုံက အရင်ကနဲ့ဘယ်တော့မှတူတော့မှာမဟုတ်ပါဘူးလို့ပြောခဲ့ပြီး ဝန်ထမ်းတွေအနေနဲ့ remotely နဲ့အလုပ်အောင်မြင်အောင်လုပ်နိုင်တဲ့နည်းလမ်းကိုရှာဖွေနိုင်လိမ့်မယ်လို့ Buzz feed သတင်းကိုပြောကြားခဲ့ပါတယ်။

မန်နေဂျာတွေအနေနဲ့ Remotely စီမံခန့်ခွဲလို့မရတဲ့အတွက်သူတို့အတွက်တော့တခြားအမြင်တစ်မျိုးမျိုးရှိပါလိမ့်မယ်။အဓီကကတော့ Twitter အနေနဲ့အခုလိုလုပ်လိုက်ရခြင်းဟာမိမိကိုယ်ကိုယ်ကာကွယ်ခြင်းအားဖြင့် COVID-19 ကိုတိုက်ပွဲဝင်နေတဲ့ဆေးဝန်ထမ်းတွေအတွက်တစ်ဖက်တစ်လမ်းကနေကူညီပေးဖို့ဖြစ်တယ်လို့လဲသူတို့ရဲ့ Blog မှာဖော်ပြထားပါတယ်။ကုမဏီကတော့ထုံးစံအတိုင်းဒီနှစ်ထဲမှာလုပ်ဖို့ရှိတဲ့ပွဲတွေအကုန်ဖြတ်သိမ်းလိုက်ပြီး 2021 အတွက် အစီအစဉ်တွေကိုလဲပြန်လည်သုံးသပ်လိုက်ပါတယ်။ဒါပေမဲ့ Twitter ကတော့ အိမ်ကနေအလုပ်လုပ်နေရတဲ့အတွက်ဝန်ထမ်းတစ်ဦးချင်းခံစားခွင့်ကိုဒေါ်လာတစ်ထောင်အထိတိုးမြင့်ပေးလိုက်ပါတယ်။

Author : Hein Htet

Ref : Buzzfeed  

Previous
Previous

Snapdragon 865 အပြင် အားရဖို့ကောင်းတဲ့ Specs တွေကိုဒေါ်လာ ၄၉၉ နဲ့ဝယ်ယူနိုင်မဲ့ POCO F2 Pro

Next
Next

MatePad T 8 ကိုမေလ ၁၀ရက်နေ့မှစ၍ကြိုတင်မှာယူနိုင်ပါပြီ