Huawei MatePad Pro နှင့် Mate Xs ကို ဧပြီ၂၀ရက်နေ့မှစတင်မှာယူနိုင်ပါပြီ
စွမ်းဆောင်ရည်မြင့် Huawei MatePad Pro၊ Huawei M-Pencil၊ Smart Magnetic Keyboard နှင့်အပြည့်ခေါက်လို့ရသည့် Huawei Mate Xs အား ကျပ် ၉၉,၀၀၀ (ကိုးသိန်းကိုးသောင်းကိုးထောင်)နှင့် ၃,၉၉၉,၀၀၀ (သုံးဆယ့်ကိုးသိန်းကိုးသောင်းကိုးထောင်) ကျပ်ဖြင့် အသီးသီး ကြိုတင်မှာယူနိုင်တော့မှာပါ။Flagship Tablet တစ်ခုအဖြစ် MatePad Pro ကို ဧပြီလ၂၀ရက်နေ့တွင် စတင်မှာယူနိုင်မှာဖြစ်ပြီး Smart Magnetic Keyboard နှင့် M-pencil များကိုပါတစ်ပါတည်းရရှိမှာဖြစ်ပါသည်။ အလွန်ပါးလွှာသော bezel များဖြင့်ပေါင်းစပ် ထားသည့်မျက်နှာပြင်ကျယ်ကြောင့် screen-to-body ratio 90% ဖြင့် အမြင့်ဆုံး အမျိုးအစားဖြစ်သည်။
ချော့မွေကျစ်လစ်သောကိုယ်ထည်ကြောင့် အလေးချိန်ကလည်း 460 g သာရှိပါသည့်အတွက် သယ်ဆောင်ရ အလွန်လွယ်ကူပြီး မျက်နှာပြင်အကျယ် ၇.၂ မီလီမီတာသာရှိသဖြင့် ကိုင်တွက်ရလွယ်ကူပြီး ကျစ်လစ်ပေါ့ပါးသည်။
MatePad Pro တွင့်ပါရှိသည့် M-pencil သည် မှတ်စုတိုများမှတ်ရာတွင် သဘာဝအတိုင်းရေးသ ည့်အတွေ့အကြုံ များကိုပေးစွမ်းနိုင်မည်ဖြစ်သည်။ M-pencil ကို Tablet ထိပ်တွင်ကပ်ထားလိုက်ရုံဖြင့်bluetooth ဖြင့် အလိုအလျောက်ချိတ်ပြီး Magnetic charging ကိုလည်းအလိုအလျောက်စတင်လုပ်ဆောင်မှာဖြစ်ပါသည်။ ထို့အပြင် Smart Magnetic Keyboard နှင့်တွဲဖက်သုံးကာ Desktop mode ကိုအသုံးပြုနိုင်မှာဖြစ်ပါသည်။
ရှေ့ကင်မရာ 8MP နှင့် နောက်ကင်မရာ 13MP ပါရှိသောကြောင့်ဓာတ်ပုံရိုက်ရင်ဖြစ်စေ၊ ဗီဒီယိုခေါ်ဆိုရင်ဖြစ်စေ အကောင်းဆုံးအရည်သွေးကိုပေးစွမ်းပါသည်။ နောက်ဆုံးပေါ် Kirin 990 flagship chipset ကိုထည့်သွင်းထားသောကြောင့်စွမ်းဆောင်ရန်ပိုင်းမှာအထူးပြောစရာမလိုပေ။ အရွယ်စားကြီးမားတဲ့7250mAh ဘက်ထရီကြောင့်မည်သည့်အခြေအနေတွင်မဆို သင့်၏အသုံးပြုမှုအတွက် ဘက်ထရီသက်တမ်းကိုစိတ်ချယုံကြည်နိုင်ပါသည်။ အမြန်အားသွင်းရန် 20W power adapter ပါရှိပြီး သုံးစွဲသူများ Tablet ကိုလျင်မြန်စွာအားသွင်းနိုင်စေရန်အတွက် 40W Huawei Super Charge ကိုလည်းထောက်ပံ့ပါသည်။ Huawei MatePad Pro သည်ကမ္ဘာ့ပထမဆုံး wireless charging နှင့် reverse wireless charging သွင်းနိုင်သော Tablet အမျိုးအစားဖြစ်ပါသည်။ ယခုဖော်ပြခဲ့သောအချက်အလက်များပါဝင် သည့် Huawei MatePad Pro ကို ၉၉၉,၀၀၀ ကျပ်ဖြင့် Keyboard ရော M-pencil ကိုပါတစ်ခါတည်းမှာယူရရှိနိုင် မှာဖြစ်ပါသည်။

နောက်တစ်ခုမိတ်ဆက်ပေးချင်တဲ့အမျိုးအစားကတော့ ဆန်းသစ်တီထွင်မှုဒီဇိုင်းအသစ်နဲ့မျက်နှာပြင်ခေါက်နိုင် သော Mate Xs ဖုန်းအမျိုးအစားဖြစ်ပါသည်။ Kirin 990 chipset အမျိုးအစားကိုအသုံးပြုကာ 5G network ကိုလည်း ထောက်ပံ့ပြီး simcard ၂ခုထည့်သွင်းအသုံးပြုနိုင်ပါသည်။ မူလမျက်နှာပြင်အရွယ်အစားသည် ၆.၆ လက်မအရွယ်အစားဖြစ်ပြီး ဖြန့်နိုင်သောမျက်နှာပြင်ကြောင့် ၈လက်မအထိချဲ့ထွင်အသုံးပြုနိုင်ပါသည်။ Huawei အနေနဲ့နည်းပညာအသစ်တွေကိုအမြဲယူဆောင်ပေးနေသလို Huawei Mate Series တွေဟာဆိုရင် ကင်မရာ ပိုင်းမှာ အရည်အသွေးကောင်းတယ်ဆိုတဲ့သုံးစွဲသူများရဲ့feedback များကြောင့် ယခု Mate Xs တွင်လည်း ကင်မရာအရည်အသွေးကိုအကောင်းဆုံးမြှင့်တင်ထားပါသည်။ Mate Xs တွင်ကင်မရာလေးလုံးပါဝင်သော Leica Quad Camera အသုံးပြုထားပါသည်။ Mirror shooting mode ပါဝင်သောကြောင့် ဓာတ်ပုံရိုက်ပေးသူတင်မက ပဲ မိမိကိုယ့်ကိုကိုယ်ပါ screen ပေါ်တွင်မြင်နိုင်မှာဖြစ်ပါသည်။ 4500 mAh battery အမျိုးအစားကိုအသုံးပြုထားသောကြောင့် ကြာရှည်ခံမှုအပိုင်းကိုတော့အထူးပြောစရာမလိုသဖြင့် တစ်နေကုန်စိတ်ကြိုက်အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ အားသွင်းမှုအပိုင်းတွင်လည်း 55W supercharge ကိုအသုံးပြုထားသောကြောင့် 0% မှ 85% အထိကို မိနစ်၃၀အားသွင်းလိုက်ရုံနဲ့ရောက်ရှိမှာဖြစ်ပါသည်။ ယခုဖော်ပြခဲ့သော MateXs ကို ကျပ်ငွေ ၃၉၉၉၀၀၀ ဖြင့် ဧပြီ ၂၀ ရက်နေ့မှစတင်၍ မှာယူရရှိနိုင်ပါကြောင်းအသိပေးလိုက်ပါသည်။