Window 10 မှာ Spot light search ကို Run Box (Window+R) key နဲ့အစားထိုးဖို့ကြိုးစားနေတဲ့ Microsoft

Window 10 မှာ Spot light search ကို Window launcher app တစ်ခုအနေနဲ့ဖန်တီးပြီးယခုလက်ရှိ Run Box ကိုအစားထိုးဖို့ကြိုးစားနေပါတယ်။ယခု launcher အသစ်မှာဖိုင်နဲ့application တွေကိုလျှင်လျှင်မြန်မြန်နဲ့ရှာနိုင်ဖို့အပြင် search engine တွေနဲ့ပါချိတ်ဆက်ထားမှာပါ။May လလောက်မှာအစောပိုင်းထွက်ရှိဖို့ပြင်ဆင်နေတယ်လို့လဲသိရပါတယ်။အစောပိုင်းမှာတော့ window start menu လိုပဲလုပ်ဆောင်နိုင်ဦးမှာဖြစ်ပြီးနောက်ပိုင်းမှာတော့Mac OS က Apple spot light search လိုမျိုးပိုပြီးစုံလွင်စွာရှာနိုင်မဲ့အထိတိုးတက်လာမှာပါ။

သာမန် window user တွေတော်တော်များများက‌တော့ယခု start menu search နဲ့တင်လုံလောက်နေပြီဖြစ်ပေမဲ့ power user တွေတော်တော်များကတော့ Plugin တွေအပြင်မြန်မြန်ဆန်နဲ့ထိထိ‌ရောက်ရောက်ရှာလိုကြပါတယ်။ အခုလက်ရှိ window ရဲ့ start menu search  ကလဲ bing search နဲ့ Microsoft edge ကိုသွားသွားဖွင့်နေတာဖြစ်ပါတယ်။ဒါဟာ Microsoft ကသူ့ရဲ့ edge browser ကို chrome ထက်ပိုသုံးစေချင်နေတာလဲဖြစ်ပါတယ်။ ဒါပေမဲ့ တော်တော်များများက chrome သုံးရတာပိုသဘောကျပါတယ်။ဒါဟာ Microsoft အနေနဲ့ user experience ပိုင်းကိုလွယ်ကူရိုးရှင်းစွာနဲ့သုံးနိုင်ဖို့အတွက်လုပ်တာလဲဖြစ်သလို ပြိုင်ဘက် Mac OS နဲ့ Open source free license OS တွေကြားမှာ Window ကိုလူအသုံးများလာအောင်ပြန်လုပ်တာလဲဖြစ်နိုင်ပါတယ်။ဒီ launcher အသစ်ဟာ Microsoft develop လုပ်နေတဲ့ Power Toy တွေအများကြီးထဲကတစ်ခုဖြစ်ပြီးနာမည်ပေးဖို့တောင်စီစဉ်နေပါပြီ။

W + R functionality ကခေတ်အဆက်ဆက် window version တိုင်းမှာ ခေတ်နောက်ကျနေပြီဆိုပေမဲ့ command prompt ခေါ်တာတွေ, powrshell ‌ခေါ်တာတွေနဲ့ control panel က function တစ်ခုချင်းဆီကို အမြန်သွားတာတွေစတဲ့နေရာတွေမှာတော့အသုံးဝင်ပါသေးတယ်။ ဒါပေမဲ့ အခုအသစ်ထွက်လာမဲ့ launcher အသစ်က Run Box မှာအသုံးပြုနိုင်မဲ့ Commend တွေနဲ့ short cut တွေကိုတစ်ဖန်ပြန်သုံးနိုင်မယ်လို့ဆိုပါတယ်။ဘာပဲဖြစ်ဖြစ် ယခု launcher အသစ်ကနောက်ထပ် window update တွေနဲ့အတူ မကြာခင်မှာ‌ရောက်ရှိလာတော့မှာဆိုတော့ Run box အစား Power user တွေအားကိုးနိုင်တဲ့ app တစ်ခုဖြစ်လာဖို့တော့မျှော်လင့်ပါတယ်။

Author : Hein Htet ( Phase II )

Ref : the verge, Softpedianews

Previous
Previous

Huawei MatePad Pro နှင့် Mate Xs ကို ဧပြီ၂၀ရက်နေ့မှစတင်မှာယူနိုင်ပါပြီ

Next
Next

Apple store ကိုမြန်မာနိုင်ငံအပါအဝင်နောက်ထပ်နိုင်ငံ၂၀မှာတရားဝင်သုံးနိုင်ပြီ။