Apple store ကိုမြန်မာနိုင်ငံအပါအဝင်နောက်ထပ်နိုင်ငံ၂၀မှာတရားဝင်သုံးနိုင်ပြီ။

ဒီနေ့မှာတော့ Appleက မြန်မာနိုင်ငံမှာသူတို့ရဲ့ service တွေ ကိုတရားဝင်သုံးလို့ရပြီဖြစ်တဲ့အကြောင်းကြေငြာခဲ့ပါတယ်။ အဲ့တာကြောင့် Apple store, Apple arcade,Apple Music,iCloud နဲ့ Apple Podcasts စတဲ့ services တွေကိုအရင်လို Singapore,US နိုင်ငံတွေအနေနဲ့သုံးစရာမလို‌တော့ပဲမြန်မာနိုင်ငံအနေနဲ့သုံးလို့ရသွားပါပြီ။တိုးချဲ့ခဲ့တဲ့နေရာတွေမှာ အာဖရိက,ဥရောပ,အာရှပစိဖိတ်,အရှေ့အလယ်ပိုင်းဒေသတွေနဲ့လက်တင်အမေရိကကနိုင်ငံတွေအထိပါဝင်ခဲ့ပါတယ်။

အဲ့တော့ Apple store မှာတစ်ခုခုဝယ်ချင်တယ်ဆိုရင်ကျွန်တော်တို့ Local visa card တွေနဲ့အလွယ်တကူဝယ်ယူနိုင်မှာဖြစ်ပြီး apple arcade လဲအတူတူပါပဲ။ ဒ့ါအပြင် တစ်လကို 2.99 ဒေါ်လာပဲကျသင့်မဲ့ Apple Music ကတော့အရင်ဆုံးခြောက်လအလကားသုံးနိုင်မှာဆိုတော့တခြား Music streaming service တွေနဲ့ယှဉ်ရင်တော်တော်ကိုတန်တဲ့ service လို့ပြောလို့ရပါတယ်။ တစ်လကို 5 ဒေါ်လာကျသင့်မဲ့ Apple arcade ကလဲတစ်လ Free ရမှာဖြစ်ပါတယ်။ယခုလို quarantine ကာလမှာ Visa card ရှိတာနဲ့တစ်လ Free ကစားရမှာပါ။ Spotify ကို VPN ကျော်သုံးနေရတဲ့လူတွေအတွက် Apple Music ဟာရွေးချယ်စရာတစ်ခုဖြစ်လာပါပြီ။ Apple Music ကတော့ကျွန်တော်တို့နိုင်ငံမှာတစ်ပန်းသာသွားပါပြီ။apple ID ကိုအရင်တုန်းက တခြားနိုင်ငံနဲ့ဖွင့်ခဲ့တယ်ဆိုရင် Setting ထဲမှာသွားပြောင်းလို့ရပါပြီ။အခု Apple က တန်ဖိုးသင့် iPhone SE ကြေငြာအပြီးဒီလိုလုပ်ပေးလိုက်တယ်ဆိုတာသူတို့ရဲ့ Products နဲ့ services တွေကိုလူတော်တော်များများအတွက်ပစ်မှတ်ထားနေပြီလို့ပြောလို့ရပါတယ်။

Author : Hein Htet ( Phase II )

Ref : Apple.com

Previous
Previous

Window 10 မှာ Spot light search ကို Run Box (Window+R) key နဲ့အစားထိုးဖို့ကြိုးစားနေတဲ့ Microsoft

Next
Next

HUAWEI P40 Pro ကို ဧပြီလ ၂၀ ရက်နေ့မှ စတင်မှာယူနိုင်ပြီ