ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲ ကုန်ကျစရိတ်များကို Mask အခု ၆၀,၀၀၀ကျော် အဖြစ် ပြောင်းလဲ လှူဒါန်းလိုက်သည့် TECNO Mobile
လေးစားချစ်ခင်ရပါသော လူကြီးမင်းများ
ယခင်အစီအစဉ်အရ ဧပြီလအကုန်တွင် ကျွန်တော်တို့ ကုန်ပစ္စည်းအသစ် မိတ်ဆက်ရန်ရှိပါသည်။ ထို Super Big Battery အသုံးပြုထားသော ကုန်ပစ္စည်းသစ်သည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည်သာ ပထမဉီးဆုံး စတင် ဖြန့်ဖြူးပေးမည့် နိုင်ငံ ဖြစ်ပါသည်။
လွန်ခဲ့သော လအနည်းငယ်ခန့်တွင် ကျွန်တော်တို့ TECNO ဝန်ထမ်းများသည် ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲအတွက် နေ့မအားညမနား ကြိုးပမ်းနေခဲ့ကြပါသည်။ ကျွန်တော်တို့သည် အသစ်ယူဆောင်လာမည့် ကုန်ပစ္စည်းအတွက် များစွာ ယုံကြည်မှုရှိပြီး ဈေးကွက်အတွင်းတွင် အောင်မြင်မည့် ကုန်ပစ္စည်းဟု သတ်မှတ်ထားပါသည်။

COVID-19 ကူးစက်ပြန့်ပွားမှုသည် မြန်မာနိုင်ငံသားတိုင်း အတွက် အခုအချိန်အခါတွင် စိုးရိမ်ထိတ်လန့်ဖွယ် ကိစ္စရပ်တစ်ခု ဖြစ်နေပါသည်။ လျင်မြန်စွာ ပြန့်ပွားလာသော COVID-19သည် ကမ္ဘာပေါ်ရှိ ကျန်းမာရေး၊ စီးပွားရေးအပြင် အခြားသာ ကဏ္ဍများအတွက်ပါ ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး စုစည်းညီညွတ်စွာ ထို ကပ်ရောဂါဆိုးကို တိုက်ထုတ်မှရပါမည်။ ကျွန်တော်တို့၏ တစ်တပ်တစ်အားသည် အခုအချိန်တွင် အရေးပါသောကြောင့် TECNO သည် ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲ အခမ်းအနားကို ပိတ်သိမ်းပြီး ထိုအခမ်းအနားအတွက် ကုန်ကျစရိတ်များကို အလှူငွေအဖြစ် ပြောင်းလဲလိုက်ပါသည်။ အလှူငွေဖြင့် Mask ပေါင်း ၆၀၀၀၀ ကျော် ကို ဝေဘာဂီ ဆေးရုံ၊ ရန်ကုန်ဆေးရုံ၊ ဒေါ်ခင်ကြည်ဆေးရုံ၊ We Love Yangon အဖွဲ့၊ Clean Yangon အဖွဲ့အပြင် အိမ်ထောင်စုပေါင်း ၁၀၀၀ကျော်ကိုလည်း ဝေမျှလှူဒါန်းခဲ့ပါသည်။

လှူဒါန်းမှုအတွက် ပါဝင်ကူညီခဲ့သူအားလုံးကို TECNO မှလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။ မြန်မာနိုင်ငံအတွက် တစ်တပ်တစ်အား ကူညီခွင့်ရသည်ကိုလည်း ဝမ်းမြောက်ဂုဏ်ယူပါသည်
ပိုမိုကောင်းမွန်သော အနာဂတ်အတွက် လက်တွဲလျှောက်လှမ်းကြရအောင်ပါ။ အတူတကွ စည်လုံးမည်ဆိုလျှင် ကျွန်တော်တို့ အောင်နိုင်မှာပါ