OPPO မှ COVID-19 ရောဂါ ကာကွယ်‌ရေးနှင့် ကုသရေး လုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကျပ်သိန်း ၂၀၀ လှူဒါန်း

စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော  OPPO မှ ယခုလက်ရှိ ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်ကုသရေးအတွက် သက်ဆိုင်ရာ ဆေးရုံများ၊ ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သော ဆေးဝါးနှင့် အထောက်အကူပစ္စည်းများ ပြင်ဆင်ထားရှိနိုင်ရန်နှင့်   အခြား လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန် ကျပ်သိန်း ၂၀၀ ကို  ၉ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ သွားရောက်လှူဒါန်းခဲ့သည်။

OPPO မှ အစဥ်တစိုက် အားပေးလာသော မြန်မာပြည်သူများနှင့် OPPO Myanmar AED ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုတို့ကို ဦးစားပေး အလေးထား ဆောင်ရွက်လျက်ရှိရာ OPPO မိသားစုဝင် ဝန်ထမ်းတိုင်းအတွက် Mask များ၊ Hand Sanitizer များ လုံလောက်စွာ ပေးအပ်ခဲ့ပြီး ဝန်ထမ်းများကို မတ်လလယ် မှ စကာ တတ်နိုင်သမျှ မိမိတို့ နေအိမ်၌သာ နေ၍  အလုပ်လုပ်ကိုင်နိုင်စေရန် စီစဥ်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် OPPO အရောင်း Centre များနှင့် Customer Service Centre များတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များနှင့်အညီ သန့်ရှင်းရေးနှင့် ကာကွယ်ရေး နည်းလမ်းများကို အထူး ဂရုပြုဆောင်ရွက်လျက် ရှိပြီး  မြန်မာနိုင်ငံရှိ  Smartphone သုံးစွဲသူများ၏ ကျန်းမာရေးကို အလေးထားသောအားဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ OPPO Customer Service Centre တိုင်းတွင် ဖုန်းကို  ပိုးသတ်သန့်ရှင်းပေးသော Phone Santizing Machine များကိုလည်း  OPPO တံဆိပ် ဖုန်းများသာမက မည်သည့်တံဆိပ် ဖုန်း ကိုင်ဆောင်သူမဆို အခမဲ့ လာရောက် အသုံးပြု နိုင်အောင်  စီစဉ်ပေးထားသည်။ OPPO စမတ်ဖုန်းများကို အရောင်းဆိုင်သို့ ကိုယ်တိုင် လာရောက်စရာမလိုဘဲ အိမ်တိုင် ရာရောက် ဝယ်ယူနိုင်ကြစေရန် ပို့ဆောင်ခ ပေးရန်မလိုဘဲ shop.com.mm (https://www.shop.com.mm/shop/oppo) မှ တစ်ဆင့်  အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် စီစဉ်ထားသည်။

ကမ္ဘာတဝန်းတွင်  COVID-19 ရောဂါ လျှင်မြန်စွာ ကူးစက်ဖြစ်ပွားနေသည်နှင့်အမျှ အားလုံး တက်ညီလက်ညီ ကြိုးစား ကာကွယ်လျက်ရှိရာ  OPPO ကလည်း   မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုတို့ကို အလေးထားသော အားဖြင့် ရောဂါကာကွယ်ရေးအတွက် လိုအပ်သော နေရာများသို့ လှူဒါန်းခြင်း၊ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခြင်းတို့အပြင် မိဘပြည်သူများအတွက် ကျန်းမာရေး အသိပညာများနှင့် COVID-19 ကာကွယ်ရန် နည်းလမ်းများကိုလည်း အွန်လိုင်းမှ တစ်ဆင့် ဝေမျှပေးခြင်း စသည့် နည်းလမ်းများဖြင့် မြန်မာနိုင်ငံကြီး ပြန်လည်ကျန်းမာရေး ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား ပါဝင်လျက်ရှိသည်။

Previous
Previous

လုံခြုံရေးမေးခွန်းထုတ်ခံနေရသော Zoom အကောင့်ငါးသိန်းကျော်အမှောင်လောကတွင်ရောင်းချခံနေရ

Next
Next

ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲ ကုန်ကျစရိတ်များကို Mask အခု ၆၀,၀၀၀ကျော် အဖြစ် ပြောင်းလဲ လှူဒါန်းလိုက်သည့် TECNO Mobile