Gaming laptop တွေဆီ 5.0 GHz clock speed နဲ့ရောက်ရှိလာတော့မဲ့ intel ရဲ့ 10th Gen CPU
Intel ကတော့နောက်ဆုံးအနေနဲ့သူတို့ရဲ့လက်နက်ကြီးဖြစ်တဲ့ 10thGen Processor တွေကို Laptop တွေအတွက်ကြေငြာလိုက်ပါပြီ။ Comet lake လို့နာမည်ပေးထားတဲ့ H series processor တွေဟာ စွမ်းအားအမြင့်ဆုံး,နည်းပညာအမြင့်ဆုံးနဲ့စျေးကွက်ထဲမှာအလိုအပ်ဆုံး chipset တွေဖြစ်ပြီး High end gaming laptop တွေအတွက်ဖြစ်ပါတယ်။ဒီကောင်တွေဟာ Power User တွေအတွက်တော့အံကိုက်ပါပဲ။ chipset တွေဟာ TDP (Thermal Design Power)45W နဲ့ clock speed 5.0 GHz အထိ Boost လုပ်နိုင်မဲ့ပထမဆုံး Intel processor တွေဖြစ်လာမှာပါ။I9-10980K model မှာ 8 cores, 16 threads နဲ့ base clock speed 2.3GHz ကနေ 5.0GHz အထိကို Boost လုပ်နိုင်မှာဖြစ်ပါတယ်။ဒါပေမယ့် 5.0 GHz အထိကို Boost လုပ်နိုင်မဲ့ Processor က i9 မော်ဒယ်တစ်ခုထဲတော့မဟုတ်ပါဘူး။ i9 နဲ့ i7 အပြင် i5 model တွေကတော့ 4.5GHz ကနေ 4.6 GHz အထိရရှိမှာဖြစ်ပါတယ်။ intel ကတော့လွန်ခဲ့တဲ့သုံးနှစ်လောက်က i7 8thgen နဲ့ထွက်ရှိထားတဲ့ Laptop တွေထက် overall performance မှာ 44 % လောက်သာနေမယ်လို့ကတိပေးထားပါတယ်။ i9 နဲ့ i7 chipset တွေမှာ Thermal Velocity Boost လို့ခေါ်တဲ့လုပ်ဆောင်ချက်အသစ်ပါဝင်လာမှာဖြစ်ပါတယ်။ဘယ်လိုမျိုးလဲဆိုတော့ အပူချိန် 65 degree Celsius အောက်မှာဆိုရင် chipset ရဲ့ clock frequency ကို 200MHz အထိ boost လုပ်ပေးပြီး အပေါ်မှာပြထားတဲ့အတိုင်း 5.0GHz speed ကိုရောက်စေတာပဲဖြစ်ပါတယ်။ (Power supply unit ကောင်းကောင်းသုံးထားရင်ပေါ့)

laptop 10thGen processor တွေအတွက် 14nm Comet lake processor နဲ့ 10nm Ice Lake chip တွေကို MacBook Air (Ultralight) အတွက် U series နဲ့ MacBook Pro တွေအတွက် H series ဆိုပြီးနှစ်မျိုးထုတ်ခဲ့ပါတယ်။ ဒီ စွမ်းအင်မြင့် chipset တွေဟာ ပြိုင်ဘက် AMD ရဲ့ထိပ်တန်း chipset တွေဖြစ်တဲ့ Ryzen 9 4900HS, Ryzen 7 4800H နဲ့ Ryzen 5 4600H တွေကိုဘယ်လိုယှဉ်ပြိုင်မလဲဆိုတဲ့ Intel ရဲ့အဖြေတွေပဲဖြစ်ပါတယ်။ AMD ရဲ့ Chipset အသစ်နဲ့ Laptop တွေကတော့စတင်ထွက်ရှိလာပြီးနာမည်ကောင်းတွေရရှိနေပါပြီ။ Intel ရဲ့ Chipset အသစ်နဲ့ Laptop တွေကတော့နောက်လာမဲ့သီတင်းပတ်တွေမှာစတင်ထွက်ရှိလာဖို့ရှိပါတယ်။
Author: Hein Htet ( Phase II )
Ref : theverge