ကမ္ဘာတစ်ဝန်းတွင် လက်ရှိဖြစ်ပေါ်နေသော COVID-19 ရောဂါ ကူးစပ်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်OPPO ၏ စီစဉ်ဆောင်ရွက်ထားရှိမှုများ

ကမ္ဘာတစ်ဝန်းတွင်COVID-19 ရောဂါ လျှင်မြန်စွာ ကူးစပ်ဖြစ်ပွားနေသည်နှင့်အမျှ အားလုံး စည်းလုံးညီညွတ်စွာဖြင့် လိုအပ်သော ထောင့်နေရာစုံမှ ပါဝင်ပြီး ကမ္ဘာကြီး ပြန်လည်ကျန်းမာလာစေရန် ကြိုးပမ်း ဆောင်ရွက်နေကြရာ OPPO ကလည်း အစဥ်တစိုက် အားပေးလာသော မြန်မာပြည်သူများနှင့် OPPO Myanmar AED ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုတို့ကို ဦးစားပေး အလေးထားကာ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက် နိုင်စေရန် လုပ်ဆောင်ပေးလျက် ရှိသည်။ OPPO သည် ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို ပင်မဦးတည်ချက်များအနက်မှတစ်ခုအဖြစ် အစဥ်အလေးထားဆောင်ရွက်ခဲ့ရာ ယခု COVID-19ရောဂါနှင့် တွေ့ကြုံနေရသောအခြေအနေတွင်လည်း ဝန်ထမ်းများနှင့် သုံးစွဲသူ Customer များ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အလေးထား၍ စီစဥ်ဆောင်ရွက်လျက်ရှိသည်။

OPPO မိသားစုဝင် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် ဝန်ထမ်းတိုင်းအတွက် Mask များ၊ Hand Sanitizer များ လုံလောက်စွာ ပေးအပ်ထားခြင်းအပြင် မြန်မာနိုင်ငံသို့ ရောဂါစတင်မကူးစက်စဥ်ကပင် တတ်နိုင်သမျှ အိမ်၌ နေ၍  အလုပ် လုပ်ကိုင်နိုင်စေရန် စီစဥ်ပေးထားပြီး အလုပ်ကိစ္စနှင့် အပြင်သွားခြင်းကိုလည်း တတ်နိုင်သမျှ လျှော့ချစေကာ အွန်လိုင်းမှ တစ်ဆင့် ဆက်သွယ်မှုကိုသာ အသုံးပြုကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ မဖြစ်မနေ အလုပ်ဆင်းရန် လိုအပ်သော အခြေအနေများတွင်လည်း အားလုံး လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်ရန် သတ်မှတ်ထားသော အကွာအဝေးမှ အလုပ် လုပ်ကိုင်စေခြင်း၊ သန့်ရှင်းရေးကို အထူး အလေးထား ဆောင်ရွက်ပေးခြင်း၊ Public Transportation ကို မသုံးစေဘဲ လိုအပ်သော Transportation အသုံးပြုခကို ထောက်ပံ့ခြင်း စသည့် ကာကွယ်မှုနည်းလမ်းများကို လုပ်ဆောင် ပေးသွားခြင်းဖြင့် ဝန်ထမ်းများ အဆင်ပြေပြေနှင့် ဘေးကင်းလုံခြုံစွာ အလုပ်လုပ်နိုင်ကြရန် ဆောင်ရွက်ထားသည်။ဝန်ထမ်းများနှင့်  OPPO ကို အစဥ်သဖြင့် ဝယ်ယူအားပေးကြသော Customer များ၏ ကျန်းမာရေးကို အဓိကထား စဥ်းစားကာ OPPO အရောင်း Centre များနှင့် Customer Service Centre များတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ အရောင်းဆိုင်များတွင် နေ့စဥ် ပိုးသတ်ခြင်း၊ လိုအပ်သော အကွာအဝေးမှ တစ်ဆင့် ရောင်းချကူညီပေးခြင်း၊ ကိုယ်ပူချိန် တိုင်းတာခြင်း၊ Hand Sanitizer များ လုံလောက်စွာ ထားရှိပေးထားခြင်း စသည့် သန့်ရှင်းရေးနှင့် ကာကွယ်ရေး နည်းလမ်းများကို အထူး ဂရုပြု ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ  Smartphone သုံးစွဲသူများ၏ ကျန်းမာရေးကို အလေးထားသောအားဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ OPPO Customer Service Centre တိုင်းတွင် ဖုန်းကို  ပိုးသတ်သန့်ရှင်းပေးသော Phone Santizing Machine များကိုလည်း  OPPO တံဆိပ် ဖုန်းများသာမက မည်သည့်တံဆိပ် ဖုန်း ကိုင်ဆောင်သူမဆို အခမဲ့ လာရောက် အသုံးပြုနိုင်အောင်  စီစဉ်ပေးထားသည်။ OPPO စမတ်ဖုန်းများကို အရောင်းဆိုင်သို့ ကိုယ်တိုင် မလာရောက်ဘဲ အိမ်တိုင်ရာရောက် ဝယ်ယူလိုသူများအတွက်လည်း shop.com.mm ၏ OPPO Myanmar Flagship Store  (https://www.shop.com.mm/shop/oppo/?spm=a2a0e.pdp.seller.1.607d423b3M3C5S&itemId=103702708&channelSource=pdp) တွင် အွန်လိုင်းမှ တစ်ဆင့် ပို့ဆောင်ခ ပေးရန်မလိုဘဲ  အဆင်ပြေချောမွေ့စွာ ဝယ်ယူ နိုင်မည် ဖြစ်သည်။ဤရောဂါဆိုးကြီးမှ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းလုံး အလျင်အမြန် ပြန်လည်ကျန်းမာလာစေရန် လုပ်ဆောင် ကြရာတွင် OPPO မှ တတ်စွမ်းသမျှ ပါဝင်ကူညီနေပြီး OPPO ၏ ခိုင်မာသော စိတ်ဓာတ်၊ ချစ်ခြင်းမေတ္တာတို့နှင့်အတူ အားလုံးနှင့် လက်တွဲ ဆောင်ရွက်မှုတို့မှ တစ်ဆင့် အမြန်ဆုံး ဤရောဂါအန္တရာယ်မှ အောင်မြင်စွာ ကျော်လွှားနိုင်ရန် မျှော်လင့်လျှက်ရှိသည်။

Previous
Previous

Gaming laptop တွေဆီ 5.0 GHz clock speed နဲ့ရောက်ရှိလာတော့မဲ့ intel ရဲ့ 10th Gen CPU

Next
Next

HUAWEI P40 Series မိတ်ဆက်ပွဲမှာ လေ့လာစရာ ထူးခြားချက်များ