စမတ်ဖုန်းလောကရဲ့“Visionary Photography"ဆိုတဲ့အတိုင်းမှတ်ကျောက်ဖြစ်လာတဲ့ HUAWEI P40 Series စမတ်ဖုန်းမျ

HUAWEI ရဲ့မျိုးဆက်သစ်စမတ်ဖုန်းတွေဖြစ်တဲ့ P40 Series တွေဟာလက်ရှိအချိန်မှာအရွယ်အစားအကြီးဆုံး CMOS Sensor အသုံးပြုထားပြီးအရည်အသွေးမြင့်ဓာတ်ပုံ၊ဗီဒီယိုများဖန်တီးရိုက်ကူးနိုင်ရန်စွမ်းဆောင်ရည်အမြင့်မားဆုံး Cameras များနှင့်ပွဲထွက်လာခဲ့သည့်အပြင်စွမ်းဆောင်ရည်မြင့် 5G ကွန်ရက်နည်းပညာပါရရှိနိုင်မည်ဖြစ်သည်။HUAWEIမှမျိုးဆက်သစ် P40 Pro+ ၊ P40 Pro နဲ့ P40 စမတ်ဖုန်းသစ်တွေကိုမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။HUAWEI ရဲ့P40 Series Flagship တွေဟာအသွင်သစ်နဲ့လှပသောဒီဇိုင်းဗီဒီယိုရိုက်ကူးမှုနည်းပညာသစ်Mobile Photography နဲ့ Video လုပ်ဆောင်နိုင်စွမ်းတွေရဲ့ထုတ်ကုန်သစ်တွေပဲဖြစ်ပါတယ်။

ယခင် P Series များ၏အမွေအနှစ်များဆက်ခံထားပြီးအလင်းရောင်အားနည်းသည့်အချိန်များတွင်အရည်အသွေးကောင်းမွန်သည့်ဓာတ်ပုံကောင်းတစ်ပုံရရှိနိုင်စေရန်  Camera Sensor ပိုင်းကို 1/1.28” အရွယ်စားထိကြီးမားလာအောင်ထည့်သွင်းတည်ဆောက်ထားသည်။Pixel Binning နည်းပညာနှင့်ပေါင်းစပ်ထားသည့် Pixel Size သည် 2.44μm ရှိလာသည့်အတွက်အလင်းဝင်အားပိုမိုကောင်းမွန်လာခြင်းဖြစ်သည်။ Zooming စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး Periscope Lens အသစ်က 10x True Optical Zoom ရိုက်ကူးနိုင်မည်ဖြစ်ပါသည်။HUAWEI P40 Series တွေမှာ Kirin 990 5G SoC အသုံးပြုထားပြီးပိုမိုမြန်ဆန်သည့်5G ကွန်ရက်ကိုချိတ်ဆက်အသုံးပြုနိုင်သည့်  Wi-Fi 6 Plus နည်းပညာကိုပါအသုံးပြုထားပါသည်။ယခုကဲ့ကိုကင်မရာနဲ့စွမ်းဆောင်ရည်ပိုင်းမှာပိုမိုကောင်းမွန်လာခြင်းသာမကဒီဇိုင်းပိုင်းတွင်လည်းဆွဲဆောင်မှုရှိနေအောင်ကျစ်ကျစ်လျစ်လျစ်နှင့်လှပသည့်ဒီဇိုင်းကိုယ်ထည်၊ OLED Curved Panel ကိုလေးဖက်လေးတန်ကွေးညွတ်လှပနေစေရန်အတွက်  HUAWEI Quad-curve Overflow Display နည်းပညာနှင့်ပုံဖော်ထားပါသည်။ထို့ကြောင့်ဒီဇိုင်ပိုင်းမှာလည်းပြောင်းလဲလာပြီး၄ဖက်ကွေးမျက်နှာပြင်တွေကတုံ့ပြန်အားကောင်းပြီးသုံးစွဲသူတွေအနေနဲ့အမြင်အာရုံပိုင်းနဲ့ဒီဇိုင်းပိုင်းမှာပါအတွေ့အကြုံကောင်းတွေရရှိစေရန်ဖန်တီးပေးထားခြင်းဖြစ်ပါသည်။အသွင်သစ်ဒီဇိုင်းပိုင်းမှာဆိုရင် HUAWEI P40 Pro ၊ P40 Pro+ စမတ်ဖုန်းတွေဟာ HUAWEI ရဲ့ Quad-curve Overflow Display နဲ့ဖွဲ့စည်းထားပါသည်။ဒီဇိုင်းသည်လေးဖက်မျက်နှာပြင်ကုန်းဖြစ်လာသည်။Biometric Authentication အတွက် In-display Fingerprint Reader ကယခင်မျိုုးဆက်စမတ်ဖုန်းတွေထပ် 30% ပိုမိုလျှင်မြန်စွာ Unlock လုပ်ပေးနိုင်သည်။ရရှိနိုင်မယ့်ဒီဇိုင်းအရောင်ပိုင်းမှာတော့Ice White ၊ Deep Sea Blue နဲ့ Black တို့ဖြစ်ပြီးအလင်းတုံ့ပြန်စွမ်းအားကောင်းမွန်သည့် Refractive Matte Glass တွင်  Blush Gold နဲ့ Silver Frost  အရောင်၂မျိုးရွေးချယ်နိုင်သည်။P40 Pro+ တွင်ထူးခြားသည့်  Nanotechnology နှင့်ဖန်တီးပြုလုပ်ထားမယ့် Ceramic ကိုယ်ထည်သားနဲ့ Exclusive ရရှိနိုင်ပြီးအဖြူနဲ့အနက်ရောင်၂မျိုးနဲ့ထုတ်လုပ်ထားပါတယ်။HUAWEI P40 Series ရဲ့ကင်မရာပိုင်းထူးခြားလာတာတွေကတော့ပိုမိုအဆင့်မြင့်တဲ့ Ultra Vision Leica Camera စနစ်ကိုအသုံးပြုထားခြင်းဖြစ်ပါသည်။Triple ၊ Quad နဲ့ Penta Cameras ဆိုပြီး HUAWEI P40 ၊ P40 Pro နဲ့ P40 Pro+ တွေနဲ့မြင်တွေ့ရမှာပါ။ Ultra Vision Leica Camera အသုံးပြုထားတဲ့အားသာချက်က HUAWEI P40 Series တွေမှာကင်မရာစွမ်းဆောင်ရည်တစ်ခုချင်းစီမြင့်မားလာပြီး Ultra-wide ၊ Wide Angle နဲ့ Telephoto Lens လုပ်ဆောင်ချက်တွေမှာသူမတူတဲ့ဖန်တီးမှုအနုပညာကိုပေးစွမ်းစေမှာဖြစ်သည်။Ultra-wide Camera မှာလည်း OIS ထည့်သွင်းပေးထားတဲ့အတွက် Camera Lens တွေက OIS+AIS အကူညီနဲ့ဓာတ်ပုံ၊ဗီဒီယိုတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ရိုက်ကူးစေနိုင်သည်။ယခုလို Camera Hardware လုပ်ဆောင်ချက်တွေအပြင် Skin Tone နဲ့ Texture ပိုင်းအတွက် Multi-spectrum Colour Temperature Sensor ကိုအသုံးပြုထားသည်။ Colour Accuracy ပိုင်းအတွက် AI AWB Algorithm လုပ်ထုံးထည့်သွင်းပေးထားပြီး 45% ထိပိုမိုတိကျသေချာစေမှာပဲဖြစ်ပါတယ်။Portrait အလှရိုက်ကူးမှုအတွက် Lighting နဲ့ Detail Effect ကို Deep Learning Algorithm နဲ့ Real-time Optimisation လုပ်းပေးနိုင်သည်။  HUAWEI P40 Pro နဲ့ P40 Pro+ မှာ 32MP AF Selfie Camera အသုံးပြုထားပြီး IR Depth Camera အကူညီနဲ့ Autofocus ၊ Bokeh ရိုက်ချက်တွေကို HUAWEI ထုတ်ကုန်တွေရဲ့ Signature Quality စံနှုန်းအတိုင်းပံ့ပိုးထားသည်။HUAWEI Golden Snap ဆိုတဲ့ Feature အသစ်ကရွေ့လျားနေတဲ့ရိုက်ချက် Moving Picture အတွက်အထောက်ကူဖြစ်စေပြီး AI အကူညီနဲ့အကောင်းဆုံးသော Moment ရိုက်ချက်ကိုရိုက်ကူးနိုင်မည်ဖြစ်ပြီးမိမိရိုက်ကူးထားသောပုံများထဲမှအကောင်းဆုံးပုံကိုရွေးချယ်နိုင်မည်ဖြစ်သည်။AI Remove Passerby ဆိုတာကတော့ရိုက်ကူးလိုက်တဲ့ဓာတ်ပုံထဲမှာတခြားသူဒါမှမဟုတ်ပစ္စည်းတစ်စုံတရာပါလာမယ်ဆိုရင် Camera Setting ထဲမှာပဲအလွယ်တကူဖျောက်ထားနိုင်မယ်။

ဓာတ်ပုံရိုက်ကူးမှု အပိုင်း ကောင်းမွန်လာတဲ့ P40 Series များသည် Video Functionality ပိုင်းမှာလည်း အဆင့်မြင့်တင်ထားပြီး P40 Pro နဲ့ P40 Pro+ တို့တွင့် 40MP Ultra-wide Camera 18mm Focal Length တို့ကို အသုံးပြုထားပြီး 3:2 Aspect Ratio ထောက်ပံ့ထားကာ Sensor Size က 1/1.54” ရှိပါသည်။ အဆိုပါကင်မရာတွေမှာ SedecimPixel Fusion နည်းပညာနဲ့ ပေါင်းစပ်ထားပြီး 16-in-1 Pixel Binning ကို ထောက်ပံ့ထားတဲ့အတွက် 4.48μm နဲ့ညီမျှတဲ့ Super Pixel Size ကို ရရှိစေမည်ဖြစ်သည်။ အလင်းဝင်အား ကေားင်မွန်စေဖို့ Light Sensitivity ISO ကို 512,000 အထိ ထောက်ပံ့ထားပြီး Ultra Slow-Motion Footage ကို 7,680 fps (Frame Per Second) နှုန်းဖြင့် ရိုက်ကူးနိုင်ပါတယ်။

HUAWEI P40 Series အားလုံးမှာ Real-time Bokeh Videos အသုံးပြုနိုင်ပြီး Highlight ပြချင်သည့် Subject ကို Wide-angle Lens မှာလည်း အသုံးပြုနိုင်ပါတယ်။ Telephoto Camera လုပ်ဆောင်ချက် အနေနဲ့ကတော့ High Quality Zoom ဗီဒီယို ဖန်တီးနိုင်ပြီး 4K Time-lapse Footage ကိုလည်း ရိုက်ကူးနိုင်ပါသည်။

HUAWEI P40 Pro နဲ့ P40 Pro+ မှာ ပါဝင်ထားတဲ့ Directional Audio Zoom Feature က Zoom ဆွဲရိုက်တဲ့အခါမျိုးမှာ အထောက်ကူဖြစ်စေမှာပါ။ သုံးစွဲသူတွေကို အသံ Source ဆီ Zoom In လုပ်ပေးနိုင်တဲ့အတွက် ပိုမိုကြည်လင် ပြတ်သားတဲ့ အသံအရည်သွေး ရရှိစေဖို့ Amplify လုပ်နိုင်မယ်၊ ပိုကောင်းစေမှာပဲဖြစ်ပါသည်။HUAWEI P40 Series အားလုံးတွင် Kirin 990 5G SoC နဲ့မောင်းနှင်ထားပြီး Integrated ထည့်သွင်းထားသည့် 5G ကွန်ရက်စနစ်ကပိုမိုကောင်းမွန်တဲ့ချိတ်ဆက်မှုကိုထောက်ပံ့ထားသည်။ပူးတွဲပါဝင်လာတဲ့ NPU လုပ်ဆောင်ချက်က AI စွမ်းဆောင်ရည်မြင့်တင်ပေးနိုင်တဲ့အပြင်စွမ်းအင်ချွေတာမှုအပိုင်းအတွက်တစ်ဖက်တလှမ်းအားဖြည့်ပါဝင်ထားသည်။ Display တုံ့ပြန်နိုင်စွမ်းအားနဲ့ Gaming Experience တွေကို  Level အသစ်ပေးစွမ်းနိုင်စေဖို့ GPU စွမ်းရည်ကိုအဆင့်မြင့်ထားပြီး HUAWEI P40 Pro နဲ့ P40 Pro+ မှာ 90Hz Refresh Rate နဲ့ Smooth Experience ခံစားရရှိအောင်ထည့်သွင်းထားပါသည်။ 160MHz ကြိမ်နှုန်းနဲ့ Wi-Fi 6 Plus နည်းပညာကလည်းပိုမိုမြန်ဆန်တဲ့ချိတ်ဆက်မှုအပိုင်းတွက်အမြင့်ဆုံး 2,400 Mbps High-speed Connection ကိုပေးစွမ်းနိုင်ပါတယ်။

Previous
Previous

PUPUBG MOBILE ၏ Myanmar Championship 2020 ဖိုင်နယ် Online ဂိမ်းပြိုင်ပွဲကြီးတွင် အနိုင်ရရှိခဲ့သည့် အသင်းများထွက်ပေါ်

Next
Next

အိမ်တွင်းအောင်းရင်းအပျင်းလည်းပြေအပန်းလည်းဖြေနိုင်မဲ့ Free to play ဂိမ်းများ