အိမ်တွင်းအောင်းရင်းအပျင်းလည်းပြေအပန်းလည်းဖြေနိုင်မဲ့ Free to play ဂိမ်းများ

1. World War Z

ဒီဂိမ်းကကျွန်တော်တို့အတွက်Epic Game Store မှာ ကြာသာပတေးနေ့အထိ Free ပေးနေတဲ့ 3rd person shooter ဂိမ်းဖြစ်ပါတယ်။ဒီဂိမ်းက Day Gone တို့ Left 4 Dead တို့နဲ့အပြိုင် Zombie ဂိမ်းဖြစ်ပြီး ကိုယ်ကြိုက်တဲ့ Characters နဲ့ကိုယ်ကြိုက်တဲ့Role ကိုလဲရွေးကစားနိုင်ပါတယ်။ဥပမာ role တွေမှာ Survivor, Trapper, Specialist, Phantom, Assassin အများကြီးရှိပါတယ်။ကိုယ်‌ရွေးလိုက်တဲ့ Role ပေါ်မှုတည်ပြီးမတူညီတဲ့သေနတ်နဲ့ပစ္စည်းတွေကိုရရှိမှာပါ။ကျွန်တော်ကတော့ချောင်းမြောင်းပစ်ခတ်ရတာကြိုက်တဲ့အတွက်Phantom နဲ့ Specialist ‌ကိုကြိုက်ပါတယ်။ပြီးတော့ဒီဂီမ်းမှာမတူညီတဲ့ကစားပွဲတွေကိုလဲ multi-player mode မှာကစားနိုင်ပါသေးတယ်။ နှစ်ဖက်အသင်းအချင်းချင်ကိုလဲနိုင်အောင်ဆော့ရပြီးနောက်ဆုံးမှာKill အများဆုံးအသင်းကနိုင်တဲ့ Mode လဲရှိသလိုကိုယ့်အသင်းနဲ့သူ့အသင်းZone တွေကိုအပိုင်စီးပြီးအမှတ်အများဆုံးအသင်းကနိုင်တာတို့ဖြေဆေးကိုရအောင်လုရတာတို့အစရှိသဖြင့်ဒီဂိမ်းဟာပေါ့ပေါ့ပါးပါးနဲ့အပျင်းပြေဆော့လို့ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။

2. DOTA 2

အားလုံးလည်းသိနေကြပါပြီ။ဒီဂိမ်းကဒီလိုအချိန်မှာတစ်ချိန်ကကျွန်တော်တို့လို world of warcraft, DOTA 1 တို့နဲ့ဖြတ်သန်းခဲ့တဲ့90 kids တွေအတွက်တော့အိမ်ထဲမှာပျင်းစရာအကောင်းဆုံးအချိန်တွေကိုဖြတ်သန်းဖို့အကောင်းဆုံးဂိမ်းတစ်ခုပါပဲ။five vs five ပြိုင်ဆိုင်မှုပြင်းထန်တဲ့နည်းဗျုဟာတွေနဲ့Throne ကိုကာကွယ်ပြီး Role ပေါင်းများစွာနဲ့ဆော့ရတဲ့ဂိမ်းဖြစ်ပါတယ်။အခုအချိန်မှာ Arcade ကနေဂိမ်းအသစ်ပေါင်းများစွာကိုပုံစံများစွာနဲ့တောင်ဆော့နိုင်နေပြီဖြစ်လို့ Steam မှာ Playerတွေတောင်တစ်နေ့တခြားပြန်များလာပါပြီ။ကိုယ်တိုင်မဆော့ချင်ရင်တော့ Professionals Player တွေဆော့တဲ့ပွဲတွေကိုအေးဆေးထိုင်ကြည့်ရင်းပျင်းစရာကောင်းတဲ့အချိန်တွေကိုကုန်ဆုံးနိုင်ပါပြီ။

3. Fortnite

ဒီဂိမ်းက Battle Royal ဂိမ်းတွေထဲမှာတော်တော်ပေါက်တဲ့ဂိမ်းဖြစ်ပါတယ်။ Battle Royal ဂိမ်းဆိုတဲ့အတိုင်းပဲဒီဂိမ်းကဂိမ်းစတာနဲ့ Loot တွေသေနတ်တွေကောက်ပြီးနောက်ဆုံးကိုယ်တစ်ယောက်ထဲကျန်ရင်နိုင်ပါပြီ။squad နဲ့လဲဆော့လို့ရပါတယ်။ Game play ဒီဇိုင်းကစွဲမက်ဖွယ်ရှိပြီး Character တွေကလဲကြည့်လိုကောင်းတော့သွေးထွက်သံယိုတွေမကြိုက်တဲ့လူတွေနဲ့ကျွန်တော်တို့လိုအ‌‌ရောင်စုံတာကြိုက်တဲ့လူတွေအတွက်တော့ဆော့ကြည့်သင့်ပါတယ်။ပြီးတော့ဒီဂိမ်းထဲမှာအဆောက်အအုံတွေပါဆောက်လို့ရပါတယ်၊၊

4. Dauntless

ဒီဂိမ်းကို Monster Hunter free to pl‌ay ဂိမ်းလို့တောင်ပြောကြပါတယ်။ Monster Hunter ဆော့ဖူးတဲ့လူတွေဆိုသိကြပါလိမ့်မယ်။ RPG ဂိမ်းအမျိုးအစားဖြစ်ပြီးဒီဂိမ်းဟာချစ်စရာ Giant Monster တွေကိုရှာပြီးသတ်ရတဲ့ဂိမ်းဖြစ်ပါတယ်။ကိုယ့်ရဲ့ဓားတွေသေနတ်တွေကို Portion တွေကိုကိုယ်ကြိုက်သလိုလုပ်လို့ရပါတယ်။Dauntless မှာနယ်မြေတွေအများကြီးရှိပြီးကိုယ်ကြိုက်တဲ့နယ်မြေကိုသွားမဲ့အခါကိုယ်ယူမဲ့လက်နက်တွေကိုပြင်ဆင်သွားဖို့လိုပါတယ်။ဥပမာကိုယ်ရင်ဆိုင်ရမဲ့နယ်မြေကရေခဲတောင်ဆိုရင်ကို့ရဲ့မီးပဆိန်ကိုကြိုတင်ပြင်ဆင်သွားဖို့တော့လိုပါလိမ့်မယ်။ပြီး‌တော့ Online ‌‌‌ပေါ်မှာတခြား Player ‌တွေနဲ့အတူတူ Monsters တွေကိုရှာဖွေနိုမ်နင်းလို့ရပါတယ်။

5. Counter Strike: Global Offensive

ကျွန်တော်တို့နိုင်ငံမှာ DOTA 1 နဲ့ခေတ်ပြိုင်နာမည်ကြီးခဲ့တဲ့ First person shooter ဂိမ်းဖြစ်ပါတယ်။ DOTA 1 ခေတ်တုန်းကဂိမ်းဆိုင်တွေမှာအပြိုင်နေရာယူခဲ့ကြတဲ့ 1.6 version ဟာယခုလိုဂိမ်းဆိုင်ကိုမသွားနိုင်တော့တဲ့အချိန်တွေမှာ Global Offensive ကိုအိမ်မှာ wifi လေးနဲ့ ပေါ့ပေါ့ပါးပါးကစားဖို့အသင့်တော်ဆုံးပါပဲ။အရင်က Steam မှာ 14 ဒေါ်လာနဲ့ဝယ်ရတဲ့ဂိမ်းဟာယခုဆိုအလကားဆော့လို့ရနေပါပြီ။ Danger Zone လို့ခေါ်တဲ့ Battle Royal mode လဲဆော့လို့ရနေပြီဖြစ်တဲ့အတွက်စိတ်ပြေလက်ပျောက်ပိုက်ဆံမကုန်ဘဲဆော့နိုင်ပါပြီ။

Author : Hein Htet ( Phase II )

PhotoCrd: Den of Geek,Flickr

Previous
Previous

စမတ်ဖုန်းလောကရဲ့“Visionary Photography"ဆိုတဲ့အတိုင်းမှတ်ကျောက်ဖြစ်လာတဲ့ HUAWEI P40 Series စမတ်ဖုန်းမျ

Next
Next

Top Five Features of Galaxy S20 Plus