Top Five Features of Galaxy S20 Plus

1. Samsung Dex
Samsung Dex Feature ကတော့ Samsung မှ 2018 မှာမိတ်ဆက်ခဲ့တဲ့ Native application တစ်ခုဖြစ်ပါတယ်။ Native application ဆိုတာကတော့ သတ်မှတ်ထားတဲ့ Platform တစ်ခု (ဒါမှမဟုတ်) Device တစ်ခုမှာပဲသုံးဖို့ရေးထားတဲ့Application တစ်ခုဖြစ်ပါတယ်။ Samsung Dex ဆိုရင် Samsung ဖုန်းတွေမှာပဲသုံးလို့ရသလိုပေါ့။ဒီလုပ်ဆောင်ချက်ကဖုန်းရဲ့လုပ်ဆောင်ချက်ကိုမျက်နှာပြင်ကြီးကြီးတစ်ခုမှာသုံးလိုက်သလိုပါပဲ။ဖုန်းနဲ့ကွန်ပြုတာကို USB cable နဲ့ချိတ်လိုက်မယ်ဆိုရင် Application ကတန်းတတ်ပါတယ်ပြီးရင် Permissionတောင်းမယ် ရပြီဆိုရင် Dex နဲ့ ဖုန်းရဲလုပ်ဆောင်ချက်ကွန်ပြုတာမှာသုံးလို့ရပါပြီ။ဒီ appမှာသုံးသမျှဟာဖုန်းမှာဖြစ်တဲ့အတွက်application ဒေါင်းလုပ်ဆွဲတာဆိုရင်လဲဖုန်းထဲမှာပဲဝင်သွားမှာဖြစ်ပါတယ်။နောက်ဆုံးဖုန်းခေါ်တာကအစကွန်ပြုတာမှာလုပ်လို့ရပါတယ်။

2. Link to window
Link to window ကတော့ကြိုးမဲ့ကွန်ပြူတာနဲ့ချိတ်ဆက်နိုင်တဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ဒါပေမယ့်သူက window ကွန်ပြူတာတွေအတွက်ပဲဖြစ်ပါတယ်။ Microsoft နဲ့ Samsung ပူးပေါင်းထားတဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီးဖုန်းမှာဝင်လာတဲ့ Notification တွေ, Messages တွေနဲ့ပုံတွေပါဝင်ကြည့်လို့ရပါတယ်,ဖုန်းခေါ်တာလဲလုပ်လို့ရပြီး ဖုန်းရဲ့မျက်နှာပြင်ကိုလဲကွန်ပြူတာကနေထိန်းချုပ်လို့ရပါတယ်။

3. Live Caption
ဒီလုပ်ဆောင်ချက်ကတော့ android 10 မှာပါဝင်လာတဲ့လုပ်ဆောင်ချက်ပါ။သူကဖုန်း screen ပေါ်မှာ play သမျှvideo တွေထဲကစကားပြောသံတွေကိုစာတန်းထိုးပေးတာပါ။ မြန်မာစာတော့မထောက်ပံ့သေးပါဘူး။နောက်တစ်ခုကဒီလုပ်ဆောက်ချက်ဟာ Netflix နဲ့သုံးလို့မရသလိုစာတန်းကလဲအနည်းငယ်နောက်ကျပါတယ်။ပြီးတော့ English စာကလွဲရင်တခြားဘာသာစကားတွေမရသေးပါဘူး။ဒါပေမယ့်နောက်ပိုင်း android update တွေမှာတော့ပါလာနိုင်ပါတယ်။

4. Reverse Wireless charging
ကိုယ့်ဖုန်းထဲကအားကိုတခြားဖုန်းတွေကိုပြန်သွင်းပေးတာပါ။ဒါပေမယ့်တခြားဖုန်းတွေမှာQi wireless charging ပါတဲ့ဖုန်းမှရမှာပါ။ ကိုယ့်မှာ Qi wireless charging ထောက်ပံ့တဲ့ Galaxy buds လို wireless air pods တွေနဲ့ watch တွေရှိရင်တော့တော်တော်လေးကိုအသုံးဝင်တဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။

5. Smart View
ဒီလုပ်ဆောင်ချက်ကဖုန်းမှာမြင်သမျှကိုကွန်ပြုတာမှပြပေးတာပါ။အစပိုင်းချိတ်ရတာနဲနဲတော့အလုပ်ရှုပ်ပေမဲ့နောက်ပိုင်းတော့လွယ်ပါတယ်။ဖုန်းရော ပြမဲ့ကွန်ပြုတာရော Same network ထဲမှာ(ဒါမှမဟုတ်) wifi နဲ့ Bluetooth ဖွင့်ထားဖို့တော့လိုပါတယ်။ ဒါပေမယ့်ဖုန်းရဲ့ 120 Hz refresh rate ကအရမ်းမြန်တော့ကွန်ပြုတာမှာထစ်တာတွေငေါ့တာတွေတော့ရှိတက်ပါတယ်။အဲ့တာကြောင့် 60 Hz refresh rate လောက်နဲ့ဆိုရင်အတော်ပါပဲ။
Author : Hein Htet ( Phase II )
PhotoCrd : the verge, Indian TV , Googleplay, Samsung,XDAdevelopers