Tesla ရဲ့အမှူဆောင်အရာရှိချုပ်သူဌေးကြီး Elon Musk မှ N95 နှာခေါင်းစည်းအခု 50000 နဲ့ လေရှုစက်အခုပေါင်း 1255 ခုလှူဒါန်း
SpaceX နဲ့ PayPal ကိုတည်ထောင်ခဲ့တဲ့သူဌေးကြီးအဖြစ်လူသိများတဲ့ Tesla ရဲ့အမှူဆောင်အရာရှိချုပ် Elon Musk ဟာတရုတ်မှာပိုလျှံနေတဲ့ COVID-19 တိုက်ဖျက်ရာမှာကူညီနိုင်မဲ့အသက်ရှုစက်အခု 1255 ခုကိုဝယ်ယူပြီးပြန်လည်လှူဒါန်းခဲ့ပါတယ်။ Ventilators လို့ခေါ်တဲ့အသက်ရူစက်ဟာအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါပိုးဖြစ်တဲ့ COVID-19 ကိုတိုက်ဖျက်ရာမှာအရမ်းကိုအရေးကြီးပြီးလူ့အသက်ပေါင်းများစွာကယ်တင်နိုင်တဲ့စက်ပစ္စည်းဖြစ်ပါတယ်။အသက်ရှူစက်တွေနဲ့အတူ N95 နှာခေါင်းစည်းများဟာလဲဆေးရုံတွေကိုဖြန့်ဖြူးပေးဖို့အဆင်သင့်ဖြစ်နေပါပြီ။ယခုလိုကမ္ဘာကျော်သူဌေးကြီးရဲ့ရှေ့ဆောင်လမ်းပြလုပ်ဆောင်ချက်ဟာအတုယူစရာတော်တော်ကောင်းပါတယ်။ Musk ကတော့ လျှပ်စစ်ကားကုမဏီ Tesla နဲ့ အာကာသဒုံးပျံကုမဏီ SpaceX မှာတော့ကိုယ်တိုင်လေရှူစက်ထုတ်လုပ်ဖို့ကိစ္စကိုဘာမှမပြောသေးပေမဲ့ကင်ဆာပညာရှင် Dr.Ezekiel Emanuel ကတော့လေရှူစက်တွေကိုယ်တိုင်ထုတ်ရင် ရှစ် ပတ်ကနေ ဆယ်ပတ်အထိကြာမယ်လိုသူနဲ့ Elon Musk ဆွေးနွေးဖူးတယ်လို့သိရပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ကတော့သူ့ရဲ့ twitter အကောင့်ကနေလေရှူစက်တွေထုတ်ကြပါဆိုပြီး Tesla ကိုမန်းရှင်းခေါ်ထားပါတယ်။ Tesla အပြင် ကားကုမဏီတွေဖြစ်တဲ့ Ford, Fiat Chrysler နဲ့ General Motor တို့ကလည်း COVID-19 ကပ်ရောဂါမှာသူတို့ကိုယ်တိုင်ပါဝင်ကူညီဖို့ကြေငြာထားပါတယ်။General Motors ကတော့ဆေးနဲ့စက်ဆပ်ပစ္စည်းတွေထုတ်တဲ့ကုမဏီ Ventec နဲ့ပူးပေါင်းပြီး လေရှူစက်တွေကိုအမြန်ထုတ်ဖို့ပြင်ဆင်နေပါတယ်။ Fiat Chrysler ကုမဏီကတော့ COVID-19 တိုက်ပွဲဝင်နေတဲ့ US ကကျန်းမာရေးဝန်ထမ်းတွေအတွက်နှာခေါင်းစည်းတွေထုတ်လုပ်နေပြီး Ford ကတော့ကျန်းမာရေးအသုံးအဆောင်ပစ္စည်းတွေကိုကို့စက်ရုံမှာပဲ 3D printer တွေနဲ့တည်ဆောက်နေပါတယ်။

အကာအကွယ်ပစ္စည်းတွေနဲ့နှာခေါင်းစည်းတွေပြတ်လပ်မှာကိုကျန်းမာရေးဝန်ထမ်းတွေအများစုတော်တော်စိုးရိမ်နေကြပါတယ်။ COVID-19 ဖြစ်ရပ်တွေတိုးပွားလာတဲ့နဲ့အမျှအသက်ရှုစက်တွေပြတ်တောက်မှာကိုအမေရိကန်နိုင်ငံကလည်းအီတလီနဲ့ကမ္ဘာတစ်ဝန်းကကိစ္စရပ်တွေနမှူနာကြောင့်လန့်နေကြပါတယ်။
Author : Hein Htet ( Phase II )
Ref : Cnet.com