စျေးအနည်းဆုံးနဲ့ Specs အမြင့်ဆုံး Redmi K30 Pro အကြောင်း
Redmi K30pro ကတော့ကျွန်တော်တို့လက်ထဲကိုမကြာခင်ရောက်ရှိလာတော့မယ့် စွမ်းဆောင်ရည်မြင့် စျေးနည်းစမတ်ဖုန်းဖြစ်ပါတယ်။ယုံရခက်လောက်အောင်ကောင်းပြီးသုံးထားတဲ့ပစ္စည်းတွေကလဲအမြင့်ဆုံး Hardware တွေဖြစ်ပါတယ်။ ဥပမာ စျေးနှုန်း 6သိန်းလောက်မှာသုံးထားတဲ့ Processor ကလက်ရှိSnapdragon ရဲ့ အမြင့်ဆုံး processor ဖြစ်တဲ့ 7nm+ 865 နဲ့ RAM ကို 6GB,8GB ဆိုပြီးနှစ်မျိုးရွေးချယ်နိုင်မယ်။ storage ပိုင်းကတော့ UFS 3.0 နည်းပညာနဲ့ 128 GB ပါဝင်ပါမယ် micro SD card slot ကတော့ထပ်စိုက်လို့မရပါဘူး။ display ပိုင်းမှာဆိုရင် Super AMOLED display ကိုသုံးထားပြီးတော့ မျက်နှာပြင်အရွယ်အစားက 6.67 inches ရှိမယ်မျက်နှာပြင်တစ်ခုလုံးကိုဘာမှကွယ်မနေအောင်လို့ Pop up selfie ကင်မရာကိုသုံးပေးထာပါတယ်။ refresh rate ကတော့ပုံမှန် 60Hz ရရှိမှာဖြစ်ပြီး 120 Hz refresh rate ပရိတ်သတ်များကတော့ S20 နဲ့ K30 ကိုရွေးချယ်ဖို့စဉ်းစားရပါလိမ့်မယ်။

နောက်ဘက်မှာတော့ကင်မရာလေးလုံး setup နဲ့ 64MP main camera ကို 8K video recording ပါရပါတယ်။ viewing angle ( 123 degrees ) ရိုက်နိုင်မဲ့ 13MP ultra-wide.2MP depth sensor နဲ့ 5MP telephoto lens အပြင် selfie ကင်မရာအတွက်တော့ 20 MP pop up ကင်မရာပါဝင်မှာပါ။ ကင်မရာကိုအဲ့တာနဲ့မလုံလောက်သေးဘူးဆိုရင် K30 Pro Zoom edition ဆိုပြီးထပ်ရွေးချယ်လို့ရပါသေးတယ်။ Zoom edition မှာ 8MP သုံးဆ Zoom ဆွဲနိုင်မဲ့ telephoto lens တို့ပါဝင်မှာပါ။နောက်ပြီး Zoom edition က Optical image stabilization ကို main ကင်မရာမှာရော telephoto ကင်မရာမှာပါအသုံးပြုနိုင်မှာပါ။ redmi ရဲ့နောက်ဆုံးထွက်ဖုန်းတွေက specs တွေကတော့မြင့်ပါတယ်။ Battery ကိုလဲ 4700 mAh ကိုအထိသုံးပေးထားပြီး USB-C နဲ့ 33W fast charging တို့ပါဝင်မှာဖြစ်ပါတယ်။ရှောင်မီကတော့ K30 pro ကပိုကောင်းတဲ့ Haptic Feedback ကိုရရှိမယ်လို့ပြောပါတယ်။

ဒီဖုန်းတွေရဲ့စျေးနှုန်းကတော့ 6/128GB version ကို အမေရိကန်ဒေါ်လာ ၄၂၅ မြန်မာငွေခြောက်သိန်းဝန်းကျင် Zoom edition 8/256 GB ကို အမေရိကန်ဒေါ်လာ ၅၆၆ မြန်မာငွေ ၇သိန်:၉သောင်းဝန်းကျင်ကျသင့်မှာပဲဖြစ်ပါတယ်။
Author : Hein Htet ( Phase II)
Ref : theverge