အူရီဒူးရဲ့ “ဒုန်းဒုန်းဒုန်း” နဲ့ “၂၀၀GB အထိ ဒေတာတွေ ချက်ချင်းကံထူးဖို့ ဂိုးတွေဆက်သွင်းပြီး အင်တာနက်ကို တဝကြီး သုံးကြမယ်
အူရီဒူးအနေနဲ့ မိုဘိုင်းအင်တာနက်သုံးစွဲသူတွေ အဆင်ပြေစွာနဲ့ အင်တာနက်ကို ချိတ်ဆက်အသုံးပြုနိုင်ဖို့ ကွန်ရက်တွေကို ကောင်းမွန်အောင် 4G LTE TURBO ကွန်ရက်နဲ့ အဆင့်မြှင့်တင် လုပ်ဆောင်ထားသလို ဒေတာကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ အသုံးပြုနိုင်ဖို့ “ဒုန်းဒုန်းဒုန်း” အထူးအစီအစဉ်ကို ပြုလုပ်ပေးထားတာကြောင့် ဒေတာ pack ဒါမှမဟုတ် voice pack ထဲက ကြိုက်နှစ်သစ်တဲ့ pack တစ်မျိုးကို ဝယ်လိုက်ပြီး ဂိုးသွင်းတဲ့ ဂိမ်းကို ကစားလိုက်တာနဲ့ ၂၀၀GB အထိ ချက်ချင်းကံထူးနိုင်တဲ့ ဒေတာဆုလက်ဆောင်တွေကို ရရှိမှာမို့ Facebook, Live Streaming, Viber, YouTube video အသုံးပြုနိုင်ကြည့်နိုင်သလို My Ooredoo App မှာ ဝန်ဆောင်မှုပေးထားတဲ့ တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ ပြည်တွင်းရုပ်သံလိုင်းတွေဖြစ်တဲ့ Channel 7, MRTV 4, မဇ္ဈိမ TV၊ မဟာရုပ်သံလိုင်း၊ မဟာဗောဓိ စတဲ့ ရုပ်သံတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် My Ooredoo App ထဲကတဆင့် Viu, Cookie TV ရယူပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေကိုလဲ အပန်းဖြေကြည့်ရှုနိုင်ပါတယ်။ တေးသီချင်းတွေကိုနှစ်သက်သူတွေအတွက်လဲ JOOX ကို ထည့်သွင်းပေးထားတာသလို မိုဘိုင်းဂိမ်းကစားရတာကို နှစ်သက်သူတွေအတွက်လဲ ဂိမ်းအမျိုးအစားအစုံအလင်ကို My Ooredoo App ထဲမှာ ထည့်သွင်းပေးထားပါတယ်။

အပန်းပြေဖျော်ဖြေမှုအစီအစဉ်တွေကို နှစ်သက်သူတွေ ဒါမှမဟုတ် မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေ မိသားစုတွေနဲ့ ဆက်သွယ်ပြောဆိုချင်တဲ့သူတွေအနေနဲ့ အရင်ဆုံး လုပ်ရမှာကတော့ *565# ကို ဖုန်းခေါ်ဆိုပြီး My Ooredoo App ကိုရယူလိုက်ပါ။ My Ooredoo App ရယူပြီးရင်တော့ ““ဒုန်းဒုန်းဒုန်း” အထူးအစီအစဉ်ထဲက ၉၀၀ MB ပါတဲ့ ၉၇၅ကျပ်တန် ဒေတာ pack (သို့) ၈၀၀MB ပါတဲ့ ၈၉၉ကျပ်တန် ဒေတာ pack ကိုပဲ ဝယ်ဝယ်၊ ဖုန်းလဲ သက်သက်သာသာနဲ့ ခေါ်မယ် ဒေတာလဲ သုံးမယ်ဆိုရင်တော့ အူရီဒူးအချင်းချင်း ၁၈၀ မိနစ်ဖုန်းခေါ်နိုင်တဲ့ (သို့) မိနစ် ၉၀ ပြည်တွင်းဖုန်းအားလုံးကို ခေါ်ဆိုနိုင်တဲ့ ၉၇၅ကျပ်တန် voice pack တစ်ခုခုကို ဝယ်ဝယ် ကြိုက်တာကို ဝယ်လို့ရပါတယ်။ ဝယ်ပြီးတာနဲ့ ချက်ခြင်း ဂိုးသွင်းလိုက်ရင်တော့ ၂၀၀GB ဒေတာလက်ဆောင်တွေကို ချက်ချင်းကံထူးခွင့်ရမှာဖြစ်ပါတယ်။ ကံထူးထားတဲ့ ဒေတာလက်ဆောင်တွေကို သုံးမကုန်သေးလို့ ထပ်သုံးချင်တယ်ဆိုရင်တော့ ဒေတာလက်ဆောင်သက်တမ်းမကုန်ခင်မှာ pack အသစ်တစ်ခုခုကို ထပ်ဝယ်ပြီး သက်တမ်းတိုးနိုင်တာကြောင့် အူရီဒူးရဲ့ အင်တာနက်စွမ်းအားကို အပြည့်အဝခံစားပြီး အချင်းအချင်း ဆက်သွယ်ချိတ်ဆက်နိုင်တယ်ဆိုတာကို သတင်းကောင်းပါးလိုက်ပါရစေ။