ပိုမိုခိုင်မာသည့် App Ecosystem ဖြင့် အသုံးပြုသူများကို စိတ်ကျေနပ်စေမည့် HUAWEI စမတ်ဖုန်းများ
စမတ်ဖုန်းနှင့် အခြားမိုဘိုင်းထုတ်ကုန်တွေက ကျွနိုပ်တို့၏နေ့စဉ်ဘဝ၊ အလုပ်နှင့် ဖျော်ဖြေရေးတို့ အတွက် မရှိမဖြစ်ဖြစ်လာပါတယ်။ ရွေးချယ်စရာဖုန်း အမျိုးအစား အများအပြားရှိသော်လည်း တစ်ဦးတစ်ယောက်ချင်းဆီ အသုံးပြုသည့် App များကသာ လူတိုင်းလူတိုင်း၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တယ်။ မိုဘိုင်းအင်တာနက်အသုံးပြုမှုတွင်ကျယ်လာသည်နှင့်အမျှ စမတ်ဖုန်းတစ်ခုတည်းဖြင့် အစားအသောက်မှာယူခြင်း၊ ဈေးဝယ်ခြင်း၊ သွားလာရေး အစရှိသည်တို့ကို လွယ်ကူစွာ ပြုလုပ်လာနိုင်ကြပြီဖြစ်ပါတယ်။
ထို့ကြောင့် အသုံးပြုသူတို့နေ့စဉ်လုပ်ဆောင်ချက်များအတွက် ပိုမိုကောင်းမွန်သော App များလိုအပ်လာပြီး ဖုန်း storage များစေရန်လိုအပ်ချက်ကလဲ အလျင်အမြန်တိုးတက်လာပါတယ်။
အဲ့တာကြောင့်အသုံးပြုသူတဲ့သူတွေအနေနဲ့ဘယ်လို Apps တွေကိုရွေးချယ်ပြီးဒေါင်းလုပ်ဆွဲသင့်သလဲဆိုတဲ့အရေးကြီးမေးခွန်းတစ်ခုပေါ်ပေါက်လာပါတယ်။စမတ်ဖုန်းမှာအရံသင့်ပါဝင်လာတဲ့ App Platform ကအရေးပါအရာရောက်လာခဲ့သည်မှာအချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်သော်လည်းမိုဘိုင်းအင်တာနက်ကိုလွယ်ကူလက်လှမ်းမှီစွာအသုံးပြုနိုင်မှုက App Platform ရွေးချယ်မှုကိုယခင်ကထက်ပိုမိုများပြားစွာရွေးချယ်အသုံးပြုလာစေခြင်းဖြစ်ပါသည်။ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်ဖြစ်သည့် Huawei က အသုံးပြုသူများထံသို့ အကောင်းဆုံးသော အသုံးပြုသူတွေအတွက် third-party app များကို စုံစုံလင်လင်နှင့် တစ်စုတစ်စည်း တည်းဒေါင်းလုတ်ရယူအသုံးပြုနိုင်မည့် HUAWEI App Gallery နှင့် ဖုန်းပြောင်းသုံးရာမှာ ဒေတာရွှေ့ပြောင်းရမှုကို ပိုမိုလွယ်ကူလျင်မြန်စွာအသုံးပြုနိုင်မည့် Phone Clone နည်းပညာကို အဆင့်မြှင့်တင်ပြီး အသုံးပြုသူတွေအတွက် ယူဆောင်လာပါပြီ။

ယနေ့ခေတ်မှာ သုံးစွဲသူတို့ ဖုန်းအလဲအပြောင်းလုပ်သည့် ပမာဏများပြားလာသည်နှင့်အမျှ ဖုန်းအသစ်ထဲသို့ Data လွှဲပြောင်းခြင်းနှင့် တူညီသော Apps များကိုပြန်လည် ဒေါင်းလုပ်လုပ်ရခြင်း သည် ဖုန်းအသစ်ပြောင်းတိုင်းတွေ့ကြုံရပြီး အသုံးပြုသူတွေ အချိန်ပေးရတဲ့ အခက်အခဲတစ်ခုပါ။ Huawei ရဲ့ Phone Clone နည်းပညာကအထက်ပါအရာများကို အခက်အခဲမရှိပြုလုပ်နိုင်ပါတယ်။ ဖုန်းအဟာင်းနှင့် အသစ်လဲလှယ်မည့် ဖုန်းအသစ် နှစ်လုံးစလုံးတွင် Phone Clone Software ကို ကိုဖွင့်ပြီး QR code ဖြင့် Scan ဖတ်၍ ဖုန်းအသစ်နှင့် အဟောင်းကို ချိတ်ဆက်ပေးရုံပင်ဖြစ်ပါသည်။ ဖုန်းအဟောင်းမှ App Data များ၊ ဓာတ်ပုံနှင့် Contacts များကို အလွယ်တကူပင် ဖုန်းအသစ်ထဲသို့လွှဲပြောင်းပေးနိုင်ပါသည်။ Phone Clone သည် အရှေ့တွင် အသုံးပြုထားသည့် မည့်သည့် OS မှမဆို Data များကို လွှဲပြောင်းကူးယူပေးနိုင်သည်။ Data များ ရွေ့ပြောင်းပြီးသည့်နောက်တွင်လည်း နာမည်ကျော်ကြားပြီး ဒေသတွင်းတွင် အသုံးတွင်ကျယ်သည့် App များကိုလည်း ဖုန်းအသစ်တွင်မရှိပါက Download ရယူနိုင်ရန် အကြံပြုပေးပါသည်။ ထိုအကြံပြုပေးသည့် Apps အားလုံးကိုလည်း HUAWEI AppGallery တွင် အလွယ်တကူူ ဒေါင်းလုပ်ဆွဲနိုင်ပါသည်။ Phone Clone သည် ဖုန်းတစ်ခုလုံးကိုကူးယူလိုက်တာမျိုးမဟုတ်ဘဲ အသုံးပြုသူတို့ လိုအပ်သည့် Data နှင့် Apps များကိုသာ ကိုယ်တိုင်ရွေးချယ်၍ ကူးယူနိုင်ပါတယ်။ Data များကို ဖုန်းအသစ်ထဲသို့အလွယ်တကူပြောင်းနိုင်သောကြောင့် ဖုန်းအသစ်လဲခြင်းဟာ အခက်အခဲမရှိ ပိုမိုလွယ်ကူသွားပါတယ်။

HUAWEI AppGallery သည် Huawei ဖုန်းတိုင်းတွင် အဆင်သင့် ပါဝင်လာသည့် Traditional App Store အမျိုးအစားဖြစ်ပါသည်။ AppGallery တွင်ပါဝင်သော Apps များသည် လူမှုဆက်သွယ်ရေး (Social networking) Messaging apps များ၊ Telecom Operators များ၏ App များ၊ Online Shopping Apps များ၊ ၊ Mobile Payment apps များ၊ ဓာတ်ပုံ၊ ဗီဒီယိုများ ပြုပြင်နိုင်သည့် Apps များ၊ ဖျော်ဖြေရေး App များဖြစ်သည့် Game, Music, Video အစရှိသည့် Apps များကို စုံလင်စွာ Download ဆွဲ ရယူအသုံးပြုနိုင်မည့် App Store တစ်ခုဖြစ်ပါသည်။ ထို့အပြင် AppGallery သည် App Store တစ်ခုတည်းအဖြစ်သာ လုပ်ငန်းလုပ်ဆောင်နိုင်ခြင်း မကပဲ App အတွက် Update များစဉ်ဆက်မပြတ်ပေးခြင်း၊ Installation Package များကို စစ်ဆေးထိန်းချုပ်ပေးနိုင်ခြင်း၊ App Data များကို ထိန်းသိမ်းပေးထားခြင်း၊ Storage ပိုင်းအတွက် မလိုအပ်သောဖိုင်များကို ရှင်းလင်းပေးခြင်း အစရှိသည့် လုပ်ငန်းများကိုပါ လုပ်ဆောင်ပေးသည့် App Manager တစ်ခုအဖြစ်ပါလုပ်ဆောင်ပေးနိုင်စွမ်းရှိပြီး အသုံးပြုသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေသည့် အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။

App များကို ဖြန့်ဖြူးပေးနိုင်သည့် အဓိက digital distribution platform တစ်ခုအနေနှင့် အရေးကြီးဆုံးအချက်တစ်ခုဖြစ်သော App များကို တင်းကျပ်စွာ စီစစ်နိုင်သည့် Review Mechanism ကို HUAWEI App Gallery တွင်အသုံးပြုထားပါသည်။ အဆိုပါ နည်းစနစ်ပိုင်းတွင် အဓိကအားဖြင့် အချက် ၄ ချက်ဖြင့် စီစစ်ထားပါသည်။ App Gallery တွင် ရှိသော App များတွင် ရည်ရွယ်ချက်ရှိရှိဖြင့် တစ်ကိုယ်ရည် လုံခြုံရေးအချက်အလက်များကို ချိုးဖောက်ခြင်း၊ အသုံးပြုသူများအတွက် အန္တရာယ်ရှိနိုင်စေသည့် အပြုအမူ များ ရှိမရှိကိုစစ်ဆေးပေးခြင်း၊ App တွင် အားနည်းချက်များ ရှိမရှိကို စစ်ဆေးခြင်း နှင့် App Developer ၏ အချက်အလက်များနှင့် အထောက်အထားများကို စစ်ဆေးခြင်း စသည့် အချက်အလက်များကို စစ်ဆေးခြင်း စသည့်အဆင့်များဖြင့် စီၤစစ်ပေးထားခြင်းဖြစ်သည်။ App Gallery တွင်ရှိသော App များအားလုံးသည် အထက်ဖော်ပြပါ အဆင့်များဖြင့် စီစစ်ပြီးမှသာ အသုံးပြုသူများအတွက် Download ရယူနိုင်ရန်စီစဉ်ပေးထားခြင်းကြောင့် HAUWEI App Gallery သည် အသုံးပြုသူများအတွက် တစ်ကိုယ်ရည်အချက်အလက်များလုံခြုံမှုအတွက် ရာနှုန်းပြည့် အာမခံနိုင်ပါသည်။
ထို့ကြောင့်လည်း HUAWEI စမတ်ဖုန်းများသည်ကိုယ်လိုချင်သည့် App များကိုအခက်အခဲမရှိ Download ရယူအသုံးပြုနိုင်မည့်အပြင်၊ဖုန်းအသစ်လဲလှယ်သည့်အချိန်မျိုးတွင်လည်းယခင်ဖုန်းဟောင်းမှမိမိအသုံးပြုနေကျ App များ၊Data များကို HUAWEI ဖုန်းသစ်သို့လွယ်ကူလျင်မြန်စွာရွှေ့ပြောင်းနိုင်ဦးမှာဖြစ်ပါသည်။ HUAWEI သည်အသုံးပြုသူများ၏အတွေ့အကြုံပိုင်းအသစ်စဉ်ဆက်မပြတ်တိုးတက်ပြောင်းလဲကောင်းမွန်လာအောင်လုပ်ဆောင်လာခြင်းကြောင့်လည်းအသုံးပြုသူများသည်ပိုမိုကောင်းမွန်သည့်အတွေ့အကြုံများကို HUAWEI စမတ်ဖုန်းများမှရရှိနေတာပဲဖြစ်ပါသည်။အချုပ်အားဖြင့်ဆိုရသော်၂၀၂၀ခုနှစ်အတွင်း App Gallery သည်HUAWEI စမတ်ဖုန်းအသုံးပြုသူများအတွက် App များDownload ရယူအသုံးပြုရာတွင်ပိုမိုကောင်းမွန်သည့်အတွေ့အကြုံများကိုယူဆောင်လာမည့်ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတော့သည်။