PS5 ရဲ့အချက်အလက်အချို့ကိုထုတ်ပြလိုက်တဲ့ Sony

နာမည်ကြီးနေတဲ့ Microsoft ရဲ့ console အသစ်ဖြစ်တဲ့ Xbox series အသစ်နဲ့အပြိုင် Sony ကလဲသူတို့ရဲ့ PS5 console အသစ်အတွက်တော်တော်တော်ကိုအားစိုက်ထားကြောင်းသိရပါတယ်။ PS5 ရဲ့ Memory နဲ့ Storage ပိုင်းအတွက်နောက်ထပ်မျိုးဆက်သစ်လို့ခေါ်နိုင်မယ့် Exotic Silicon နည်းပညာကိုအသုံးပြုလာမှာပါ။ Microsoft ရဲ့ console အသစ်ဖြစ်တဲ့ Xbox series X ကို Specifications နဲ့အတွင်းဒီဇိုင်းကိုအသေးစိတ်ချပြပြီးနောက်မှာတော့ Sony ရဲ့ console အသစ်အလှည့်ရောက်ရှိလာပါြပီ။ Sony က PS5 နဲ့ပတ်သက်လာရင်လျို့ဝှက်တက်ပြီး teasers ချပြထားတာ‌တော့ 4K resolution ကို refresh rate 120Hz နဲ့ရရှိမှာရယ် နောက်တစ်ခုက ဂိမ်းအ‌‌‌ဟောင်းတွေကို Ray Tracing နည်းပညာထောက်ပံ့လာမှာရယ် အဲ့တာပဲတိတိကျကျသိရပါသေးတယ်။ Xbox series X မှာလိုပဲ PlayStation 5 အနေနဲ့ 8core AMD Zen2 CPU နဲ့ clock speed ကတော့ 3.5 GHz ကိုမှ GPU အတွက်တော့ 2.23 Ghz မှာ compute unit 36 ခုနဲ့ စွမ်းဆောင်ရည်ကတော့ 12 teraflops ထိရရှိမှာပဲဖြစ်ပါတယ်။ အပူချိန်လွန်ကဲလာတဲ့ ပြဿနာအတွက် Sony ရဲ့ ဖြေရှင်းချက်ကတော့ Compute unit အရေအတွက်ကိုလျှော့ချဖို့ပြီး clock count ကိုတိုးဖို့ပဲဖြစ်ပါတယ်။ Compute unit ကိုလျှော့ချလိုက်တဲ့အတွက် Developer တွေအနေနဲ့လဲပိုမိုသက်သာသွားမှာဖြစ်ပါတယ်။ RDNA 2 အသစ်ရဲ့ GPU compute အသစ်က PS4 အသစ်ထက်လျှပ်ကူး ၆၂% ပိုမိုပါဝင်လာမှာဖြစ်ပါတယ်။

clock speed လဲပိုမိုမြန်ဆန်လာမှာဖြစ်ပြီး PS5 အနေနဲ့တည်ငြိမ်တဲ့စွမ်းဆောင်ရည်မှာသာမန်အပူချိန်နဲ့အလုပ်လုပ်နိင်အောင်ရည်ရွယ်ထားပါတယ်။ဒီလိုတည်ငြိမ်တဲ့စွမ်းဆောင်ရည်အတွက် CPU နဲ့ GPU ကြားလုပ်အားမျှပေးတဲ့ AMD smart shiftလှည့်ကွက်ကိုသုံးလာနိုင်တယ်ပြီးတော့ workload များလာတဲ့အတွက် power consumption ကိုလဲတတ်မလာနိုင်အောင်ထိန်းထားပေးဖို့ပိုလိုလာမယ်။

Sony ကတော့ စာရွက်ပေါ်ကအချက်အလက်တွေက Xbox series X ထက်မသာပေမယ့် GPU ရဲ့စွမ်းဆောင်ရည်ကိုတော့ပိုမိုသုံးစွဲနိုင်မယ်လို့ပြောပါတယ်။ Sony ရဲ့ PS5 GPU ကတော့ AMD ရဲ့နောက်ထပ်ထွက်ရှိမဲ့ GPU အသစ်နဲ့ဆင်တူပြီးကုမဏီက‌ 4K ကို 60/120 Hz စွမ်းဆောင်ရည်ကိုကတိပေးထားပါတယ်။ နောက်တစ်ခု PS5 က Standard  NVMe drives တွေကိုထောက်ပံ့ပေးလာမှာဖြစ်ပြီးStorage ပမာဏ SSD 4TB PCIe 4.0 ထောက်ပံ့ပါဝင်လာမှာဖြစ်ပါတယ်။အဲ့တော့ internal storage ဒီထက်ပိုလိုချင်ရင်တော့ကုမဏီကထုတ်တဲ့SSDလောက်တော့မြန်မှာမဟုတ်ပါဘူး။ဒါပေမယ့်လည်းနောက်ထပ်ထပ်စိုက်စရာနေရာရှိဦးမှဖြစ်ပါတယ်။ PS5 ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ဒီဇိုင်းပိုင်းနဲ့စျေးနှုန်းကိုကတော့လုံးဝကိုလျှို့ဝှက်ချက်ဖြစ်နေပါတယ်။ နည်းပညာကိုစောင့်ကြည့်နေတဲ့လူတွေပြောသလိုပဲဒီ PS5 ရဲ့အကြောင်းအပြည့်အစုံကိုသိရဖို့ဒီနှစ်ကုန်လောက်ထိစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။တစ်ကယ်ထွက်လာဖို့ကလဲထုတ်လုပ်တဲ့အဆင့်မှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့်ဒီထက်ပိုပြီးနှောင့်နှေးဖို့ရှိပါတယ်။

Author : Hein Htet (Phase II)

Ref : Techspot

Previous
Previous

6.5 inches display နှင့် AI Camera သုံးလုံးပါဝင်သောတန်ဖိုးသင့် OPPO A31 ကိုမြန်မာနိုင်ငံတွင်စတင်မိတ်ဆက်

Next
Next

စျေးအနည်းဆုံးနဲ့ Specs အမြင့်ဆုံး Redmi K30 Pro အကြောင်း