ပိုမိုကြည်လင်ပြတ်သားသော မြင်ကွင်းရိုက်ချက် လုပ်ဆောင်မှုများ ပါဝင်လာမည့် OPPO Reno3 | Reno3 Pro တို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာတော့မည်

စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO သည် OPPO Reno3 | Reno3 Pro တို့၏ Global Version ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်မည့် အစီအစဉ်ကို ကြေငြာလိုက်သည်။ ဤကဲ့သို့ စတင်မိတ်ဆက်မည့် အစီအစဉ်အား အတည်ပြုလိုက်သည်။

OPPO အနေဖြင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ပထမဦးဆုံး Qualcomm-powered Dual-mode 5G စမတ်ဖုန်းများဖြစ်သည့် OPPO Reno3 | Reno3 Pro တို့ကို တရုတ်နိုင်ငံ၌ အောင်မြင်စွာ မိတ်ဆက်ပေးနိုင်ခဲ့ပြီးနောက် ယခုအခါတွင် နောက်ဆုံးပေါ်  OPPO Reno3 | Reno3 Pro တို့ကို အခြားစျေးကွက်များတွင်မိတ်ဆက်ပေးလျက်ရှိသည်။OPPO အနေနှင့် OPPO Reno3 | Reno3 Pro တို့တွင် နည်းပညာနှင့် ဒီဇိုင်းလုပ်ဆာင်ချက်များ အချိုးကျကျ ကောင်းမွန်စေရန်ကြိုးစားဆောင်ရွက်ထားသည်။OPPO Reno3 | Reno3 Pro တို့တွင် ထူးခြားကောင်းမွန်သည့် ဓာတ်ပုံရိုက်ကူးမှု Setting ပါဝင်သောကြောင့် မည်သည့် အလင်းရောင်အခြေအနေတွင်မဆို ပိုမိုကြည်လင်ပြတ်သားသော မြင်ကွင်းရိုက်ချက်များကို ရရှိစေနိုင်သည်။OPPO Reno3 | Reno3 Pro တို့သည် နေ့အလင်းရောင်တွင် ဓာတ်ပုံရိုက်ကူးပါကပိုမိုအသေးစိတ်ကျသော ရုပ်ထွက်အရည်သွေးကို ရရှိနိုင်မည်ဖြစ်ပြီး ညဘက်ဓာတ်ပုံရိုက်ကူးပါက ပိုမိုကောင်းမွန်ကြည်လင်သော ပုံရိပ်များကို ၎င်းတို့၏ ကင်မရာက လုပ်ဆောင်ပေးသည်။Ultra Dark Mode ပါဝင်မှုကြောင့်အလင်းမှိန်မှိန်တွင် ဓာတ်ပုံရိုက်ကူးဖြစ်မည်ဆိုရင်လည်း အခက်အခဲ ဖြစ်မည်မဟုတ်ပေ။ ထို့အပြင် ဗီဒီယိုရိုက်ကူးမှုသည်လည်း ယခင်ကထက် ပိုမိုကောင်းမွန်လာသည်သာမက ပိုမိုရိုးရှင်းလာသည်။ OPPO ၏ နည်းပညာတီထွင်ဆန်းသစ်လုပ်ဆောင်မှုများကြောင့်  OPPO Reno3 | Reno3 Pro တို့သည် ဝယ်ယူသုံးစွဲသူများအတွက် မနက်အရုဏ်ဦး နေရောင်ခြည်မှအစ ညအချိန် ကြယ်များ ရိုက်ကူးနိုင်သည်အထိ သဘာဝတရား၏ အလှတရားများကိုရိုက်ကူးနိုင်အောင် လုပ်ဆောင်ပေးထားသည်။

44MP + 2MP Dual Punch-hole Camera

OPPO Reno3 | Reno3 Pro တို့၏ OLED မျက်နှာပြင်တွင် ကမ္ဘာ့ပထမဆုံးသော 44MP + 2MP အရည်အသွေးရှိ

Punch-Hole ရှေ့ကင်မရာ နှစ်ပေါက်ပါဝင်မည်ဖြစ်ပြီး ပေါ့ပါးသွက်လက်ရုံသာမက ဓာတ်ပုံစွမ်းဆောင်ရည်ကို ပိုမိုသာလွန် စေမည်ဖြစ်သည်။ 44MPစွမ်းရည်ရှိMainကင်မရာသည်ဆယ်လ်ဖီရိုက်ရာတွင် လူ၏ မျက်နှာသွင်ပြင်ပုံသဏ္ဍာန်အနေအထားနှင့် ပိုမို လိုက်ဖက်သည့် ပြင်ဆင်ခြယ်သမှုများပြလုပ်ပေးနိုင်သော အရည်အသွေးမြင့်သည့် အသေးစိတ်ပြင်ဆင်ခြင်းများ ပါဝင်မည် ဖြစ်သည်။ Binocular Bokeh Application နှင့်အတူ အရှေ့ဘက်ကင်မရာနှင့် Bokeh ကင်မရာသည် Selfie စွမ်းဆောင်ရည်ကို ထပ်မံ၍ အထူးပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်။ Punch-Hole ကင်မရာ နှစ်ခု၏ ဒီဇိုင်းသည် ပိုမို ကောင်းမွန်သော Selfie ရိုက်ကူးခြင်းကို ပေးစွမ်းသည်သာမက ကိုင်တွယ်အသုံးပြုရာတွင်လည်း အထူးကောင်းမွန်သော ခံစားချက်ကို ပိုင်ဆိုင်ရရှိစေမည်ဖြစ်သည်။ ထို့အပြင် ပိုမိုပါးလွှာကာ ပေါ့ပါးသွက်လက်စေရုံသာမက လက်ထဲတွင် တစ်သားတည်းကျမည့် ကိုယ်ထည်ဖြင့် မိတ်ဆက်လာခြင်းဖြစ်သည်။

အားကောင်းသော Zoom ချဲ့ထွင်နိုင်မှု နည်းပညာပေါ် အခြေခံပြီး ရရှိလာသော တိုးတက်ပြောင်းလဲမှုများ

OPPO Reno3 | Reno3 Pro တို့သည် ဖုန်းဓာတ်ပုံရိုက်ကူးမှုနည်းပညာကို တမူထူးခြားသည့် အနီးကပ် Zoom ချဲ့ လုပ်ဆောင်ချက်ကြောင့် ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ OPPO Reno3 Pro တွင် 2x Optical Zoom, 5x Hybrid Optical Zoom နှင့် အများဆုံးပါဝင်သော 20x Digital Zoom သည် မည်သည့်အကွာအဝေးမှ ချိန်သည်ဖြစ်စေ Noise နည်းနည်းဖြင့် ကြည်လင်ပြတ်သားသော ပုံရိပ်များကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

အစွမ်းထက်သည့် 64MP Zoom Quadcam နှင့် Ultra Dark Mode ပါ၀င်သော OPPO Reno3 Pro

OPPO Reno3 Pro သည် ဘက်စုံအသုံးပြုနိုင်သော 64MP Zoom Quadcam ကို ထည့်သွင်းထားသည်။စွမ်းရည်မြင့် 64MP Ultra-clear Main ကင်မရာသည် ကြည်လင် တောက်ပသော ပုံရိပ်တွေကို ဖန်တီးပေးနိုင်သည့်အပြင် ပိုမိုကျယ်ပြန့်သော Zoom Range ပါဝင်ခြင်းကြောင့် ပုံရိပ်တွေကို တိကျရှင်းလင်းစွာမြင်တွေ့နိုင်မည်ဖြစ်သည်။ AI-powered Ultra Dark Mode ပါဝင်သောကြောင့် အလင်းမှိန်မှိန်တွင်လည်း ရိုက်ကူး၍ အဆင်ပြေစေမည်ဖြစ်ပြီး သာမန်မျက်စိနှင့်မြင်နိုင်ရန် ခက်ခဲသော ညအလှတရားများကို ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးနိုင်မည်ဖြစ်သည်။

ပုံရိပ်များကို အသေးစိတ်မြင်နိုင်ရန် ကူညီပေးသည့် ကြည်လင်ပြတ်သားသော 108MP

OPPO Reno3 Pro တွင် ပုံရိပ်များကို အထူး ကြည်လင်ပြတ်သားစေသော 108 MP ကို မိတ်ဆက်ပေးထားသည်။OPPO Reno3 Pro သည် 64 MP Ultra-Clear Main ကင်မရာအပြင် ပုံရိပ်အရည်အသွေး ပိုမိုကောင်းမွန်စေရန် နည်းပညာသစ်များ အသုံးပြုကာ စျေးကွက်တွင် စတင်ဝင်ရောက်လာခဲ့သည်။ ထို့ပြင် Ultra Clear 108MP သည် ရိုက်ကူးထားသော ပုံရိပ်များကို သက်ဝင်နေသည့် ပုံရိပ်များဖြစ်အောင်စွမ်းဆောင်ပေးရုံသာမက ကြည်လင်ပြတ်သားစွာနှင့် အရည်အသွေးမြင့်စွာ စွမ်းဆောင်ပေးမည်ဖြစ်သည်။ ၎င်း၏ အဆင့် တိုးမြှင့်ထားသော Dynamic Range ကြောင့် ဖုန်းမျက်နှာပြင်ပေါ်တွင် ပုံရိပ်ကို အသေးစိတ် ပေါ်လွင်စေမည်ဖြစ်သည်။စတိုင်ကျမှု၊ တန်းဝင်သော ကြော်ငြာ campaigns နှင့်  Designed for Reno ဟု အမည်ပေးထားသော  ဆန်းသစ်သည့်  ဒီဇိုင်းများနှင့်အတူ 20x zoom၊ Ultra Steady Video နှင့်  Ultra Dark Mode တို့သည် စမတ်ဖုန်း အသုံးပြုသူများအတွက်  ပြည့်စုံသော  စမတ်ဖုန်းများအဖြစ်  ပေးစွမ်းနိုင်ရန် အသင့်ဖြစ်နေပြီ  ဖြစ်ပါသည်။

Hein Htet ( Phase II )

Previous
Previous

အနာဂတ်ကာလ နည်းပညာမှာ ခေါက်ဖုန်းတွေနဲ့‌‌ခေါက်မျက်နှာပြင်တွေပဲ‌လွှမ်းမိုးလာတော့မှာလား?

Next
Next

Note 10 lite ကတော့ Samsung ရဲ့ ‌A51 နဲ့ A71 တို့နဲ့အတူထွက်ရှိလာတဲ့ Samsung ရဲ့နောက်ဆုံးပေါ် lite version စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။