Note 10 lite ကတော့ Samsung ရဲ့ A51 နဲ့ A71 တို့နဲ့အတူထွက်ရှိလာတဲ့ Samsung ရဲ့နောက်ဆုံးပေါ် lite version စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။
Design and built quality
ီဇိုင်းပိုင်းမှာတော့ note 10 lite က S20 မှာသုံးထားတဲ့ ကင်မရာဒီဇိုင်းကိုပဲသုံးပေးထားပါတယ်။ rectangle inhouse design မှာကင်မရာသုံးလုံး flash light ကိုအစီအရီထဲ့ပေးထားပြီးရှေ့မျက်နှာပြင်မှာတော့ ၆.၇ inches display ကို နောက်ထွက်ဖုန်းတွေအားလုံးမှာသုံးထားတဲ့ အလည်တည့်တည့်မှာ Punch hole ဒီဇိုင်းနဲ့သုံးပေးထားတယ်။ resolution ကတော့ note 10 မှာလို 1080p ခြင်းတူပေမဲ့ လက်တွေ့ display quality ကတော့ flagship level နဲ့ lite နဲ့ အရည်အသွေးပိုင်းကွာပါတယ်။ Body structure တည်ဆောက်ပုံကတော့နဲ့သုံးထားတဲ့ အရည်သွေးကတော့ Plastic တွေပါ။ ဒါကတော့ ကျွန်တော်တို့ လျှော့နည်းသွားတဲ့ စျေးနှူန်းနဲ့ပေးဆပ်လိုက်ရတဲ့ပထမဆုံးအချက်ပါ။

Chipset and Performance
သူ့မှာသုံးထားတဲ့ Chipset ကတော့ 10nm Exynox 9810 ပါ။ သူ့ရဲ့ Performance ကတော့ snapdragon 845 နဲ့ယေဘုယျအားဖြင့်တူတယ်ဆိုဘေမဲ့မတူပါဘူး snapdragon နဲ့ Antutu benchmark score မှာ အနဲဆုံး 6000 လောက်ကွာပါတယ်။ အဲ့တော့ real life မှာသုံးတာပဲဖြစ်ဖြစ် game ဆော့တာပဲဖြစ်ဖြစ် performance ပိုင်းမှာအနဲဆုံး မသိမသာတော့ကွာပါတယ်။
တခြား feature တွေမှာတော့ S-pen ပါတာခြင်းတူတာနဲ့ battery 4500 mAh သုံးထားတာတဲ့အချက်က note 10 lite ကိုဝယ်ယူဖို့အဓိကအကြောင်းအရင်းဖြစ်စေပါတယ်။ note 10 မှာတော့ 3500 mAh ပဲပါပါတယ်။ ဒါပေမယ့် Flagship featureတွေဖြစ်တဲ့ fast wireless charging တို့ reverse wireless charging နဲ့ Ultrasonic underdisplay fingerprint တို့တော့မရသလို speaker မှာလဲ stereo speaker ကိုလက်လွှတ်ရမှာပါ။

Camera
ကင်မရာမှာတော့ 12 MP wide, 12MP telephoto နဲ့ 12MP Ultrawide ဆိုပြီး ကင်မရာသုံးလုံးပါဝင်ပါတယ်။ဗီဒီယိုမှာတော့ 4K recording တော့မရဘူး ဒါပေမယ့်သူ့မှာပါတဲ့ super steady mode ကိုတော့တော်တော်လေးသဘောကြဖို့ကောင်းပါတယ်။
ဒီဖုန်းက upper midrange ဖုန်းတလုံးဖြစ်သလို တစ်ချို့နေရာလေးတွေမှာ price to performance နဲ့ ကြည့်မယ်ဆို ပေးရတာမတန်ဘူးလို့ခံစားမှုကိုပေးပါတယ်။ ဉပမာ body ကို တစ်ခုလုံး plastic သုံးထားတာမျိုးပေါ့။ ဒါပေမယ့် 4500 mAh battery နဲ့ s-pen ကဝယ်သုံးပါလို့ပြောနေသလိုပါပဲ။ အဲ့တော့ ဒီဖုန်းကို Samsung နဲ့ android ကိုစမ်းသုံးချင်တယ် note ရဲ့အငွေ့အသက်ကို ခံစားချင်တယ်ဆိုရင်တော့ ဝယ်သုံးကြပါလို့ပြောချင်ပါတယ်။
Author : Hein Htet ( Phase II )
Photo Crd : android authority, cnet,techlekh