Vivo ရဲ့ 5G smartphone သစ် Vivo Nex 3S ကိုမတ်လထဲတွင်မိတ်ဆက်မည်။

တရုတ်ဖုန်းကုမဏီဖြစ်တဲ့ Vivo ကတော့ Nex 3 ကိုစက်တင်ဘာလထဲမှာမိတ်ဆက်ခဲ့ပြီးနောက်မျိုးဆက်သစ်ဖုန်းဖြစ်တဲ့ Nex 3S 5G ကိုမိတ်ဆက်သွားဖို့ရှိပါတယ်။အရောင်အနေနဲ့ကတော့‌ရွေးချယ်စရာသုံး‌ရောင်ရှိလာနိုင်ပြီးအနက်နဲ့အဖြူလဲပါဝင်လာနိုင်ပါတယ်။ Nex 3S 5G ရဲ့မျှော်မှန်း Specs တွေကတော့ 6.89 Full HD + AMOLED display ကိုresolution အနေနဲ့က‌တော့ 1080x2256 ဖြစ်နိုင်ပြီးခြစ်ရာပွန်းရာခံနိုင်တဲ့မျက်နှာပြင်ကိုသုံးပေးလာနိုင်ပါတယ်။ အဓိက Processor ကတော့ Snapdragon 865ပါဝင်လာနိုင်ပြီးကိုယ်ပိုင် FunTouch OS ကို android version 10 နဲ့လာနိုင်ပါတယ်။

Ram ကတော့ရွေးချယ်စရာ 8GB နဲ့ 12GBနှစ်မျိုးပေးနိုင်ပြီး storage က‌တော့ 128GB.256GB နဲ့ 512GBတို့ပဲဖြစ်နိုင်ပါတယ်။ Report တွေအရတော့ ဆမ်းကဒ် နှစ်ခုနဲ့ဒီစမတ်ဖုန်းဟာနောက်ကျောဘက်ကင်မရာသုံးလုံးနဲ့ 64MP main sensor နဲ့ 13MP ultra-wide အပြင် 10x zoom အတွက် 13MP Telephoto lens တို့ဖြစ်နိုင်ပြီးရှေ့ဘက်မှာ‌တော့ 16MP selfie ကင်မရာလို့ခန့်မှန်းနိုင်ပါတယ်။ Feature တွေအနေနဲ့ကတော့ထုံးစံအတိုင်း in-display fingerprint အပြင် 4250 mAh ဘက်ထရီအပြင် 44W fast charging တို့ဖြစ်နိုင်ပြီး 5G ကတော့မပါမဖြစ်ပါ။

Vivo ကမကြာသေးခင်ကမှသူတို့ရဲ့ သုံးလုံးမြောက် conceptဖုန်းဖြစ်တဲ့ Apex 2020 ကိုချပြခဲ့ပါတယ်။ အဲ့ဒိ စမတ်ဖုန်းဟာ Qualcomm ရဲ့ Snapdragon 865 processor 12GB,256GB storage တို့ပါဝင်ပါတယ်။ 6.45 inches မျက်နှာပြင်ပြည့်ဖုန်းဖြစ်ပြီးဘေးဘက်‌ဘောင်တွေကတော့ viewing angle 120 ထိရရှိမှာပါ။ ဒီ concept ဖုန်းမှာတော့ display အောက်မှာ 16MP selfie camera နဲ့ 48MP,16MP dual camera setup တို့ပါဝင်ပါတယ်။

Author: Hein Htet ( Phase II )

Ref : gadgetsnow

Previous
Previous

Gaming Chair တွေကိုခေတ်နောက်ကျသွားစေမဲ့ Gaming Bed

Next
Next

Samsung မှ Galaxy S20 နှင့် Galaxy Z Flip စမတ်ဖုန်းအသစ်များအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်