Gaming Chair တွေကိုခေတ်နောက်ကျသွားစေမဲ့ Gaming Bed
ဒီနေ့ခေတ်မှာ ဂိမ်းကစားတဲ့နေရာမှာPC specs တွေသာမကပဲ ဂိမ်းကစားတဲ့နေရာမှာသက်သောင့်သက်သာဖြစ်ဖို့လဲဦးစားပေးလာကြပါပြီ။ Gaming chair တွေဟာဒီနေ့ခေတ်မှာတော်တော်လေးခေတ်စားနေပြီးဒီဇိုင်းအမျိုးမျိုးနဲ့ပုံစံအမျိုးမျိုးတွေထွက်ရှိလာပါပြီ။ ဒါပေမယ့်သင့်အနေနဲ့သူများနဲ့မတူတာလိုချင်တယ်ဆိုရင်တော့ ဒီGaming Bed မှာသင်အိပ်ဖို့အတွက်ကုတင်နဲ့ဂိမ်းဆော့တဲ့နေရာကိုထိုင်လိုက်ထလိုက်လုပ်စရာသွားစရာမလိုတော့ပါဘူး။ ဒီ Gaming Bed ကိုတော့ Japan နိုင်ငံက ဂိမ်းနဲ့ပတ်သတ်တဲ့ပရိဘောဂတွေကိုထုတ်လုပ်နေတဲ့ Bauhutte ရဲ့အိုင်ဒီယာပါ။ ထုတ်ကုန်တစ်ခုထဲကိုထုတ်တာထက် ဒီ Gaming bed ဟာပုံမှန်ကုတင်ကိုကုမဏီကတခြားထုတ်ကုန်ပစ္စည်းတွေဖြစ်တဲ့ ပစ္စည်းတင်တဲ့စင်တွေပရိဘောတွေနဲ့ပေါင်းစပ်လိုက်တာပါ။

ကုတင်ဘေးကစင်တွေမှာမုန့်နဲ့သောက်စရာတွေထည့်ထားနိုင်ပြီးမော်နီတာနဲ့ကီးဘုတ်တွေတင်နိုင်ဖို့အတွက်စင်တွေကိုကုတင်ဘေးပတ်လည်မှာလာကပ်ထားတဲ့ပုံပါပဲ။အိမ်သာပါတစ်ခါတည်းမပါတာတော့စိတ်မကောင်းစရာပါပဲ။ဒီ setup တစ်ခုလုံးကတော့ကြည့်ရတာတော်တော်စွဲဆောင်မှုရှိသလို သက်သောင့်သက်သာလဲရှိမဲ့ပုံပါပဲ။ အိပ်နေရင်းနဲ့လဲဖုန်းကြည့်လို့ရအောင်ကိုင်ပေးထားမဲ့လက်တံလိုကိုင်းလဲပါတော့မုန့်စားရင်းကြည့်လို့ရပါတယ်။

ဂိမ်းနဲ့အပတ်သက်တဲ့ပစ္စည်းတွေကိုစျေးကြီးပေးနေရတဲ့ခေတ်ကြီးထဲမှာဒီကုတင်ရဲ့စျေးကလဲမသေးလောက်ပါဘူး။ Puma ကထုတ်တဲ့ gaming ခြေအိတ်တစ်စုံကိုတောင်105 ဒေါ်လာပေးရပါတယ်။အဲ့တော့ ဒီကုတင်အပါအဝင် စင်တွေရောမော်နီတာတွေရော Rig နဲ့ console တွေပါအပြီးအစီးပါဆိုရင်တော့ ဒေါ်လာသောင်းချီပေးရလောက်ပါတယ်။
Author : Hein Htet ( Phase II )
Ref : Techspot