Samsung ရဲ့နောက်ဆုံးပေါ် A 51 နဲ့ A 71 ဘယ်ဟာကိုရွေးချယ်မလဲ?
Samsung a 51နဲ့ 71 ကတော့ Samsung က Galaxy s20 မတိုင်ခင်မှာမိတ်ဆက်ခဲ့တဲ့ smart phone တစ်လုံးပါ။ ဒီဖုန်းမှာ သုံးထားတဲ့ဒီဇိုင်းကတော့ S 20 ကို tease လုပ်ထားတာပါ။ နောက်ကျောဘက် ကင်မရာဒီဇိုင်းနဲ့ ရှေ့ဘက် display ဒီဇိုင်းတွေက S20 နဲ့အကုန်တူတူပဲ။ ဒီဇိုင်းပိုင်းနဲ့ Build quality ပိုင်းမှာတော့ midrange ဖုန်းတလုံးဖြစ်တဲ့အတွက်ဘာမှာတော့သိပ်မထူးခြားပါဘူး။ ဖုန်းရဲ့ကိုယ်ထည် အနောက်နဲ့ ဘေးကို ပလက်စတစ်တွေပဲသုံးပေးထားတယ်။ ကိုင်ရတဲ့ feeling ကတော့ တခြား mid range ဖုန်းတွေလိုပါပဲ။ ဒီဖုန်းနှစ်လုံးမှာကျွန်တော်တူတဲ့အချက်တွေကိုအရင်စပြောပြပါမယ်။

ဖုန်းနှစ်လုံးစလုံးမှာ optical under display fingerprint နဲ့ face recognition ပါတယ်။ နှစ်လုံးစလုံးမှာ 1080p resolution ရမယ်။ ကင်မရာပိုင်းမှာဆိုရင် 12 MP ultrawide နဲ့ 5MP macro, 5MP depth ကင်မရာတွေပါဝင်တာခြင်းတူပါတယ်။ gorilla glass 3 သုံးပေးထားတာခြင်းလဲတူပါတယ်။
မတူတာတွေစပြောပါမယ်။ display ကတော့ A 51 က 6.5 inches နဲ့ A 71 ကတော့ 6.7 inches နှစ်ခုလုံးကတော့ super AMOLED display တွေပဲဖြစ်ပါတယ်။ A 51 မှာ Samsung ရဲ့ 10nm Exynos 9611 ကိုသုံးထားပြီးတော့ a 71 မှာတော့ 8nm snapdragon 730 ကိုရရှိမှာပဲဖြစ်ပါတယ်။ processor ကွာသွားလို့ သုံးရတာဘာကွာလဲလို့မေးရင်ဘာမှသိပ်မကွာပါဘူး။ ကိုယ့်ရဲ့ usage နဲ့ ကိုဘယ်လိုသုံးလဲဆိုတာပေါ်မှာမူတည်ပါတယ်။ ဂိမ်းအများကြီးဆော့ပြီး social media နဲ့အလုပ်လုပ်နေတဲ့လူတွေအတွက်တော့ Processor မြင့်တာပိုကောင်းပါတယ်။ Ram ကတော့ A 51 မှာ 4GB, 6GB ရွေးချယ်နိုင်ပြီး A 71 မှာ 6GB, 8GB ရွေးချယ်နိုင်ပါတယ်။

ကင်မရာပိုင်း အဓိက ကွာခြားချက်ကတော့ A 51 မှာ 48 MP wide camera ဖြစ်ပြီး A71 မှာတော့ S20 အတိုင်းပဲ 64 MP ကိုသုံးပေးထားပါတယ်။ A 71 ကစျေးပိုကြီးတဲ့အတွက် battery ကို 4500 mAh သုံးထားပြီးတော့ A51 မှာတော့ 4000 mAh ပါမယ်။ mAh မြင့်လေ battery ပိုခံလေလို့ ယေဘုယျအားဖြင့်ပြောလို့ရပေမယ့်ကိုယ်သုံးတဲ့ပေါ်မှာပဲမူတည်ပါတယ်။ များများသုံးလေ မြန်မြန်ကုန်လေပါပဲ။
ဘယ်ဖုန်းကိုရွေးချယ်ရမလဲဆိုရင် ကျွန်တော်တို့ကိုယ့်ကိုကို ဘယ်လိုသုံးမှာလဲသိထားဖို့လိုပါလိမ့်မယ်။ နှစ်လုံးစလုံးမှာကွာခြားချက်တွေကတော့ size ရယ်, battery ရယ် processor ရယ်ပါ။ အဲ့တော့ ကိုယ်က ဂိမ်းအများကြီးဆော့မယ်။ဖုန်းကို heavy usage တွေတစ်နေကုန်သုံးမယ်ဆိုရင်တော့ ပိုကောင်းတာကိုဝယ်ပါ။ ဂိမ်းဆော့ရတာလဲအဲ့လောက်ကြီးမကြိုက်ဘူး size ကြီးတာလဲမကြိုက်ဘူးဆိုရင်တော့ ပိုသေးပြီး compact ဖြစ်တဲ့ a 51 ကရွေးချယ်ဖို့ပိုသင့်တော်မှာပါ။ prize to performance ကိုကြည့်မယ်ဆိုရင်တော့ ဒီဖုန်းတွေဟာ တခြား Mid range ဖုန်းတွေနဲ့ယှဉ်ရင် display ပိုင်းမှာတော့ပေးရတဲ့စျေးနဲ့တော်တော်ကိုတန်တယ်။ တခြားအပိုင်းတွေမှာတော့ဘာမှသိပ်ပြောစရာမရှိပါဘူး။ Samsung ရဲ့ One UI ကြိုက်တဲ့လူတွေအတွက်ရွေးချယ်သင့်ပြီးအခု One UI version 2.0 ကိုအဆင်သင့်တစ်ခါတည်းသုံးနိုင်မှာပါ။
Author : Hein Htet ( Phase II )
Photo crd : Neowin, Techadvisor,phoneworld