Samsung ရဲ့နောက်ထပ်ထွက်ရှိလာမဲ့ စမတ်ဖုန်းသစ် Galaxy M31

ဖုန်းအသစ်တွေတစ်ခုပြီးတစ်ခုမိတ်ဆက်နေတဲ့Samsung ရဲ့ mid range မကျ budget မကျဖုန်းဖြစ်တဲ့ M 31 အကြောင်းသိထားသမျှလေးကိုမျှဝေးပေးလိုက်ပါတယ်။ ဒီဖုန်းမှာ display ကတော့ 6.4 inches Super AMOLED infinity u display ပါဝင်လာမှာဖြစ်ပြီး resolution ကတော့ 1080p ရရှိမှာဖြစ်ပါတယ်။ Screen protection အတွက် corning gorilla Glass 3 နဲ့ကာကွယ်ပေးထားပါတယ်။ ကျောဘက်ဒီဇိုင်းကတော့ s20 နဲ့ ဆင်တူပါတယ်။ Performance ပိုင်းမှာတော့ Processor အနေနဲ့ Samsung ရဲ့ကိုယ်ပိုင် processor ဖြစ်တဲ့ Exynos 9611 ပါဝင်မှာဖြစ်ပြီး Ram ကတော့ 6GB ပါဝင်မှာဖြစ်ပါတယ်။ camera အနေနဲ့ နောက်ကျောဘက်မှာ 64 MP camera လေးလုံး setup နဲ့ပါဝင်မှာဖြစ်ပြီး 8 MP ultra wide-angle lens, 5 MP depth camera နဲ့ 5 MP macro lens တို့ပဲဖြစ်ပါတယ်။ ‌ရှေ့ဘက်ကင်မရာကိုလဲ 16MP ကနေ 32MP ကိုအဆင်မြင့်တင်ခဲ့ပြီး ပိုမိုကြည်လင်ပြတ်သားတဲ့ selfie တွေကိုရိုက်ကူနိုင်မှာပါ။

finger ကိုတော့အနောက်ဘက်မှာတွေ့ရမှာပါ။ sim card နှစ်ကဒ် အသုံးပြုနိုင်ပြီး micro sd card နဲ့ storage တိုးချဲ့နိုင်ပါသေးတယ်။ gaming နဲ့ day to day usage တွေအတွက် battery က 6000 mAh အကြီးကြီးပါဝင်ပါတယ်။ 6000 mAh battery အတွက် 18W fast charging ပါဝင်မှာဖြစ်ပြီးပိုမိုအသုံးခံတဲ့ဘက်ထရီသက်တမ်းကိုပေးစွမ်းနိုင်မယ်လို့လဲမျှော်လင့်လို့ရပါတယ်။ မိတ်ဆက်မဲ့အချိန်ကိုတော့မတ်လပိုင်းလောက်ခန့်မှန်းထားပြီး စျေးနှုန်းကိုတော့ US dollar 200 ဝန်းကျင်လောက်ခန့်မှန်းထားပါတယ်။

Author : Hein Htet ( Phase II )

Ref : 91mobiles

Previous
Previous

OPPO ၏ ဘက်စုံ စွမ်းဆောင်ရည်မြင့် 5G Flagship စမတ်ဖုန်းကို Online Conference တွင် စတင်မိတ်ဆက်သွားမည်။

Next
Next

Android 11 ရဲ့ developer version ကို preview ချပြလိုက်တဲ့ Google