Android 11 ရဲ့ developer version ကို preview ချပြလိုက်တဲ့ Google

Android 11 ကတော့ အစောပိုင်းအဆင့်မွမ်းမံဆဲပဲရှိသေးပြီး ပုံမှန်အသုံးပြုသူတွေအတွက်တော့မရည်ညွန်းပါဘူး။ developer တွေကတော့ android 11 ရဲ့ လုပ်ဆောင်ချက်အသစ်တွေကိုစိတ်လှုပ်ရှားနေကြပါတယ်။ တစ်ချို့လုံခြုံ‌ရေးနဲ့ကိုယ်‌ရေးကိုယ်တာအချက်အလက်ဆိုင်ရာမွမ်းမံမှုတွေကတော့ခွင့်ပြုချက်များစွာလိုအပ်ပြီး storage ကိုaccess လဲလိုအပ်ပါတယ်။ Google ကတော့ android 11 ရဲ့ developer preview ကိုထင်ထားတာထက်စော‌စောမိတ်ဆက်ခဲ့ပြီးgoogle က‌တော့ android 11 ကို ရိုးရိုးရှင်းရှင်း လို့ရည်ညွှန်းထားပါတယ်။ google အနေနဲ့ android 10 ရဲ့ marketing themes ဖြစ်တဲ့ dessert ကိုတော့စွန့်လွှတ်လိုက်ပါပြီ။ မိုဘိုင်းဖုန်း ၂.၅ ဘီလီယံပေါ်မှာမောင်းနှင်မဲ့ဒီ version အသစ်ကိုနောက်ဆုံးအဆင်မထုတ်လုပ်ခင်မှာ preview နဲ့ Beta အဆင့်တွေတော်တော်များများကိုချပြသွားဖို့ရှိနေပေမဲ့ကုမဏီကတော့လက်တ‌လောကြုံလာမဲ့ error တွေနဲ့ လုပ်ဆောင်ချက်အသစ်တွေကိုရွှိုင်းဖို့လို့ပါသေးတယ်။ အဲ့တာကြောင့်ယခုချပြခဲ့တဲ့ preview တွေကိုစမ်းသပ်ဆဲအဆင့်တွင် မေလမှာကျင်းပမဲ့ google I/O conference မတိုင်ခင်ကြီးကြီးမားမားပြောင်းလဲမှုတွေမြင်ရဦမှာမဟုတ်သေးပါဘူး။

ယခု android 11 ရဲ့  developer အဆင့်ကိုသုံးချင်ရင်တော့ Pixel 2 နဲ့ Pixel 3, Pixel 3a တို့မှာသုံးလို့ရပါပြီ။ Pixel ဖုန်းတွေမရှိဘူးဆိုလဲ android emulator ရှိပါတယ်။ android 11 မှာတော့ ကောင်းမွန်တဲ့ စနစ်အဆင့်ထပ်တိုးမှုတွေပါဝင်လာမှာဖြစ်ပြီး အက်ပလီကေးရှင်း ဖန်တီးသူတွေအနေနဲ့သူတို့ရဲ့ app အသုံးပြုနေတဲ့ connection type (ဥပမာ 5G နဲ့ data) သုံးစွဲမှုတွေကိုပိုမိုသတိထားမိစေမှာဖြစ်ပါတယ်။ google အနေနဲ့ အဲ့တာတွေတင်မကသေးပဲ ခေါက်ဖုန်းမျက်နှာပြင်တွေအတွက် API ( Application Programming Interface ) တွေပြီးတော့ stadia ( cloud gaming) အတွက်‌နှေးကွေးမှုမရှိဖို့အတွက် video decoding နဲ့ အဆင်ပြေချောမွေ့တဲ့ ပုံ format သစ်ဖြစ်တဲ့ HEIF တို့ပါဝင်လာပါတယ်။ ဒါအပြင် google က apple book ထဲက apple ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့လုံခြုံရေးအတွက်လဲကိုးကားထားပါတယ်။ ဥပမာ app တစ်ခုက location service ကိုသုံးဖို့လိုအပ်မှခွင့်တောင်းတာတို့ခွင့်ပေးလိုက်ရင်အဲ့ဒိခွင့်ပြုချက်ကို default ထားမှာလား application ဖွင့်မှ service ကိုသုံးမှာလားအစရှိတာတွေပါ။

Google က android UI ပိုင်းကိုလဲအလှည့်အပြောင်းလေးတွေလဲလုပ်ထားပါသေးတယ်။ notification မှာ မက်ဆေ့ချ်အတွက်အရိပ်ကလေးတွေထည့်ပေးထားတာတို့အစရှိတာလေးတွေပါ။ကုမဏီအနေနဲ့တော့ android stable version ကို ဂျွန်လလောက်မှာထုတ်ပေးနိုင်ဖို့မျှော်လင့်ထားပြီး beta မှာစမ်းဖို့အဆင့်တွေကျော်ဖြတ်ရဦးမှာပါ။

Author : Hein Htet ( Phase II )

Ref : Techspot

Previous
Previous

Samsung ရဲ့နောက်ထပ်ထွက်ရှိလာမဲ့ စမတ်ဖုန်းသစ် Galaxy M31

Next
Next

AMD နဲ့ Nvidia chipset သုံးစူပါကွန်ပြူတာတွေကို 590 TB RAM နဲ့ မှာယူလိုက်တဲ့ US ရေတပ်