AMD နဲ့ Nvidia chipset သုံးစူပါကွန်ပြူတာတွေကို 590 TB RAM နဲ့ မှာယူလိုက်တဲ့ US ရေတပ်

US ရေတပ်အတွက် AMD ထုတ် server version EPYC Rome processor နဲ့ Nvidia ရဲ့ Volta GPU တွေကိုအသုံးပြုပြီး Cray အနေနဲ့ Supercomputer ကိုတည်ဆောက်နေတာပါ။ Cray ရဲ့ Shasta platform ပေါ်မှာတည်ဆောက်နေတာဖြစ်ပြီး performance အနေနဲ့ကတော့ 12.8 petaflops ( Flops = floating point operations per second ) အထိ boost လုပ်နိုင်မှာဖြစ်ပြီး စွမ်းဆောင်ရည်ကတော့ ယခုလက်ရှိစွမ်းဆောင်မှုအကောင်းဆုံး supercomputer အခု 20 ထဲမှာပါဝင်ပါတယ်။ Stennis Space center မှာရှိတဲ့ US ရေတပ်ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံးခေတ်မှီကာကွယ်မှုဌာနမှာ cray shasta computer ကို ထည့်သွင်းအသုံးပြုတည်ဆောက်ထားပါတယ်။ ဒီ program မှာ ပထမဆုံး 10 petaflops Boostကျော်တဲ့ပထမဆုံးစူပါကွန်ပြူတာဖြစ်လာမှာပါ။

ဒီစူပါကွန်ပြူတာမှာတော့ Hardware တွေအနေနဲ့သင်စိတ်ကူးယဥ်ကြည့်ဘူးတဲ့ရှယ် spec တွေကိုတွေ့ရမှာပါ။ သိရှိရတဲ့ spec တွေကတော့ AMD ရဲ့ server သီးသန့် processor ဖြစ်တဲ့ 64 core 7002 series EPYC CPU ပေါင်း ၂သိန်း၉သောင်းသုံးရာ့လေးခုနဲ့ နာမည်ကြီး graphic card ကုမဏီဖြစ်တဲ့ Nvidia ရဲ့ volta v100 GPUs ပေါင်း ၁ရာ၁ဆယ့်၂ခုတို့ပါဝင်မှာဖြစ်ပါတယ်။ Network အတွက် 200 GB per second ရရှိမဲ့ network card တွေပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 590 TB RAM ပါဝင်မှာဖြစ်ပြီး storage အတွက် 14 petabytes ပါဝင်မှာဖြစ်ပြီး SSD အတွက် 1 PB NVMe-based ပါဝင်မှာဖြစ်ပါတယ်။

1 terabyte မှာ GB 1 ထောင် ရှိပါတယ်။ 590 TB ဆိုတော့ GB ‌ပေါင်း 5သိန်း9သောင်းနဲ့ညီမျှပါတယ်။ အဲ့လိုပဲ storage မှာလဲ 1 petabyte မှာ 1000 terabyte ရှိပါတယ်။ 14 petabyte ဆိုတော့ 14000 terabyte ရှိပါတယ်။ GB 1 ထောင်က 1 terabyte နဲ့ညီမျှပါတယ်။ ဒီ system ကို ၂၀၂၁ အစောပိုင်းမှာစတင်လည်ပတ်ဖို့မျှော်လင့်ထားပြီးလေယာဉ်နဲ့သင်္ဘောတည်ဆောက်တဲ့နေရာနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့နေရာတွေ ဥပမာ မုန်တိုင်းခန့်မှန်းတာနဲ့မိုးလေဝသစတာတွေမှာပါအသုံးပြုဖို့ရည်ရွယ်ထားတာပါတယ်။ 71 သန်းတန်စူပါကွန်ပြူတာသုံးလုံးကိုတည်ဆောက်ပေးဖို့ cray နဲ့ US စစ်တပ်နဲ့စာချုပ်ချုပ်ထားတယ်လို့လဲသိရပါတယ်။

Author : Hein Htet (Phase II)

Ref : techspot,PCgames

Previous
Previous

Android 11 ရဲ့ developer version ကို preview ချပြလိုက်တဲ့ Google

Next
Next

Huawei မှ Matebook X pro အသစ်ကိုနောက်ဆုံးပေါ် intel processor အသစ်နဲ့ အရောင်သစ်အစိမ်းရောင်ကိုမိတ်ဆက်