Huawei မှ Matebook X pro အသစ်ကိုနောက်ဆုံးပေါ် intel processor အသစ်နဲ့ အရောင်သစ်အစိမ်းရောင်ကိုမိတ်ဆက်
Huawei ကတောသူ့ရဲ့ Matebook X ကိုဒီနှစ်မှာတော့အဆင်မြင့်တင်ပြီးမိတ်ဆက်လာခဲ့ပါတယ်။ သိသိသာသာအဆင်မြင့်တင်ထားတဲ့အပိုင်းကတော့ intel ရဲ့နောက်ဆုံးပေါ် 10 gen processor နဲ့ အရောင်သစ်အစိမ်းရောင်တို့ပဲဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာတော့မနှစ်ကနဲ့ဆင်တူပြီး edge to edge 13.9 inches touchscreen display နဲ့ finger print ကိုပါဝါခလုတ်မှာမြုပ်နှံထားပါတယ်။ထူးခြားတာလေးတစ်ခုကတော့ webcam ကို Pop-up လုပ်ပေးထားတာပါ။ ဒီနှစ်အသစ်ထွက်ရှိထားတဲ့ intel ရဲ့ i7 processor ကို 10 gen ရွေးချယ်နိုင်မှာဖြစ်ပြီး RAM ကတော့ 16 GBနဲ့ 1TB storage ကိုဝယ်ယူနိုင်မှာပါ။ Core i7 version ထဲမှာ Navidia MX250 graphic card ပါဝင်မှာဖြစ်တဲ့အတွက်မိုက်ပါတယ်။ USB-A နဲ့ USB-C port ကတော့မနှစ်ကလိုပဲပြန်လည်ပါဝင်မှာဖြစ်ပြီး Huawei ကတော့ရွေးချယ်ဖို့အရောင်သစ်အစိမ်းရောင်အပြင်ငွေရောင်နဲ့မီးခိုးရောင်နှစ်ခုထပ်ပေးထားပါတယ်။

Matebook D Budget တန်း ကိုလဲပြန်လည်သစ်ဆန်းခဲ့ပြီး 14 inches နဲ့ 15 inches model နှစ်မျိုးရရှိမှာဖြစ်ပြီး 1920x1080 display နဲ့ ဘောင်ပျောက်လုနီးပါး display ကိုရရှိမှာဖြစ်ပြီး flagship model ဖြစ်တဲ့ matebook X Pro ထက်တော့ပိုထူနေဦးမှာပါ။14 inches မော်ဒယ်မှာတော့ အမြင့်ဆုံး version အနေနဲ့ i7 10 gen,8GB RAM, 512 GB storage ထိမှာယူနိုင်မှာပါ။ 14 inches မှာ USB-C တစ်ပေါက် USB-A နှစ်ပေါက်နဲ့ HDMI နဲ့ headphone jack တို့ပါဝင်မှာဖြစ်ပြီး 15 inches မှာတော့ USB-A တစ်ပေါက်အပိုပါဝင်လာမှာဖြစ်ပါတယ်။
နောက်ဆုံးပေါ် Matebook X Pro ကိုတော့ April လမှာစတင်ဝယ်ယူနိုင်မှာဖြစ်ပြီးစျေးနှုန်းကတော့ core i5, 16GB,512GB storage မော်ဒယ်ကို 1499 euros နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Author: Hein Htet ( Phase II )
Ref : the verge