လေထဲကနေလျှပ်စစ်ထုတ်လုပ်နိုင်မဲ့ကရိယာသိပ္ပံပညာရှင်များတီထွင်
မက်ဆားချူးဆက်တက္ကသိုလ်မှသိပ္ပံပညာရှင်များအနေနဲ့ လေထဲမှာသဘာဝအလျောက်ရေငွေ့တွေကနေလျှပ်စစ်ထုတ်နိုင်မဲ့ကရိယာကိုဖန်တီးနိုင်ခဲ့ပါတယ်။ ဒီတီထွင်မှုဟာတကယ်ကိုအနာဂတ်ကိုပြောင်းလဲနိုင်မဲ့တီထွင်မှုဖြစ်ပြီးကြိုးမဲ့ကရိယာတွေကိုလျှပ်စစ်ဓာတ်အားပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ဒီကရိယာက Air-gen လို့ခေါ်တဲ့ကရိယာတစ်မျိုးကိုသိပ္ပံပညာရှင်တွေကပုံမှန်မဟုတ်တဲ့ Geobacter ထဲက microbe နဲ့တခြားပစ္စည်းတွေကို ရွံ့ထူတဲ့ Potomac မြစ်ရဲ့ကမ်းခြေမှာရှာဖွေတွေ့ရှိခဲ့ပြီးအဲ့ထဲမှာမှ microbe ကအောက်ဆီဂျင်မပါဘဲသံလိုက်ဓာတ်ကိုထုတ်လွှတ်နိုင်ပါတယ်။ အဲ့ဒိ microbe အပါအဝင်တခြားပစ္စည်းတွေကိုစမ်းသပ်နေတုန်းမှာပဲ nanowires တွေကိုလျှပ်ကူးပစ္စည်းတွေနဲ့ဆက်သွယ်နိုင်ပြီးလျှပ်စီးတစ်ခုထွက်ရှိလာရာကနေ လျှပ်စစ်သိပ္ပံပညာရှင် Jan Yao ကသတိထားမိပြီးမတော်တဆရှာဖွေတွေ့ရှိခဲ့တာပါ။

nanowire ကပတ်ဝန်းကျင်လေထုထဲကရေငွေ့ကိုစုပ်ယူပြီး ဒီ device ကို လျှပ်ကူးတိုင်နှစ်ခုမှာလျှပ်စစ်ဖြတ်စီးစေတာပါ။ ဒီ Air-Gen လို့ခေါ်တဲ့ကရိယာကသန့်စင်တဲ့စွမ်းအင်ကို 24 နာရီထုတ်ပေးနိုင်တယ်လို့ Jan Yao ကပြောကြားခဲ့ပါတယ်။ ယခုအချိန်မှာတော့ဒီကရိယာတစ်ခုကနေ ဗို့အား 0,5 ဝန်းကျင်လောက်ထုတ်ပေးနိုင်ပြီး device တွေအားလုံးပေါင်းလိုက်ရင်တော့စမတ်ဖုန်းတစ်ခုကိုအားသွင်းနိုင်ဖို့လုံလောက်တဲ့ဗို့အားကိုလေထဲကနေထုတ်နိုင်မှာဖြစ်ပါတယ်။ဒီကရိယာဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်ကနေကြည့်ရင်တော့ပြန်လည်အသုံးချနိုင်တယ်ပြီးတော့လေထုမညစ်ညမ်းဘူးထုတ်လုပ်စရိတ်သက်သာတဲ့အပြင်စိုထိုင်းမှုနဲတဲ့နေရာတွေဖြစ်တဲ့ကန္တရလိုနေရာတွေမှာတောင်အလုပ်လုပ်မှာဖြစ်ပါတယ်။ ဒီ device ကိုတီထွင်ခဲ့တဲ့အသင်းအနေနဲ့များများစားစားထုတ်လုပ်ချင်တာဖြစ်ပြီးမြို့နယ်တွေအလိုက်လျှပ်စစ်ပေးဝေနိုင်ဖို့အထိမျှော်လင့်ထားတယ်လို့သိရပါတယ်။နောင်တစ်ချိန်မှာကျွန်တော်တို့အိမ်တွေကနံရံတွေပေါ်ကနေတစ်အိမ်လုံးကိုလျှပ်စစ်ထောက်ပံ့နိင်တဲ့အထိတောင်ဖြစ်လာနိုင်ပါတယ်။
Author: Hein Htet ( Phase II )
Ref: Techspot