photoshop ရဲ့နှစ်သုံးဆယ်ပြည့်မွေးနေ့မှာ Features အသစ်တွေသယ်ဆောင်လာပေးမဲ့ Adobe

Photoshop လို့ပြောလိုက်တာနဲ့ ကွန်ပြုတာနဲ့အလုပ်လုပ်နေတဲ့လူတွေ ဒီ App ကိုမသိတဲ့လူမရှိပါဘူး။ 1990 ကနေစပြီးလုပ်ဆောင်ချက်အသစ်တွေနဲ့မွမ်းမံမှုအသစ်တွေကိုမိတ်ဆက်လာခဲ့တာယခုဆိုနှစ်သုံးဆယ်ပြည့်ပါပြီ။

Adobe ကတော့ Photoshop ရဲ့ အနှစ်သုံးဆယ်ပြည့်မှာ လုပ်ဆောင်ချက်နဲ့မွမ်းမံမှုအသစ်တွေ Desktop နဲ့ ipad တွေမှာယူဆောင်လာဖို့ရှိတယ်လို့ကြေငြာလိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေထဲမှာတော့ ပထမဆုံးအနေနဲ့ CAF လို့ခေါ်တဲ့ content-aware Fill လုပ်ဆောင်ချက်ကပုံတစ်ပုံရဲ့နေရာတော်တော်များများကို‌ရွေးချယ်တာနဲ့ပြန်ဖြည့်တာတွေအတွက်ကိုယ်လုပ်လက်စ window ကိုပိတ်စရာမလိုဘဲနဲ့လုပ်‌ဆောင်နိုင်မှာပါ။

နောက်ထပ်အသုံးများလာမဲ့ အဓိကလုပ်ဆောင်ချက်ကတော့ GPU ကိုအသုံးပြုပြီး‌တော့အဆင့်မြင့်တင်ထားတဲ့ Lens blur filter ဖြစ်ပြီးပုံတွေအတွက်သဘာဝကျတဲ့‌ရှေ့ကြည်နောက်ဝါးပုံတွေကိုဖန်တီးနိုင်မှာပါ။အခု မွမ်းမံထားတဲ့ algorithm ကပိုမိုက်တဲ့‌ရှေ့ကြည်နောက်ဝါးပုံတွေကိုထုတ်ပေးနိုင်ဖို့ဝါးတဲ့အခါမှာအစွန်းတွေကိုပိုမိုတိကျစွာဝါးပေးနိုင်ပြီးစွဲဆောင်မှုရှိတဲ့ Highlight တွေကိုထုတ်ပေးမှာပါ။ Mac Os Catalina သုံးတဲ့ user တွေအနေနဲ့ Photoshop မှာ dark mode ရရှိလာပြီးOS နဲ့တသားတည်းဖြစ်နေမှာပါ။ပြောင်းလဲလိုက်တဲ့အပြောင်းအလဲတွေထဲမှာ Photoshop ရဲ့ UI က stylus နဲ့ မောက်စ် အသုံးပြုပြီးပုံတွေစာတွေဆွဲထည့်တာတွေ ပုံကြီးချဲ့တာတွေ ချုံ့တာတွေအတွက်ပိုမိုချောမွတ်တဲ့ခံစားမှုကိုပေးစွမ်းနိုင်မှာပါ။

Window သုံးတဲ့လူတွေအတွက်လဲအခု update မှာ Stylus နဲ့ digitizer tablet သုံးတဲ့လူတွေ driver သွင်းဖို့လိုနေတဲ့လိုအပ်ချက်ကြီးကိုဖယ်ရှားလိုက်ပါပြီ။ ipad version Photoshop မှာလဲ Desktop versionတွေလိုပဲ object selection tool အတွက်မြန်မြန် ရွေးချယ်နိုင်တာတွေ setting အသစ်တွေအနေနဲ့  layer, character,option properties တွေမှာ စာတွေကို track တာ စကေးချတာနဲ့ formatချတာတွေအစရှိတဲ့ setting တွေနဲ့ဆိုင်တဲ့ လုပ်ဆောင်ချက်အသစ်တွေ အားလုံး version အသစ်မှာ ပါဝင်လာမှာပါ။ adobe ကတော့ Photoshop Ipad versionကို desktop version နဲ့ကွာခြားချက်တွေကိုလိုက်မှီနိုင်ဖို့ User experience ပိုင်းကိုတော်တော်ကြိုးစားထားရတယ်လို့ဆိုပါတယ်။ အဲ့ဒိ Update တွေမှာအဆိုပါလုပ်ဆောင်ချက်တွေသာမကပဲ file တွေကို cloud ပေါ်ကို upload လုပ်တာနဲ့ download ဆွဲတဲ့နေရာတွေမှာ အင်တာနက်လိုင်းရဲ့ အမြန်နှူန်းနဲ့ file size ပေါ်မှုတည်ပြီး ယခင်ကထက် 90% ပိုမိုမြန်ဆန်လာမယ်လို့ဆိုပါတယ်။

Author: Hein Htet ( Phase II )

Ref : Hindustan Times

Previous
Previous

Sony ရဲ့စမတ်ဖုန်း line up အသစ် Xperia 1 II မှာ 5G ပါဝင်မည်။

Next
Next

realme က Triple Camera စနစ်ပါဝင်သည့် realme C3 ကို မိတ်ဆက်ပေးသွားရန်ရှိနေပြီး G70 Processor အသုံးပြုထားသည့် မြန်မာပြည်၏ပထမဆုံးစမတ်ဖုန်းဖြစ်လာမည်။