realme က Triple Camera စနစ်ပါဝင်သည့် realme C3 ကို မိတ်ဆက်ပေးသွားရန်ရှိနေပြီး G70 Processor အသုံးပြုထားသည့် မြန်မာပြည်၏ပထမဆုံးစမတ်ဖုန်းဖြစ်လာမည်။
realme အနေဖြင့် ယခု ဖေဖော်ဝါရီလအတွင်း C series ထုတ်ကုန်သစ်ဖြစ်သည့် realme C3 ကိုမိတ်ဆက်ပေးသွားရန်ရှိနေပြီး “Triple Camera, Game Monster” ဆိုသည့်အတိုင်း ကင်မရာပိုင်းနှင့် ဂိမ်းပိုင်းဆိုင်ရာတို့တွင် ပိုကောင်းသည့်အတွေ့အကြုံများကိုရရှိစေမည်ဖြစ်သလို ဈေးနှုန်း ၂သိန်းအောက်တွင် အများမျှော်လင့်ထားကြသည့် စွမ်းဆောင်ရည်မြင့် Budget King ဖုန်းတစ်လုံးအဖြစ်ထွက်ပေါ်လာဖွယ်ရှိနေသည်။ealme C3 အမျိုးအစားမှာ entry-level အဆင့် ဘက်စုံသုံး C series ထုတ်ကုန်များထဲက မော်ဒယ်အသစ်တစ်ခုဖြစ်ပြီး realme C series စမတ်ဖုန်းများမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၁ဝ.၂ သန်းအထိရောင်းချထားရပါတယ်။ အသစ်မိတ်ဆက်ပေးမည့် realme C3 မှာ စွမ်းဆောင်ရည်အပိုင်း၊ ကင်မရာပိုင်း၊ ဖုန်းမျက်နှာပြင်ပိုင်းနှင့် ဘက်ထရီပိုင်းတို့တွင် အဓိကအားသာချက်များရှိနေမည့် စမတ်ဖုန်းတစ်လုံးလည်းဖြစ်သည်။ realme C3 တွင် ကမ္ဘာ့ပထမဆုံး MediaTek ၏ Helio G70 processor ကိုအသုံးပြုလာမည်ဖြစ်ပြီး သူ့ဈေးတန်းတွင် အကောင်းဆုံးစွမ်းဆောင်မှုပေးနိုင်မည့် processor လည်းဖြစ်သည်။ လက်ရှိတွင် realme C3 အနေဖြင့် Antutu benchmark ရမှတ်စစ်ဆေးမှုအပိုင်းတွင် ရမှတ်ပေါင်း 193,000 ကျော်အထိရရှိထားပြီးဖြစ်သည်။ နေ့စဉ်ဖုန်းကိုအဓိကအသုံးပြုရသူများနှင့် ဂိမ်းကစားသူများ အားလုံးအတွက်မြန်ဆန်သွက်လက်သည့်စွမ်းဆောင်ရည်မျိုးသေချာစေရန်အတွက် ကွန်ရက်ပိုင်းဆိုင်ရာနှေးကွေးမှုများကို MediaTek Gaming နည်းပညာကိုအသုံးပြုပြီး အမြင့်ဆုံးဖြစ်အောင်မြှင့်တင် အသုံးပြုပေးထားသည်။ realme C3 မှာ C series ထုတ်ကုန်များထဲတွင် ကင်မရာ၃လုံးစနစ် (12MP+2MP+2MP) ပါဝင်သည့်ဖုန်းတစ်လုံးဖြစ်သည်။ realme C3 တွင် Chroma Boost၊ Portrait Mode ကဲ့သို့ ကင်မရာ feature ကောင်းများပါဝင်ထားသလို သူ့ဈေးတန်းအနေအထားတွင် ရှာဖွေရန်ခက်ခဲ့သည့် slow motion video ရိုက်ယူခြင်းများကိုပါထည့်သွင်းပေးထားသည်။ ထို့အပြင် ၄စင်တီမီတာအကွာအဝေးက ပုံရိပ်များကိုအနီးကပ်ပုံစံရိုက်ယူနိုင်စေမည့် Super Macro Lens ကိုလည်းထည့်သွင်းပေးထားသည်။ realme C3 အနေဖြင့် ပုံမှန် Dewdrop ဒီဇိုင်းထက် 30.9% အထိပိုမိုသေးငယ်သော mini drop မျက်နှာပြင်ကိုအသုံးပြုပေးထားပြီး ကြီးမားသည့် 6.5-inch HD+ မျက်နှာပြင်အရွယ်အစားအဖြစ် အသုံးပြုရမှာပါ။

မျက်နှာပြင်ကြီးမားသည့်အားသာချက်ကြောင့် multimedia အသုံးပြုမှုအပိုင်းတွင် ပိုမိုအားရစွာအသုံးပြုနိုင်မှာပါ။ ထို့အပြင် ကြီးမားသည့် 5000 mAh ဘက်ထရီသုံးထားခြင်းကြောင့် အားအမြန်ကုန်ခြင်းအတွက်စိတ်ပူစရာမလို ဘဲ ဖျော်ဖြေရေပိုင်းများကို မရပ်မနားကြည့်ရှုခံစားနိုင်စေဦးမည်ဖြစ်သည်။ realme C3 မှာ reverse charging စနစ်ပါဝင်သည့်အတွက် အခြားသောဖုန်းတစ်လုံးလုံး သို့မဟုတ် Bluetooth နားကြပ်ကဲသို့ accessory များကိုပါအားပြန်သွင်းပေးစေနိုင်မည်ဖြစ်သည်။ လူငယ်များပိုမိုနှစ်သက်ကြသည့် စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်လာသည်နှင့်အညီ realme C3 ၏အရောင်ရွေးချယ်မှုအပိုင်းအတွက် Blazing Red နှင့် Frozen Blue ၂ရောင်ကို မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ realme C3 ကို လာမည့် ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးမှပရိသတ်များကြည့်ရှုခံစားနိုင်စေရန်အတွက် Facebook မှတစ်ဆင့်တိုက်ရိုက်ထုတ်လွှင့်မှု Livestream အစီအစဉ်ကိုပါထည့်သွင်းပေးသွားမည်ဖြစ်သည်။