WHO နဲ့ပူးပေါင်းပြီး Facebook, Google နဲ့ Amazon တို့ coronavirus သတင်းအမှားတွေကိုတားဆီးဖို့ကြိုးစား

World Health Organization က Coronavirus ကို COVID-19 လို့တရားဝင်ခေါ်ဆိုပြီးနောက် ဗီုင်းရပ်နဲ့ ပတ်သက်သမျှသတင်းအမှားတွေကို တားဆီးဖို့ Facebook, Google နဲ့ Amazon တို့ကိုတရားဝင် Meeting ခေါ်ခဲ့ပါတယ်။ ဒီအစည်းအဝေးကို‌တော့ ကယ်လိုဖိုးနီးယားမှာရှိတဲ့ Menlo park မှာ facebook ကဦးဆောင်ကျင်းပခဲ့တာပါ။ ဒီအစည်းအဝေးကိုတော့ တခြားနာမည်ကြီး IT ကုမဏီတွေ( Youtube , Dropbox, Twitter ) တက်ရောက်ခဲ့ကြပြီး Apple, Lyft, Uber တို့ကတော့ မတက်ရောက်ခဲ့ပါဘူး။ စင်ကာပူမှာ coronavirus နဲ့ပတ်သက်တဲ့သတင်းအမှားတွေကြောင့် စတိုးဆိုင်တွေမှာအိမ်သုံး အခြေခံစားသောက်ကုန်တွေ အရောင်းပြတ်တဲ့အထိဖြစ်ခဲ့ပါတယ်။ အဲ့အဖြစ်အပျက်နဲ့စပ်လျှဉ်းပြီး WHO က corona virus တုန့်ပြန်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုမျှဝေခဲ့ပြီး ကုမဏီတွေကလဲ virus ပြန့်ပွားနေစဉ်သတင်းအမှားတွေနဲ့ပတ်သက်ပြီးဘယ်လိုရင်ဆိုင်မလဲဆိုတဲ့အကြံညဏ်တွေဝေမျှခဲ့ပါတယ်။  အစည်းအဝေးရဲ့အဓိက‌ခေါင်းစဉ်အနေနဲ့ကတော့ coronavirus နဲ့ပတ်သတ်တဲ့သတင်းအမှားတွေကိုဘယ်လိုကိုင်တွယ်မလဲဆိုတာပဲဖြစ်ပါတယ်။WHO အနေနဲ့ သတင်းအချက်အလက်အမှားတွေကိုဆိုရှယ်မီဒီယာတွေအနေနဲ့ Third party အကူအညီမလိုဘဲကိုင်တွယ်နိုင်ဖို့ကူညီပေးထားတယ်လို့ပြောပါတယ်။

corona ဗိုင်းရပ်စ်ကတကမ္ဘာလုံးအနေနဲ့ IT industry ကိုအတိုင်းအတာတစ်ခုအထိရိုက်ခတ်ခဲ့ပြီး တရုတ်မှာ Xiaomi ကုမဏီအနေနဲ့သူတို့ရဲ့ထုတ်ကုန်သစ် Mi 10 ကို အွန်လိုင်းပေါ်ကနေပဲကြေငြာခဲ့ရပါတယ်။ အဓိကကုမဏီတွေဖြစ်တဲ့ Sony,ZTE,intel,Nvidia ,LG အစရှိတဲ့ကုမဏီတွေကcorona virus ကြောင့်  ဖေဖော်ဝါရီလ 24ရက်နေ့ကနေ 27 ရက်နေ့ထိ ဘာစီလိုနာ မှာ ကျင်းပမဲ့ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းပြပွဲ Mobile World Congress (MWC)ကိုတက်ရောက်ဖို့ငြင်းဆိုခဲ့တာကြောင့်  ဖြတ်သိမ်းလိုက်ရပါတယ်။

ဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်ကိုပျံသန်းမဲ့ လေကြောင်းလိုင်းပေါင်းများစွာရပ်ဆိုင်းထားရပါတယ်။ IT industry တစ်ခုထဲကို ရိုက်ခတ်ခဲ့တာမဟုတ်ဘဲ Gaming industry ကိုလဲရိုက်ခတ်ခဲ့ပြီး Nitntendo Switch ထုတ်လုပ်မှုတွေလဲနှောင့်နှေးခဲ့ပါတယ်။ သုံးစွဲသူတွေအနေနဲ့လဲအရင်းအမြစ်မတိကျတဲ့ သတင်းတွေကိုအလွယ်တကူမယုံကြည်ကြဖို့လိုအပ်ပြီးတရားဝင်ထုတ်ပြန်ချက်တွေကိုအမြဲနားစွင့်နေဖို့လိုအပ်ပါတယ်။

Author : Hein Htet (phase II )

Ref  : Digital trends

Previous
Previous

Grab နဲ့ Volocopter ပူးပေါင်းပြီး အရှေ့‌တောင်အာရှနိုင်ငံများတွင် air taxi ပြေးဆွဲရန်စမ်းသပ်

Next
Next

DXOMark Camera ရမှတ်မှာ Huawei Mate 30 Pro 5G နဲ့ iPhone 11 Pro Max ထက်များသွားတဲ့ Xiaomi Mi 10 Pro 5G