DXOMark Camera ရမှတ်မှာ Huawei Mate 30 Pro 5G နဲ့ iPhone 11 Pro Max ထက်များသွားတဲ့ Xiaomi Mi 10 Pro 5G
Xiaomi အနေနဲ့ 5G ပါဝင်ပြီး 108 MP Camera Sensor တပ်ဆင်ထားတဲ့ Xiaomi Mi 10 Pro ကို February 13 တုန်းက မိတ်ဆက်ခဲ့ပြီးတဲ့နောက် Camera နဲ့ Audio ပိုင်းမှာ Xiaomi Mi 10 Pro ဟာ DXOMark အမြင့်ဆုံးကို ရထားပါတယ်။

Xiaomi Mi 10 Pro အနေနဲ့ iPhone 11 Pro Max,Huawei Mate 30 Pro 5G နဲ့ယှဥ်ပြိုင်ပြီး Camera Test ပြုလုပ်ခဲ့တဲ့အခါမှာ Low Light တွေမှာ Detail ကောင်းမွန်ခြင်း၊Auto Focus မြန်ဆန်ခြင်း၊Color Rendering မှန်ကန်ခြင်း၊ Video ရိုက်တဲ့အခါမှာ Stablization ကောင်းမွန်ခြင်းတို့ကြောင့် DXOMark 124 မှတ်နဲ့ Huawei ရဲ့ Mate 30 Pro 5G ကို တစ်မှတ်ကွာပြီး အနိုင်ရသွားပါတယ်။Audio Score မှာလည်း Xiaomi Mi 10 Pro အနေနဲ့ DXOMark 76 မှတ်နဲ့ Audio အကောင်းဆုံး ဖုန်းအဖြစ် ရပ်တည်ထားပါတယ်။

Huawei Mate 30 Pro နဲ့ Xiaomi Mi 10 Pro တို့ကိုဓာတ်ပုံပိုင်း အဓိကယှဥ်ရာမှာ Mate 30 Pro အနေနဲ့ Details ပိုင်းမှာ အတော်လေး အားနည်းတာကို တွေ့ရပြီး Xiaomi Mi 10 Pro ကတော့ Lowlight တွေမှာပါ Details အတော်လေးကောင်းတာကို တွေ့နိုင်ပါတယ်။Video Recording ပိုင်းမှာဆိုရင်လည်း iPhone 11 Pro Max နဲ့ယှဥ်ရာမှာ Stablization ပိုမိုကောင်းနေတာကို DXOMark ကတင်ထားတဲ့ Video တွေအရ သိနိုင်ပါတယ်။
Xiaomi Mi 10 Pro 5G ရဲ့ဈေးဟာ တရုတ်ယွမ် ၄၉၉၉ (မြန်ငွေ ၁၀ သိန်းဝန်းကျင်) ကစတင်ရောင်းချမှာဖြစ်လို့ ကင်မရာနဲ့ပတ်သတ်ရင် ရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။