2019 အတွင်း အနောက်ဥရောပမှာ ၄ခုမြောက် အကြီးဆုံး ဖုန်းထုတ်လုပ်သူ ဖြစ်လာတဲ့ Xiaomi
2019 အတွင်း အနောက်ဥရောပမှာ ၄ခုမြောက် အကြီးဆXiaomi ဖုန်းတွေကို India နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာပဲ ကြိုက်တဲ့သူ ပေါတာမဟုတ်ပါဘူး။Europe မှာလည်း Xiaomi Fan တွေထုနဲ့ထေးပါပဲ။Xiaomi ဟာ စတုထ္တုထမြောက်အကြီးဆုံး ဖုန်းထုတ်လုပ်သူအဖြစ် Western Europe မှာရပ်တည်နေကြောင်းကို ဥက္ကဌ Shou Zi Chew ကပြောကြားခဲ့ပါတယ်။Company ရဲ့ Stock Share တွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ 90% အထိအလျင်အမြန်တိုးတက်လာတယ်လို့လည်း သူကဆိုပါတယ်။

2019 ရဲ့ ပထမ သုံးလပတ်အတွင်းမှာပဲ $10 Billion အထိ အမြတ်ရရှိခဲ့ပြီး ဝင်ငွေရဲ့တစ်ဝက်ကို Western Europe ကနေရရှိခဲ့တာပါ။ဒါကိုကြည့်ခြင်းအားဖြင့် Xiaomi အနေနဲ့ China Company တစ်ခုမဟုတ်တော့ပဲ Global Market အထိရောက်နေတဲ့ International Company တစ်ခုဖြစ်နေပြီ လို့ဆိုနိုင်ပါတယ်။2020 အတ္ငင်းမှာလည်း Xiaomi အနေနဲ့ 5G သုံးနိုင်မဲ့ဖုန်း 10 လုံးထက်မနည်း ထုတ်လုပ်သွားမှာဖြစ်ပြီး ဖုန်းတွေကိုလည်း International ထိရောင်းချသွားဖို့ ရှိတယ်လို့ဆိုပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် နောက်ပိုင်းမှာ Xiaomi ဖုန်းတွေမှာဖြစ်တဲ့ Global နဲ့ China ဖုန်းတွေမှာ Software Support ပိုင်းအရမ်းကွာခြားတာတွေ တစ်ဖြည်းဖြည်းနဲ့ နည်းလာမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Xiaomi အနေနဲ့ စမတ်ဖုန်းတွေတင် မကပဲ နေ့စဉ်သုံးအခြား Smart Devices တွေဖြစ်တဲ့ Smart Watches,Smart Speaker,Smart Cooker အပြင် Backpacks,Sport Shoes တွေနောက်ဆုံး Scooters တွေပါ ထုတ်လုပ်ရောင်းချနေတဲ့ Tech Giant ကြီးတစ်ခုအဖြစ် အချိန်တိုအတွင်း ကြီးထွားလာတာပါ။Shou ရဲ့ပြောကြားချက်အရ အနောက်နိုင်ငံ Scooter ဈေးကွက်ရဲ့ 17% ကို Xiaomi ကနေရာယူထားတယ်လို့ သိရပါတယ်။
Ref : GSMARENA