Poco F1 ဖုန်းတွေအတွက် Android 10 Update စတင်ထုတ်ပေး
Poco F1 သမားတွေအတွက် Android 10 Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။XDA Developers မှာတော့ ခုထုတ်ပေးထားတာက Beta Testers မဟုတ်တဲ့သူတွေပါ ရရှိတဲ့အတွက် Stable Update ဖြစ်တာသေချာပါတယ်။ဒီတစ်ခါ Update Version နာမည်ကတော့ 11.0.4.0QEJMIXM လို့နာမည်သိရပြီး File Size အနေနဲ့ 1.9GB ရှိပါတယ်။Android 10 အပြင် Update ထဲမှာ System Optimization အပါအဝင် January 2020's Securtiy Update Patch ပါဝင်တယ်လို့သိရပါတယ်။

အရင် Version တွေတုန်းက ဖြစ်တဲ့ Second Space မှာ Notification Setting ဖွင့်လို့မရတဲ့ Error တွေကို ပြင်ထားပေးတဲ့အပြင် Game Turbo ကိုပိုပြီး Speed မြန်အောင် Optimize လုပ်ထားတယ်လို့ ဖော်ပြထားပါသေးတယ်။Europe ဘက်က Poco F1 Users တစ်ချို့ကလည်း အရင် Theme ဖွင့်လို့မရတဲ့ ပြဿနာမဖြစ်တော့ဘူးလို့ Feedback တွေပေးတာတွေ့ရပါတယ်။
Poco F1 ဖုန်းကို 2018 မှာရောင်းချခဲ့ပြီး 2018 အတွင်း အကောင်းဆုံးတွေထဲက တစ်ခုလို့ Feedback တွေရထားတဲ့ဖုန်းဖြစ်ပါတယ်။လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ Poco အနေနဲ့ Xiaomi ကနေ Brand ခွဲထွက်ပြီး ကိုယ်ပိုင် Branding နဲ့သွားမယ်လို့ တရားဝင်ကြေငြာထားတာဖြစ်ပါတယ်။
Ref : GIZMOCHINA