Display ကို Rotate လုပ်လို့ရမဲ့ TV များ

ဖုန်းတွေ အသုံးပြုတာ များလာတဲ့ခေတ်မှာ လူတွေ အတော်များများ အနေနဲ့ အိမ်မှာ TV Channel တွေက လွှင့်တာကိုကြည့်မဲ့အစား Internet က Video တွေကိုပဲ အကြည့်များလာတာ ငြင်းလို့မရပါဘူး။ဒါကြောင့် Tik Tok Video တွေ၊Instagram Stories တွေကြည့်ရင် အဆင်ပြေစေဖို့အတွက် ဒီနှစ် CES 2020 မှာ Display ကို ဒေါင်လိုက်အဖြစ် Rotate နိုင်တဲ့ TV တွေကို မိတ်ဆက်ခဲ့ပါတယ်။တရုတ်နိုင်ငံအတွင်း အဓိက TV ထုတ်လုပ်သူတွေ ဖြစ်တဲ့ Hisense,Skyworth,TCL  စတဲ့ Company ကြီးတွေက Vertical TVs တွေကို မိတ်ဆက်ခဲ့တာဖြစ်ပြီး တစ်ကယ်လို့  ရိုးရိုး TV လိုကြည့်ချင်ရင်တော့ TV ကို  အလျားလိုက် ပြန်လှည့်လိုက်ရုံပဲလို့ ဆိုပါတယ်။

Vertical TV တွေကို စတင်မိတ်ဆက်ခဲ့တာကတော့ Samsung ဖြစ်ပြီး Samsung's Sero 43-inch  4K QLED TV ကို ၂၀၁၉ မေလ တုန်းကမိတ်ဆက်ခဲ့တာပါ။ဈေးနှုန်းအနေနဲ့ ကတော့ US $1600 ဝန်းကျင် ကျသင့်မှာဖြစ်ပြီး ၂၀၂၀ အတွင်းမှာ စတင်ရောင်းချမှာပါ။Hisense,Skyworth,TCL တို့ကတော့ Vertical  TV စတင်ရောင်းချဖို့ အတွက်ရက်သက်မှတ်ထားခြင်း မရှိသေးပဲ Concept အဖြစ်ပဲ ရှိနေသေးတယ်လို့ သိရပါတယ်။ဒီ TV တွေကို Social Media Content အကြည့်များသူတွေ၊ Streamer တွေ အပါအဝင် Multi-tasking နဲ့ Code ရေးတဲ့ Programmer တွေအတွက်ပါ ရည်ရွယ်ထားတဲ့ Product တစ်ခုလို့ သိရပါတယ်။

Ref : abacus

Previous
Previous

ပါးလွှာကျစ်လစ်တဲ့ကိုယ်ထည် Ergo Lift ဒီဇိုင်းနဲ့ Pro Office Power User သမားတွေအတွက် Asus Zenbook 14 UM431D

Next
Next

2020 မှာရေပန်းစားလာနိုင်တဲ့ Smart Phone နည်းပညာများ