2020 မှာရေပန်းစားလာနိုင်တဲ့ Smart Phone နည်းပညာများ

Smart Phone လောကဟာအရမ်းပဲ အပြောင်းအလဲများပါတယ်။ဒီနေ့ ဒီနည်းပညာ နာမည်ကြီးနေပေမယ့် နောက်နေ့ ပိုကောင်း ပိုပြီးလူကြိုက်များတဲ့ နည်းပညာက ပေါ်လာနိုင်တာမျိုးပါ။ဒီထဲကမှ ၂၀၂၀ မှာ အဓိကလူကြိုက်များပြီး နာမည်ကြီးလာနိုင်တဲ့ နည်းပညာတွေကတော့…

၁.5G Connection

5G ကတော့ ၂၀၂၀ အတွက် ထိပ်ဆုံးက ခေတ်စားနေတဲ့ နည်းပညာတစ်ခုပါပဲ။အတိအကျပြောရရင် ၂၀၁၉ နှစ်ကုန်ကတည်းက 5G ဖုန်းတွေ ရောင်းချနေရတာကိုပဲကြည့်နိုင်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ 5G အပြည့်အဝသုံးနိုင်ဖို့ ဝေးနေသေးပေမယ့် အနောက်နိုင်ငံနဲ့တရုတ်မှာတော့ အပြိုင်အဆိုင်ဖြစ်နေပါပြီ။၂၀၂၀ မှာသေချာပေါက် ဈေးနှုန်းသက်သာပြီး 5G ရတဲ့ဖုန်းတွေ လူတိုင်းလက်ထဲမှာ မြင်ရဖို့ရှိပါတယ်။

၂.Display Technology

Display လို့ပြောလိုက်တာနဲ့ Field ကနည်းနည်းတော့ ကျယ်သွားပါတယ်။Samsung က Foldable Phone ကိုအားစိုက်လာသလို့ Huawei ရဲ့ Mate X ကလည်း အတော်လေးမိုက်နေပါတယ်။ထပ်ပြောရရင် Motorola Razr လိုမျိုးလည်း Design Unique ဖြစ်တာတွေရှိနေပါသေးတယ်။Foldable တွေက Generation အရ နုနေသေးတာကြောင့် issues တွေရှိနေသေးပေမယ့် နောက်ပိုင်း နည်းပညာအသစ်တွေပေါ်လာပြီး ဈေးလည်းချို၊ Quality လည်းကောင်း၊ ပိုမိုဆန်းသစ်လာတဲ့ Foldable တွေပေါ်လာပြီး Tablet တွေပျောက်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

နောက် Display ကတော့ Screen Display ပါပဲ။၂၀၂၀ မှာ Mobile Games တွေခေတ်စားလာတာကြောင့် Screen Refresh Rate နဲ့ပတ်သတ်ပြီး Tech Giant တွေအသည်းအသန် ဖိုက်ကြဦးမှာပါ။Oneplus က 90Hz Display နဲ့ ၂၀၁၉ အစပိုင်းမှာ မင်းမူထားပေမယ့် Xiaomi ကနောက်ပိုင်း Oneplus ထက်ပိုဈေးချိုပြီး 120Hz ထိရတဲ့ ဖုန်းတွေကို ထုတ်ပြခဲ့တာကြောင့် Screen Refresh Rate ပြိုင်တာတွေ ပိုမိုမြင်တွေ့ရမှာပါ။

၃.More and More Cameras Setup

နောက်ထပ် ခေတ်စားလာနိုင်တဲ့ နည်းပညာကတော့ Camera ပါပဲ။Smart Phones တွေ Mass Production ဖြစ်လာတဲ့နောက်ပိုင်းမှာ လူတိုင်းလက်ထဲ Phone ရှိလာပြီး  Camera အဖြစ်အသုံးချမှုလည်း တိုးလာပါတယ်။အရင်တုန်းက ဖုန်းတစ်လုံးမှာ MP နည်းနည်းနဲ့ ကင်မရာတစ်လုံးသာပါခဲ့ပေမယ့် ၂၀၁၆ လောက်ကစပြီး Double Camera,နောက်တော့ Triple Camera, Quad Camera, ခုဆိုရင် Penta Camera အပြင်တစ်ခြား Camera အများကြီးနဲ့ Concept Phone တွေပေါ်လာတဲ့အပြင် Video Production မှာပါ သုံးနေတဲ့ ဖြစ်ရပ်တွေရှိလာပါပြီ။

၄.Under-Display Selfie Cam

နောက်ပိုင်းမှာ ဖုန်းကိုင်သူတွေအနေနဲ့ Display ပိုင်းမှာ Display ကလွဲလို့ Bazel တွေ၊ Notch တွေ၊ Selfie Cam တွေရှိနေတာကိုမကြိုက်ကြဘူးလို့ထင်ပါတယ်။ပိုပြီးတိုးတက်လာတဲ့ Bazeless Display၊Edge to Edge Display စတာတွေအပြင် Selfie Camera ကိုလည်း Notch နဲ့ထည့်လိုက်တာတွေ၊နောက်ပိုင်း ပိုသေးလာတဲ့ Notch တွေ၊Selfie Cam ကို ​Pop-up Design အမျိုးမျိုးနဲ့လည်း လည်းထုတ်လိုက်ပါသေးတယ်။၂၀၂၀ အစပိုင်းမှာတော့ Hole-Punch Display တွေခေတ်စားနိုင်ပြီး နှစ်ကုန်ပိုင်းမှာတော့ Under-display Selfie Camera တွေပေါ်လာနိုင်လို့ Selfie Camera အတွက် နေရာပေးရေးလုပ်ငန်းစဥ် ဤတွင်ပြီးပါပြီ ဆိုပြီးဖြစ်လာနိုင်ပါတယ်။

၅.Battery and Charging Technology

လူတွေအနေနဲ့ ဖုန်းကိုတစ်နေကုန် Non-Stop နေရာမျိုးစုံမှာ သုံးလာတာကြောင့် လိုအပ်လာတာတစ်ခုကတော့ Battery Size ကြီးကြီးနဲ့ အဲ့ဒီ Battery Size ကြီးကြီးတွေကို မြန်မြန်အားသွင်းနိုင်မယ့် ခပ်မြန်မြန် Fast Charging တွေပါပဲ။ ဖုန်းတွေမှာလည်း ခုဆိုရင် Daily Heavy Usage ကိုခံနိုင်မယ့် Battery Size တွေတော်တော်များများပါဝင်လာပြီး Fast Charging ဆိုရင်လည်း Budget ဖုန်းတွေထိ ပါဝင်လာတာကြောင့် Power Bank တွေအတွက် ပိုက်ဆံကုန်မယ့်အစား Fast Charging ပါဝင်တဲ့ Power Adapter တွေ၊ Charging Cable တွေအတွက် ပိုက်ဆံပြောင်းကုန် လာပါလိမ့်မယ်။

Previous
Previous

Display ကို Rotate လုပ်လို့ရမဲ့ TV များ

Next
Next

Screen နည်းပညာအသစ်ကို မိတ်ဆက်မယ့် Oneplus