VinSmart သည် ၎င်း၏ ဒုတိယမျိုးဆက် စမတ်ဖုန်းမော်ဒယ်များတွင် ကိုယ်ပိုင် Operating System ဗားရှင်းအသစ် VOS 2.0 အား ထည့်သွင်းအသုံးပြုထားပြီး 5G စမတ်ဖုန်းများ ထုတ်လုပ်သွားနိုင်ရန် အတွက်လည်း Fujitsu, Qualcomm တို့နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိ

VinSmartသည် မကြာသေးမီက ၎င်း၏ စမတ်ဖုန်း မော်ဒယ်အမျိုးအစားအသစ် ၄ မျိုး ဖြစ်သည့် Bee ၊ Star ၊ Joy 2+ နှင့် Live အား မြန်မာနိုင်ငံ ဈေးကွက်သို့ အောင်မြင်စွာ မိတ်ဆက်ခဲ့သည်။ အဆိုပါ စမတ်ဖုန်း မော်ဒယ်အမျိုးအစားသစ် ၄ မျိုးအနက် အဆင့်အမြင့်ဆုံး စမတ်ဖုန်း အမျိုးအစားမှာ Vsmart Live ဖြစ်ပြီး ယခုအချိန်တွင် နိုင်ငံတဝန်းရှိ  ဖုန်းဆိုင်များ နှင့်  mytel အရောင်းဆိုင်ကြီးများတွင်ဝယ်ယူ ရရှိနေပြီ ဖြစ်သည်။

Vsmart Liveတွင် နောက်ကင်မရာ ၃ လုံး(48 MP, 5 MP နှင့်8 MP) ၊20 MP ရှေ့ကင်မရာ၊ ကျယ်ဝန်း၍ တောက်ပကြည်လင်သော ၆.၂” FHD+ AMOLED infinity မျက်နှာပြင်၊ မျက်နှာပြင်အောက် လက်ဗွေရာစနစ် (on-screen fingerprint sensor)၊ Qualcomm Snapdragon 675 octa-core processor (of up to 2.0 GHz)၊ 6GBပမာဏ RAM၊ 4,000 mAh ဘက်ထရီသိုလှောင်နိုင်စွမ်း နှင့် Qualcomm Quick Charge 3.0 စနစ်များ ပါဝင်သည်။

Vsmart Live အား Midnight Black၊Ocean Blue နှင့်White Pearl အရောင် ၃ မျိုးဖြင့် ရရှိနိုင်မည် ဖြစ်ပြီး 4GB RAM, 64 GB ROM version အား မြန်မာငွေကျပ် ၄၃၉,၉၀၀ နှင့် 6GB RAM, 64 GB ROM version အား မြန်မာငွေကျပ် ၄၉၉,၉၀၀ ဖြင့် အသီးသီး ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

Vsmart Live သာမက အခြား Vinsmart ၏ ဒုတိယမျိုးဆက် စမတ်ဖုန်းများ အားလုံးတွင် ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်မှုပုံစံအသစ်များ ပါရှိမည်ဖြစ်သည့် အပြင် VOS 2.0 ခေါ် အဆင့်မြှင့်တင်ထားသောVinSmart ၏ ကိုယ်ပိုင်Operating System ဗားရှင်းအသစ်ကို ထည့်သွင်းပေးထားမည်ဖြစ်သည်။VOS 2.0 တွင် ဆန်းသစ်သော လုပ်ဆောင်ချက်များ ဖြစ်သည့် Icon ဒီဇိုင်းအသစ်များ၊Dark Modeအဆင့်မြှင့်တင်ထားသည့်Action Gestureများနှင့်အက်ပလီကေးရှင်းတစ်ခုကိုအကောင့်၂ ခုခွဲ၍အသုံးပြုနိုင်ခြင်းအစရှိသည်တို့ ပါဝင်မည် ဖြစ်သည်။

ထို့အပြင်VinSmart ကုမ္ပဏီသည် Fujitsu လုပ်ငန်းစု၏ လက်အောက်ရှိ Fujitsu Connected Technologies ကုမ္ပဏီ လီမိတက်၊ အမေရိကန် အခြေစိုက် Qualcommတို့နှင့်ပူးပေါင်း၍ 5Gစမတ်ဖုန်းများအား ထုတ်လုပ်သွားရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ကာ5G မိုဘိုင်းဖုန်းများအား အမေရိကန်နှင့် ဥရောပ စသည့် အဓိက ဈေးကွက်များ၌ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း စတင်ရောင်းချသွားနိုင်ရန် ရည်မှန်းထားသည်။

Previous
Previous

တရုတ်ပြည်မှာ သောင်းနဲ့ချီတဲ့ CCTV Account တွေ Hack ခံရပြီး Online ပေါ်ပြန်ရောင်းချခံရ

Next
Next

၂၀၂၀ ခုနှစ်အတွက် စွမ်းဆောင်ရည်အကောင်းဆုံးနဲ့စျေးနှုန်းသင့်တင့်တဲ့ Vivo S1Pro စမတ်ဖုန်းသစ်