၂၀၂၀ ခုနှစ်အတွက် စွမ်းဆောင်ရည်အကောင်းဆုံးနဲ့စျေးနှုန်းသင့်တင့်တဲ့ Vivo S1Pro စမတ်ဖုန်းသစ်
2019 ခုနှစ်အကုန်မှာထွက်ရှိလာတဲ့Vivo S series နောက်ဆုံးပေါ်စမတ်ဖုန်းသစ် S1Pro ဟာ အရင်ကလို Processor အတော်အသင့်၊ battery ကြီးကြီး၊ Dual Camera ပါဝင်လာရုံတင်မကဘဲ တန်ဖိုးငွေ ၄၂၉,၈၀၀ ကျပ်ဖြစ်ပြီး Flagship Level Processors, စိန်ပွင့်ပုံဒီဇိုင်းဆန်း Quad Cameras။ ပိုမြန်တဲ့ အားသွင်းစနစ်၊ AMOLED Display, Under-screen FingerPrint စတဲ့ အချက်တွေနဲ့အတူ နှစ်သစ်ကို ဖုန်းအသစ်နဲ့ ဖြတ်သန်းလိုသူတွေအကြိုက်တွေ့စေမယ့် စမတ်ဖုန်းပဲဖြစ်ပါတယ်။ ၂၄ ဒီဇင်ဘာနေ့က ထပ်မံ မိတ်ဆက်လိုက်တဲ့ S1Pro ဟာ ၂၀၂၀ နှစ်သစ်မှာ နောက်ဆုံးပေါ်ဖုန်းကို ကိုင်ချင်တဲ့သူတွေအနေနဲ့ အသင့်တော်ဆုံး ဖုန်းတစ်လုံး ဖြစ်လာစေမှာပါ။
တောက်ပတဲ့ဖုန်းအရောင်၊ ကျောဘက်မှာထူးခြားစွာထည့်သွင်းထားတဲ့စိန်ပွင့်ပုံဒီဇိုင်းဆန်း Quad Cameras ကြောင့်လည်း လူငယ်ပရိသတ်တွေအကြားရေးပန်းစားလာတဲ့ ဖုန်းတစ်လုံးလည်းဖြစ်တယ်။ Operating System အနေနဲ့ကတော့ Vivo ရဲ့ Android 9 (Funtouch OS 9.2) ကိုအသုံးပြုထားပြီး Qualcomm Sanpdragon 665၊ 8GB RAM၊ 128GB Storage၊ Hybrid Dual Sim ပါဝင်တယ်။
ကင်မရာပိုင်းအနေနဲ့လည်း ဒီဇိုင်းကို စိန်ပွင့်ပုံစံ ဖန်တီးထားပြီး 48 MP (f/1.8) ပင်မကင်မရာနဲ့ 8MP (f/2.2) ပူးတွဲကင်မရာ၊ 2MP (f/2.4) မြင်ကွင်းကျယ်ကင်မရာနဲ့ 2MP (f/2.4) အနီးရိုက်ကင်မရာ ၄ လုံးတို့ကို AI Rear Quad Camera Steup နဲ့တပ်ဆင်ထားတာကြောင့် အမှတ်တရဓာတ်ပုံတေွရိုက်ယူဖို့ အကောင်းဆုံးဖြစ်နေပါပြီ။

ဒါ့အပြင် လူငယ်တွေအကြိုက်တွေ့စေမယ့် ရေစက်ပုံစံ (Water Drop) selfie ကင်မရာကို 32MP AI Beauty Mode တပ်ဆင်ပေးထားတာကြောင့် Selfie ချစ်သူတွေရဲ့ လက်စွဲတော်စမတ်ဖုန်းတစ်လုံး ဖြစ်လာမှာ သေချာပါတယ်။ AI Make Up Filter ၊ ရှုခင်းအလိုက် အသင့်တော်ဆုံး နမူနာကိုယ်ဟန်များကို အကြံပြုပေးနိုင်တဲ့ Pose Master လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားတဲ့အတွက်လည်း Vivo S1 Pro ဟာ ပြိုင်ဖက်ကင်းတဲ့ ဓါတ်ပုံအသားပေး စမတ်ဖုန်းတစ်ခုလို့ဆိုနိုင်တယ်။
ဂိမ်းကစားသူတွေအတွက် Multi Turbo စနစ်ပါရှိတာကြောင့်အထူးကောင်းမွန်တဲ့ ဂိမ်းဆော့မှုအတွေ့ အကြုံကို ရရှိခံစားနိုင်ပါတယ်။Voice Changer နည်းပညာလည်း ထည့်သွင်းပေးထားတာကြောင့် ဂိမ်းကစားချိန် အတွင်းမှာ ပျော်ရွှင်တက်ကြွမှုကိုအပြည့်အ၀ ယူဆောင်ပေးနိုင်မှာပါ။
Vivo S1Pro ဟာ လူငယ်တွေ စိတ်ကြိုက် စတိုင်လ်ကျလှပတဲ့စမတ်ဖုန်းတစ်ခု ဖြစ်စေဖို့ ၆.၃၈ လက်မအရွယ် Full HD+ Super AMOLED မျက်နှာပြင်တပ်ဆင်ပေးထားပြီး မျက်နှာပြင်အောက်လက်ဗွေလုံခြုံရေးစနစ် ပါဝင်ပါတယ်။ဘက်ထရီကတော့ 4500mAh အားရှိပြီးVivo ရဲ့ မူပိုင်နည်းပညာသုံး အမြန်အားသွင်းစနစ် ( Dual Engine Fast Charging) နှင့် USB Type C ကို အသုံးပြုထားတဲ့အတွက် တစ်နေကုန် စိတ်ကြိုက်သုံးပြီး ခရီးမကြာခဏ ထွက်တက်သူများအတွက် အထူးသင့်တော်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Vivo S1Pro က Mystic Black (အနက်) နဲ့ Dreamy White (အဖြူ) အရောင်ပြေးဆိုပြီး ၂ မျိုးနဲ့ ထွက်ရှိလာပြီးအမြို့မြို့အနယ်နယ်ရှိဖုန်းအရောင်ဆိုင်တွေမှာဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

Performance ချင်းတူပြီး ဈေးကြီးပေးရတဲ့ Flagship ဖုန်းတွေထက်စာရင် သင့်တင့်တဲ့စေ◌ျးနှုန်း၊ထူးခြားတဲ့ စွမ်းဆောင်ရည်တွေနဲ့ S1Pro စမတ်ဖုန်းသစ်က ၂၀၂၀ နှစ်သစ်မှာလူငယ်တွေကြား ရေပန်းစားတဲ့ဖုန်း တစ်လုံးဖြစ်လာမလားဆိုတော့ စောင့်ကြည့်ကြပါစို့။