ကိုယ်ပျောက်ကင်မရာနဲ့ Oneplus

Oneplus ကနေပြီးတော့ ဒီနေ့ပဲ ပွဲဆူအောင်လုပ်လိုက်ပါတယ်။ဘာလဲဆိုတော့ CES 2020 (Consumer Electronics Show) မှာ Phone Concept တစ်ခုကိုပြသလိုက်လို့ပါ။အရင်ရက်တွေက Videos တွေမှာ ပြသထားသလိုပါပဲ။ကိုယ်ပျောက် ကင်မရာပါ။ကိုယ်ပျောက်ကင်မရာလို့ ဆိုရာမှာ လုံးဝမမြင်ရအောင် ပျောက်သွားတာမဟုတ်ပဲ Camera App ကိုဖွင့်လိုက်ရင် Rear Camera Lens တွေကိုမြင်ရမှာဖြစ်ပြီး Camera App ကိုပိတ်ထားရင်တော့ Lens တွေကို Glass အမဲတစ်ခုက ဖုံးပေးသွားပြီး တော်တော်လေး ကြည့်ယူမှ မြင်နိုင်မဲ့ အနေအထားကို ဖန်တီးပေးတာပါ။

နောက်တစ်ခုက ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပဲ….Camera တွေပေါ်မှာ ပိတ်ပေးထားတဲ့ Glass က ND Filter လိုမျိုး လုပ်ဆောင်ပေးမှာ ဖြစ်ပြီး အလင်းရောင်များတဲ့ အချိန်တွေမှာ အလင်းရောင်ကို  ကာကွယ်ပေးမှာဖြစ်လို့ နေ့ပိုင်း Photoshoot တွေမှာတော်တော်လေး အထောက်အကူဖြစ်မှာပါ။Oneplus အနေနဲ့ ဒီမှန်နည်းပညာကို McLaren Company နဲ့ပူးပေါင်တီထွင်ထားတာဖြစ်ပြီး ကင်မရာပိုင်း တော်တော်လေးမိုက်လာမှာပါ။CES 2020 မှာပြသတဲ့ Oneplus ကတော့နောက်ကျောမှာ Leather ပါဝင်ပြီး  Oneplus တစ်ခါမှ မထုတ်ဖူးသေးတဲ့ "Papaya Orange" ဆိုတဲ့အရောင်ပါ။ဒီနည်းပညာတွေကို ဘယ် Oneplus တွေမှာ စသုံးမယ်ဆိုတာတော့ မသိရသေးပါဘူး။

Ref : The Verge

Previous
Previous

2020 မှာ Apple ကဘာတွေ အသစ်မိတ်ဆက်နိုင်သလဲ

Next
Next

FPS အကြမ်းစားသုံးချင်သူတွေအတွက် Nvidia's new GeForce Drivers များ