2020 ရဲ့ Oneplus ဖုန်းတွေမှာ Camera Bump တွေ မရှိဖို့သေချာနေပြီ

Oneplus အနေနဲ့ ပုံမှန် တစ်နှစ်ကို ဖုန်း၂ လုံးပဲ ထုတ်ရာကနေ ၂၀၁၉ မှာ တစ်နှစ်ဖုန်း ၄ လုံးအထိတိုးပြီး ထုတ်လုပ်ရောင်းချခဲ့ပါတယ်။အရင်က Flagship Killer လို့ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ကိုယ်တိုင်ဈေးက Flagship တွေကိုမှီလာတာပါ။၂၀၁၉ အတွင်း Oneplus 7 နဲ့ Oneplus 7T ဆိုပြီး Series ၂ခုထွက်ခဲ့ပြီး ဖုန်း Reviewers တွေရဲ့ ချီးကျူးမှုတွေကို ရခဲ့ပေမယ့်လည်း Camera Bump တွေအရမ်းကြီးပြူးနေလို့ Negative Feedback တွေပေးခံခဲ့ရတာလည်း  ရှိပါတယ်။

ခု ၂၀၂၀ မှာတော့ Oneplus 8 ထွက်လာမှာဖြစ်ပြီး Lite Version ပါထွက်ရှိလာနိုင်ပါတယ်။ခုလောလောဆယ်မှာတော့ Oneplus က Instagram မှာ Teaser Video ၁ ခုတင်ထားပြီး Invisible Camera လို့ဆိုပါတယ်။Video အရ နောက်ကျောဘက် Camera တွေကို Color-shifting လုပ်ထားတဲ့ Glass တွေနဲ့အုပ်ထားလို့  Camera တွေကို မြင်နိုင်ချေ နည်းသွားအောင် လုပ်ထားတာပဲဖြစ်ပါတယ်။ဒီနည်းပညာကို ဘယ် Oneplus မှာသုံးမယ်လို့တော့ မကြေငြာခဲ့ပါဘူး။Teaser Video အရ ဖုန်းအနေနဲ့ လိမ္မော်ရောင် ဖြစ်နေတာကြောင့် Color အသစ်နဲ့ Oneplus တွေလည်းမြင်ရဖို့ရှိနေပါတယ်။ကျန်တဲ့ Details Specifications တွေကိုတော့ လာမယ့် Oneplus ConceptOne ပွဲမှာ မိတ်ဆက်မှာပါ။

Ref : Oneplus

Previous
Previous

Xiaomi Mi 10 နဲ့ Mi 10 Pro တို့ရဲ့ Full Specifications များပေါက်ကြားလာ

Next
Next

တစ်မူထူးခြားတဲ့ စိန်ပွင့်ပုံစံ ကျောဖက်ကင်မရာ ၄ လုံးပါ ထိပ်တန်းအဆင့်မြင့် Vivo S1 Pro စမတ်ဖုန်းသစ်ကို ကျပ် ၄၂၉,၈၀၀ နှုန်းဖြင့် စတင်ရောင်းချ