တစ်မူထူးခြားတဲ့ စိန်ပွင့်ပုံစံ ကျောဖက်ကင်မရာ ၄ လုံးပါ ထိပ်တန်းအဆင့်မြင့် Vivo S1 Pro စမတ်ဖုန်းသစ်ကို ကျပ် ၄၂၉,၈၀၀ နှုန်းဖြင့် စတင်ရောင်းချ

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Vivoထုတ် နာမည်ကျော် S Series စမတ်ဖုန်းများ၏ နောက်ဆုံးမျိုးဆက်ဖြစ်သည့် Vivo S1 Pro စမတ်ဖုန်းကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

Vivoအနေနဲ့ သုံးစွဲသူတွေအတွက် နည်းပညာပိုင်း တိုးတက်မြင့်မားမှုနဲ့ ဒီဇိုင်း‌ခေတ်မှီ ဆန်းသစ်မှုကို အမြဲတမ်းဦးစား‌ပေးပြီး ဆောင်ရွက်နေသည့်အားလျော်စွာ ဤ S1 Pro စမတ်ဖုန်းသည်လည်းမတူကွဲပြားသည့် လူနေမှု ပုံစံများနှင့် ဖက်ရှင်စတိုင်လ်ကို ပိုမိုပြီးပြည့်စုံစေမည့်စွဲမက်ဖွယ်ရာ ပုံစံဒီဇိုင်းအသစ်၊ အလန်းစားပုံရိပ်များကို အမိအရ ရိုက်ကူးမှတ်တမ်းတင်ပေးနိုင်မယ့် စွမ်းရည်မြင့်သည့်စမတ်ဖုန်းတစ်ခုဖြစ်ကြောင်းပြည်တွင်းရှိ ကျွမ်းကျင် Reviewer များက တညီတညွတ်တည်း မှတ်ချက်ပြုထားကြပြီး သုံးစွဲသူများမှလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး ကြိုတင်Pre-Order များကို တခဲနက် မှာယူခဲ့ကြသည်။

စိန်ပွင့်ပုံစံကဲ့သို့ တမူထူးခြားစွာ ဖန်တီးပုံဖော်ထားသည့် ကင်မရာ (၄) လုံးပါ ကျောဖက်ကင်မရာစနစ် ပါရှိသည့် Vivo S1 Pro စမတ်ဖုန်း၏ တရားဝင်မိတ်ဆက်ပွဲ အခမ်းအနားကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ၌ကရန်ကုန်မြို့ Myanmar Plaza ၌စိတ်ဝင်စားဖွယ်ရာအစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပြီး Vivo ၏ Brand Ambassador ဖြစ်သည့် နေခြည်ဦးနှင့် အခြားအနုပညာရှင်များ၊ Vivo Stars အဖြစ် ရွေးချယ်ခံထား ရသူများနှင့် သတင်းမီဒီယာများစုံလင်စွာတက်ရောက်ခဲ့ကြသည်။

အဆိုပါထိပ်တန်းအဆင့် Vivo S1 Proစမတ်ဖုန်းကို ငွေကျပ် (၄၂၉,၈၀၀) နှုန်းဖြင့် မြန်မာနိုင်ငံအနှံ့ရှိ ဖုန်း အရောင်းဆိုင်များ၌ စတင်ရောင်းချပေးလျက်ရှိပြီး သုံးစွဲသူများ အနေဖြင့် သစ်လွင်တောက်ပသည့် Mystic Black (အနက်အရောင်ပြေး) နှင့် Dreamy White (အဖြူအရောင်ပြေး) အရောင် ၂ မျိုးတို့ကို ရွေးချယ်ဝယ်ယူ နိုင်မည် ဖြစ်သည်။ ထို့အပြင် ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့ အတွင်း Pre-Order မှာယူထားသူများ အနေဖြင့် First Sale ကာလအတွင်း မေတ္တာလက်‌ဆောင် Gift Box များလည်း ပြန်လည်ပေးအပ်ခဲ့သည်။

Vivo Myanmar ၏ Product Manager ဖြစ်သူ Mr. Kelvin မှ “စမတ်ဖုန်းနဲ့ပတ်သက်တဲ့ နည်းပညာတွေ တိုးတက်မြင့်မားနေတဲ့ ဒီနေ့ခေတ်မှာVivoအနေနဲ့မြန်မာနိုင်ငံကသုံးစွဲသူတွေအတွက် နောက်ဆုံးပေါ်ပြောင်းလဲမှုနဲ့အတူ ထူးခြားတဲ့ စမတ်ဖုန်းသုံးစွဲခြင်းဆိုင်ရာ အတွေ့အကြုံတွေကို ပေးအပ်နိုင်ဖို့ Vivo S1 Pro ကို မိတ်ဆက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီဖုန်းဟာ လူငယ်တွေရဲ့ ဖက်ရှင်စတိုင်လ်တွေကို မြှင့်တင်ပေးနိုင်အောင် စွဲမက်စရာကောင်းတဲ့ ပုံစံဒီဇိုင်းနဲ့ အရောင်၊ စွမ်းရည်မြင့် ကင်မရာများနဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားပါတယ်။ စျေးနှုန်းအရလည်း အလားတူ စမတ်ဖုန်းများထက် သင့်တင့်တဲ့ စျေးနှုန်းနဲ့ ရောင်းချ ပေးသွားမှာြဖစ်လို့ Vivo ချစ်သူများ အထူးအကြိုက်တွေ့မယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားသွားခဲ့သည်။

Vivo S1Pro စမတ်ဖုန်းသစ်၏၆.၃၈လက်မအရွယ် Full HD+ Super AMOLED Ultra Fullview မျက်နှာပြင်သည် 1080x2340 px ပုံထွက်နှုန်းရှိပြီး သုံးစွဲသူများ အနေဖြင့် ရင်သပ်ရှုမောဖွယ်ရာ ရုပ်ပုံများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ အဆိုပါ မျက်နှာပြင်အောက်၌ ထိပ်တန်းအဆင့်လက်ဗွေလုံခြုံရေးစနစ်ထည့်သွင်းတပ်ဆင် ပေးထားပြီး ဖုန်း၏ အရွယ်အစားမှာ 159.3 x 75.2x 8.7 mm ဖြစ်ပြီး အလေးချိန်အားဖြင့် 186.7g ရှိသည်။

Vivo S1 Pro ၏ နောက်ကျောပြင် ကင်မရာ ကင်မရာစနစ်ကိုစိန်ပွင့်ပုံစံကဲ့သို့ တမူထူးခြားစွာ ဖန်တီးပုံဖော်ထားပြီး AI စနစ်သုံး48 MP (f/1.8) ပင်မကင်မရာနဲ့ 8MP (f/2.2) ပူးတွဲကင်မရာ၊ 2MP (f/2.4) မြင်ကွင်းကျယ်ကင်မရာနှင့် 2MP (f/2.4) အနီးကပ်ရိုက်ကင်မရာ (၄) ခု တပ်ဆင်ပေးထားလို့ သုံးစွဲသူများအနေဖြင့် တန်ဖိုးရှိသော အမှတ်တရ ပုံရိပ်များကို အကောင်းဆုံး ပုံထွက်နှုန်းနဲ့အတူ အမိအရ ရိုက်ကူးရယူနိုင်မည်ဖြစ်သည်။

S1Pro ရှေ့ဖက်တွင် ဖက်ရှင်နှင့်စတိုင်လ်ကို အလေးထားတဲ့ လူငယ်များ စိတ်ကြိုက်တွေ့မည့်မိုးရေပေါက် (Water Drop) ပုံစံ ‌‌လှပသေသပ်စွာ ဖန်တီးထည့်သွင်းပေးထားသည့် 32MP ပုံထွက်နှုန်းရှိသည့်ရှေ့ဖက် Selfie ကင်မရာတပ်ဆင်ပေးထားပါသည်။

ထို့အပြင် Vivo၏ မူပိုင်ဓာတ်ပုံနည်းပညာများဖြစ်သည့် AI Face Beauty၊ ဓာတ်ပုံ Frame များကို အထူးပြုလုပ်ချက်ဖြင့် ပေါင်းစပ်ပေးသည့်  AI Make Up Filter ၊ ရှုခင်းအလိုက် အသင့်တော်ဆုံး နမူနာကိုယ်ဟန်များကို အကြံပြုပေးနိုင်သည့် Pose Masterတို့နှင့်အတူ အခြားစွမ်းရည်မြင့် ဆော့ဖ်ဝဲလ်များ ထည့်သွင်း‌ပေးထားသဖြင့် Vivo S1Pro သည် ပြိုင်ဖက်ကင်းသည့် ဓါတ်ပုံအသားပေး စမတ်ဖုန်းတစ်ခုဟု ဆိုရမည် ဖြစ်သည်။

Vivo S1Pro စမတ်ဖုန်းကို Multitasking နှင့် Gaming လုပ်ဆောင်ချက်များလျှင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ စွမ်းရည် မြင့် Snapdragon 665 ပရော်ဆက်ဆာနှင့်အတူ 8GB RAM(မှတ်ဥာဏ်) နှင့်128GB ROM(သိုမှီးမှုပမာဏ) တို့တပ်ဆင်ပေးထားပါသည်။ ထို့အပြင် Multi Turbo စနစ်ပါရှိတာကြောင့် အထူးကောင်းမွန်တဲ့ ဂိမ်းဆော့မှု အတွေ့အကြုံကို ရရှိခံစားနိုင်မည် ဖြစ်သည်။ Voice Changer နည်းပညာလည်း ပါရှိသဖြင့်ဂိမ်းကစားချိန်အတွင်း ပျော်ရွှင်တက်ကြွမှုကို အပြည့်အ၀ယူဆောင်ပေးနိုင်ပြီး အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက် များကို လည်း အကာအကွယ်ပေးထားမည်ဖြစ်သည်။Vivo S1 Pro ၏ ဘက်ထရီမှာ 4500mAhပမာဏရှိပြီး Dual-Engine Fast Charging နည်းပညာ အသုံးပြုထားသောကြောင့် လျှင်မြန်စွာ အားသွင်းနိုင်မည် ဖြစ်သည်။

ယခုအသစ်ထွက်ရှိလာသည့်Vivo S1 Pro စမတ်ဖုန်းသည် “Upgrade Your Style” ဆိုသည့် ဆောင်ပုဒ်အတိုင်း ခေတ်ရေစီးကြောင်းနဲ့အညီ တက်ကြွလန်းဆန်းနေတဲ့လူငယ်များ၏ ဖက်ရှင်ပုံရိပ်ကိုပိုမိုမြှင့်တင်ပေးပြီးနေ့စဉ် လူမှုဘဝများကို ပိုပြီး လှပဆန်းသစ်စေရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။

www.akhayarmedia.com

Previous
Previous

2020 ရဲ့ Oneplus ဖုန်းတွေမှာ Camera Bump တွေ မရှိဖို့သေချာနေပြီ

Next
Next

Vivo မှ S Series မျိုးဆက်သစ် Vivo S1Pro စမတ်ဖုန်းကိုမြန်မာနိုင်ငံတွင် တရားဝင်စတင်မိတ်ဆက်