နှစ်သစ်မှာ စိတ်သစ်လူသစ်ဖုန်းအသစ်နဲ့ စတင်ချင်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ OPPO A9 2020 Vanilla Mint
နှစ်တစ်နှစ်ရဲ့ အစကိုလည်းရောက်လာတော့မယ်ဆိုတော့ လူတိုင်း စိတ်သစ်လူသစ် နဲ့ ဖြတ်သန်းဖို့အတွက် အသင့်ဖြစ်နေပြီ ထင်ပါတယ်။၂၀၁၉ခုနှစ်ကို လက်ပြနှုတ်ဆက်တော့မယ့် new year ညအတွက် အမှတ်တရတွေကို အတူတူဖန်တီးဖို့ ပြင်ဆင်နေတဲ့သူတွေလည်းရှိသလို ရုံးပိတ်ရက်တွေလည်းဆက်တိုက်ရှိတာမို့holidaysကို မိသားစုတွေ သူငယ်ချင်းတွေ ကိုယ်ချစ်ခင်ရသူတွေနဲ့ ခရီးသွားရင်း ဖြတ်သန်းဖို့ပြင်ဆင်နေတဲ့ သူတွေလည်း ပြင်ဆင်နေကြပြီ ထင်ပါတယ်။ တစ်ချို့ကလည်း ရာသီဥတုကလည်း အေးနေတုန်းဆိုတော့ အေးချမ်းတဲ့ ကလော၊ တောင်ကြီး၊ ချင်းပြည်နယ်နဲ့ ဘားအံဘက်တွေကို ခရီးထွက်ကြသလို တချို့ကျတော့ မွန်းကျပ်တဲ့ မြို့ပြကနေ ရုန်းထွက်ပြီး လတ်ဆတ်တဲ့ လေပြေတွေကို ရှုရှိုက်လို့ရမယ့် ပင်လယ်ကမ်းခြေတွေမှာ အေးအေးဆေးဆေး အနားယူကြတဲ့ သူတွေလဲရှိပါတယ်။
ဒါကြောင့် Akhayar ပရိသတ်တွေအနေနဲ့ခရီးသွားရင်း ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်တာပဲဖြစ်ဖြစ် နှစ်သစ်လက်ဆောင်အနေနဲ့ ပေးချင်လို့ပဲ ဖြစ်ဖြစ် နှစ်သစ်မှာ စိတ်သစ်လူသစ် ဖုန်းအသစ်နဲ့ စတင်ချင်တဲ့သူအတွက် ဖုန်းအသစ်လေးတစ်လုံးကိုOPPO Myanmar ကနေ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီဖုန်းကတော့OPPOကနေ မကြာခင် ရောက်ရှိလာတော့မယ့် ၂၀၂၀ နှစ်သစ်အတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ OPPO A9 2020Vanilla Mint (Limited Edition) အရောင်အသစ်လေးပဲဖြစ်ပါတယ်။OPPO A9 2020 အတွက် Marine Green နဲ့ Space Purpleဆိုပြီး လှပတဲ့အရောင်နှစ်မျိုးကိုလည်း စက်တင်ဘာလက မိတ်ဆက်ပေးထားခဲ့တာ ဖြစ်ပြီး ယခုအခါမှာတော့ Vanilla Mint (Limited Edition) အရောင်အသစ်ကို ထပ်မံမိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။
လင်းလက်တောက်ပနေတဲ့ ပုလဲလိုအရောင်ပေါ်မှာ ခရမ်းနုရောင် နဲ့ အစိမ်းနုရောင် အရောင်ပြေးလေးတွေ ထပ်မံပေါင်းစပ်ပေးထားတဲ့ OPPO A9 2020Vanilla Mint (Limited Edition) အရောင်အသစ်လေးကတော့ ဆန်းသစ်တဲ့ အရောင်တွဲဖက်မှုတွေနဲ့အတူ စတိုင်ကျလှပနေမှာပဲ ဖြစ်ပါတယ်။ ယခုထွက်ရှိလာတဲ့ OPPO A9 2020Vanilla Mint အရောင်သစ်မှာဆိုရင် 8GB RAM+128GB ROM သိုလှောင်မှုပမာဏ ပါဝင်လာတဲ့အတွက်ကြောင့် ယခင်ထွက်ရှိထားတဲ့ အရောင်တွေလိုပဲ စွမ်းဆောင်ရည်ပိုင်း အထူးကောင်းမွန်မှာပဲ ဖြစ်ပါတယ်။

“Unstoppable Fun” ဆိုတဲ့အတိုင်း OPPO A9 2020 Vanilla Mint အရောင်အသစ်မှာ မဆုံးနိုင်တဲ့ ပျော်ရွှင်မှုတွေကို အချိန်ကြာရှည်စွာ ခံစားနိုင်ဖို့အတွက် ကြီးမားတဲ့ 5000 mAh Batteryနဲ့အတူ အချိန်တိုင်း နေရာတိုင်း အကောင်းဆုံးအသံထွက်တွေကို ပေးစွမ်းမယ့် Dolby Atmos®Sound Effect တွေ ထောက်ပံ့ထားတဲ့ Stereo Speakers လဲပါရှိပါတယ်။
OPPO A9 2020 Vanilla Mint အရောင်အသစ်မှာဆိုရင် ရင်သက်ရှုမော လောက်အောင်ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရှုထောင့်အမျိုးမျိုးကနေ ရိုက်ကူးနိုင်မယ့် Quad Camera တည်ဆောက်ပုံဖြစ်တဲ့ 48MP Main Camera၊ 8MP 119° Ultra-Wide Camera၊ 2MP Mono Portrait Camera နဲ့ 2MP Film Portrait Cameraတို့ ပါဝင်တဲ့အတွက် ကြောင့် နှစ်သစ်မှာ မမေ့နိုင်စရာ အမှတ်တရတွေကို ဖန်တီးနိုင်တော့မှာပါ။ new year ညမှာ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ရင်း အလှဆုံးပုံတွေ ရိုက်ကူးချင်တယ်ဆိုရင်တော့ A9 2020 ရဲ့ UltraNight Mode 2.0လေးကအကောင်းဆုံး ဖန်တီးပေးဦးမှာ ဖြစ်ပါတယ်။ 119° မြင်ကွင်းကျယ်ပုံတွေကို ရိုက်ကူးနိုင်ဦးမယ့် 8MPUltra-Wide Angle Lensလဲပါဝင်ထားတဲ့အတွက်ကြောင့် ခရီးသွားတဲ့အခါမှာ ရှုခင်းပုံတွေပဲ ရိုက်ရိုက်၊ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ဓာတ်ပုံပဲ ရိုက်ရိုက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စမတ်ဖုန်းတစ်လုံးရဲ့ တစ်နေ့တာလုပ်ဆောင်ချက်တွေကို အကောင်းဆုံး ထောက်ပံ့ပေးမယ့် Snapdragon665 processorအပြင် ဂိမ်းကစားရာမှာ လုပ်ဆောင်ချက်တွေကို မြန်ဆန်စေမယ့် Frame Boost နဲ့ Touch Boost Engine တွေနဲ့ထောက်ပံ့ပေးထားတဲ့ အတွက်ကြောင့် ဂိမ်းကစားသူတွေအတွက်လည်း အကြိုက်တွေ့စေမယ့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။
OPPO Myanmar မှ ယခု ထပ်မံမိတ်ဆက်ပေးလိုက်တဲ့ OPPO A9 2020 Vanilla Mint (Limited Edition) အရောင်အသစ်ကို (၃၇၉,၉၀၀) ကျပ်နဲ့အတူ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့OPPO အရောင်းကောင်တာတိုင်းမှာ စတင် ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ ဝယ်ယူအားပေးသော OPPO ချစ်သူများကို မေတ္တာလက်ဆောင်အဖြစ် Bluetooth Speakerများကို လက်ဆောင် ပေးသွားဦးမှာ ဖြစ်ပါတယ်။
www.akhayarmedia.com