Vivo မှ S Series မျိုးဆက်သစ် Vivo S1Pro စမတ်ဖုန်းကိုမြန်မာနိုင်ငံတွင် တရားဝင်စတင်မိတ်ဆက်
သုံးစွဲသူများ၏ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်း ပေးနိုင်ရန်အတွက် နည်းပညာမြင့်မားမှု၊ ဒီဇိုင်းဆန်းသစ်မှုတို့ဖြင့် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေသော ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Vivo သည် နာမည်ကျော် S Series ၏ နောက်ဆုံး မျိုးဆက်သစ် Vivo S1Pro စမတ်ဖုန်းကို မြန်မာနိုင်ငံဈေးကွက်သို့ ယနေ့တွင် မိတ်ဆက်ပေးလိုက်သည်။
အဆိုပါ Vivo S1Pro စမတ်ဖုန်းသစ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်နေ့) တွင် မြန်မာ ပလာဇာ မြေညီထပ် (ပရိုမိုးရှင်း ဧရိယာ)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ Vivo Mobile Myanmar မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များနှင့်အတူ Vivo ၏ Brand Ambassador ဖြစ်သူ နာမည်ကျော် သရုပ်ဆောင် Beauty Blogger နေခြည်ဦးနှင့် နာမည်ကျော် အနုပညာရှင်များ ဖြစ်ကြသော နန်းစန္ဒာလှထွန်း၊ Alice Ong၊ မေလသံစဉ်၊ အုပ်စိုးခန့်၊ ဟန်နေတာ (Eternal Gosh)၊ ကျော်မင်းဦးတို့ စုံညီစွာ တက်ရောက်ခဲ့သလို Myanmar Plaza ရောက် Vivo ချစ် ပရိသတ်ကြီးကလည်း တခဲနက် အားပေးခဲ့ ကြသည်။
သုံးစွဲသူများအတွက် နည်းပညာပိုင်းတိုးတက်မြင့်မားမှုနှင့် ဒီဇိုင်းခေတ်မှီ ဆန်းသစ်မှုကို အမြဲဦးစားပေး ဆောင်ရွက်နေသော Vivo အနေြဖင့် S series ၏ ပထမဆုံးမျိုးဆက် စတိုင် ကိုယ်စားပြု Vivo S1 ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာနိုင်ငံ၌ စတင်မိတ်ဆက်ခဲ့သည်။ ယခု မျိုးဆက်သစ် Vivo S1Pro စမတ်ဖုန်းကို မတူကွဲပြားတဲ့ လူနေမှုပုံစံများ၊ လူအများ၏ ဖက်ရှင်စတိုင်လ်များကို ပိုမိုပြီးပြည့်စုံစေမည့် စွဲမက်ဖွယ်ရာ ပုံစံဒီဇိုင်းအသစ်နှင့် ဖန်တီးထားသည့်အပြင် အလန်းစားပုံရိပ်များကို အမိအရ ရိုက်ကူးမှတ်တမ်းတင်ပေးနိုင်မည့် စတိုင်လ်ကျလှပပြီး စွမ်းရည်မြင့်သည့် စမတ်ဖုန်းတစ်ခုအဖြစ် ဖန်တီးထုတ်လုပ်ထားပါသည်။ “Upgrade Your Style” ဆိုသည့် ဆောင်ပုဒ်အတိုင်း ခေတ်ရေစီးကြောင်းနဲ့အညီ တက်ကြွလန်းဆန်းနေသော လူငယ်များရဲ့ ဖက်ရှင်ပုံရိပ်တွေကို ပိုမိုမြှင့်တင်ပေးမည့် Vivo S1Pro တွင် ရင်သပ်ရှုမောဖွယ်ရာ ရုပ်ပုံများထွက်ရှိမည့် ၆.၃၈ လက်မအရွယ် Full HD+ Super AMOLED မျက်နှာပြင် တပ်ဆင်ပေးထားသည်။ အဆိုပါ မျက်နှာပြင်အောက်၌ အဆင့်မြင့်ဆုံးသော လက်ဗွေလုံခြုံရေးစနစ် (မျက်နှာပြင်အောက် လက်ဗွေစနစ်) ကို ထည့်သွင်းတပ်ဆင်ပေးထားပြီး Operating System အဖြစ် Android 9 Pie နှင့် Vivo ၏ သီးသန့်ထုတ်လုပ်ထားသည့် Interface Funtouch OS 9.2 တို့ကို အသုံးပြုထားသည်။ ဖုန်း၏ အရွယ်အစားမှာ 15.25 mm x 75.19 mm x 8.68 mm ဖြစ်ပြီး အလေးချိန်အားဖြင့် 186.7g ရှိသည်။
Vivo S1Pro ၏ နောက်ကျောပြင် ကင်မရာစနစ်ကို စိန်ပွင့်ပုံစံကဲ့သို့ တမူထူးခြားစွာ ဖန်တီးပုံဖော်ထားပြီး AI စနစ်သုံး 48 MP (f/1.8) ပင်မကင်မရာ၊ 8MP (f/2.2) မြင်ကွင်းကျယ်ကင်မရာ၊ 2MP (f/2.4) Macro ကင်မရာနှင့် 2MP (f/2.4) Depth Sensor ကင်မရာ (၄) ခု တပ်ဆင်ပေးထားသောကြောင့် သုံးစွဲသူများအနေဖြင့် တန်ဖိုးရှိသည့် အမှတ်တရ ပုံရိပ်များကို အကောင်းဆုံး ပုံထွက်နှုန်းနှင့်အတူ အမိအရ ရိုက်ကူးရယူနိုင်မည်ဖြစ်သည်။
ထို့ပြင်ဖက်ရှင်နှင့်စတိုင်လ်ကို အလေးထားသော လူငယ်များ စိတ်ကြိုက်တွေ့စေရန် Vivo ၏ Signature Photography နည်းပညာနှင့်အတူ စွမ်းရည်မြင့် ဆော့ဖ်ဝဲလ်များထည့်သွင်းပေးထားသည်။ ရှေ့ဖက်တွင် 32MP AI Selfie ကင်မရာနဲ့ AI Beauty Mode တို့ တပ်ဆင်ထည့်သွင်း ပေးထားသဖြင့် နေ့စဉ်ဖက်ရှင်နဲ့ စတိုင်လ်တို့ကို Vivo S1Pro ဖြင့် အကောင်းဆုံး မှတ်တမ်းတင်နိုင်မည် ဖြစ်ပါသည်။
Vivo Myanmar ၏ Product Manager ဖြစ်သူ Mr. Kelvin က “ဒီနေ့ မိတ်ဆက်ပေးလိုက်တဲ့ Vivo S1Pro ကတော့ ‘Upgrade Your Style’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ခေတ်ဆန်ပြီး ဖက်ရှင်အပေါ် စိတ်အားထက်သန်မှုရှိတဲ့ ဆိုရှယ်မီဒီယာခေတ်ကြီးမှာ နေထိုင်နေကြတဲ့ လူငယ်တွေရဲ့ စတိုင်လ်ကို မြှင့်တင်ပေးနိုင်ဖို့ အဓိက ရည်ရွယ်ထား ပါတယ်။ Vivo ဟာ သုံးစွဲသူတွေအတွက် နည်းပညာပိုင်း မြင့်မားမှုနဲ့ ပုံစံဒီဇိုင်း ဆန်းသစ်မှုတို့ကို အမြဲတမ်း ဦးစားပေးပြီး ဆောင်ရွက်နေပြီး ဒီ S1Pro ဟာဆိုရင်လည်း Style ကို ကိုယ်စားပြုတဲ့ Vivo S စီးရီး စမတ်ဖုန်းတွေက ခေတ်ရေစီးကြောင်းကို ဦးဆောင်နိုင်ကြောင်း မှတ်ကျောက်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ” ဟု ပြောကြားခဲ့သည်။
Vivo S1Pro စမတ်ဖုန်းကို Multitasking နှင့် Gaming လုပ်ဆောင်ချက်များ လျှင်မြန်စွာ ဆောင်ရွက်စေရန် စွမ်းရည်မြင့် Snapdragon 665 ပရော်ဆက်ဆာနှင့်အတူ 8GB RAM (မှတ်ဉာဏ်) နှင့် 128GB ROM (သိုမှီးမှုပမာဏ) တို့တပ်ဆင်ပေးထားပါသည်။ ထို့အပြင် Multi Turbo စနစ်ပါရှိတာကြောင့် အထူးကောင်းမွန်သည့် ဂိမ်းကစားမှု အတွေ့အကြုံကို ရရှိခံစားနိုင်မည် ဖြစ်သည်။ Voice Changer နည်းပညာလည်း ပါရှိသဖြင့် ဂိမ်းကစားချိန်အတွင်း ပျော်ရွှင်တက်ကြွမှုကို အပြည့်အ၀ ယူဆောင်ပေးနိုင်ပြီး အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် များကို လည်း အကာအကွယ် ပေးထားမည် ဖြစ်သည်။ Vivo S1Pro ၏ ဘက်ထရီမှာ 4500mAh ပမာဏရှိပြီး Dual-Engine Fast Charging နည်းပညာ အသုံးပြုထားလို့ လျှင်မြန်စွာ အားသွင်းနိုင်မည် ဖြစ်သည်။
ယနေ့မိတ်ဆက်ပွဲကို တက်ရောက်လာသည့် Vivo Myanmar ၏ Brand Ambassador ဖြစ်သူ နိုင်ငံကျော် အနုပညာရှင်နှင့် Blogger နေခြည်ဦးက “ဒီ Vivo S1Pro ရဲ့ အားသာချက်တွေကို ပြောပါဆိုရင် ပြောကုန်မှာတောင် မဟုတ်ပါဘူး။ ဒါပေမယ့် နေခြည့်လို Beauty နဲ့ Fashion Blogger တစ်ယောက်အနေနဲ့ ကိုယ်တိုင်လက်တွေ့ သုံးစွဲ ပြီး သေချာပေါက် ပြောလို့ရတာကတော့ S1Pro က သုံးစွဲသူတွေရဲ့ စတိုင်လ်နဲ့ ဖက်ရှင်ပုံရိပ်ကို ထူးခြား ဆန်းသစ်စွာ ပိုမိုမြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ S1Pro က မြန်မာလူငယ်တွေ စိတ်ကြိုက်တွေ့ပြီး ဈေးကွက်ကို ဦးဆောင်နိုင်မယ့် အဆင့်မြင့်စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။” ဟု သူမ၏ အတွေ့အကြုံကို ရှင်းပြသွားခဲ့သည်။
မိတ်ဆက်ပွဲအခမ်းအနားတွင် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုတို့နှင့်အတူ အနုပညာရှင်များမှ Vivo S1Pro အသုံးပြုရခြင်းနှင့် ပတ်သက်သည့် အတွေ့အကြုံများကို ပရိသတ်များနှင့်အတူဝေမျှခြင်း၊ S1Pro မှ လူငယ်များ၏ ဖက်ရှင်၊ လူနေမှုဘ၀ ပြောင်းလဲတိုးတက်မှုကို မြှင့်တင်ပေးနိုင်စေသည့် အကြောင်းအရာများကို Vivo Stylist နှင့် Vivo Stars KOL တို့မှ အတူတကွ ဆွေးနွေးပြောကြားသည့် အစီအစဉ်လည်း ပါဝင်ခဲ့သည်။
Vivo S1 Pro စမတ်ဖုန်းကို သစ်လွင်တောက်ပသည့် Mystic Black (အနက်ရောင်) နှင့် Dreamy White (အဖြူ) အရောင် ၂ မျိုးဖြင့် လာမည့် ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်ပြီး ၄၂၉,၈၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်း၌ စတင် ရောင်းချပေးသွားမည် ဖြစ်ပါသည်။ ကြိုတင်အော်ဒါ (Pre-Order) များကိုလည်း ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ မှာယူနိုင်ပြီး ကြိုတင်ကာလအတွင်း မှာယူသည့်သူများကို မေတ္တာလက်ဆောင်အနေဖြင့် လည်ပင်းအနှိပ်စက်များ လက်ဆောင်ပေးသွားမည်ဖြစ်သည်။
###
Vivo အကြောင်း
Vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှု၊ ဝန်ဆောင်မှုအတွက် ဦးတည်ရာလမ်းကြောင်း အသစ်များကို ဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ အားအင်ပြည့်ဝသော မိုဘိုင်းအင်တာနက် ဂေဟစနစ်တစ်ခု ဖြစ်ပေါ်လာစေရန်အတွက် Vivo မှ တစိုက်မတ်မတ် ကြိုးစားအားထုတ်လျက်ရှိပြီး အမေရိကန် နိုင်ငံ (San Diego မြို့) နှင့် တရုတ်နိုင်ငံ (Dongguan, Shenzhen, Nanjing, Beijing, Hangzhou) မြို့များတွင် သုသေသနနှင့် ဖွံဖြိုးရေးစင်တာများလည်း တည်ထောင်ထားပါသည်။ အဆိုပါစင်တာများမှာ 5G၊ AI၊ Mobile Photography နှင့် မျိုးဆက်သစ်စမတ်ဖုန်း ဒီဇိုင်းတို့မှာ သုံးစွဲသူများအတွက် နောက်ဆုံးပေါ် နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာစေရန် အဓိကထား အာရုံစိုက်လျှက်ရှိသည်။
2017 ခုနှစ် နှစ်ကုန်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်းတွင် Vivo ၏ စမတ်ဖုန်းထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို နှစ်ခြိုက်စွာ သုံးစွဲသူပေါင်း သန်း ၂၀၀ ကျော်ရှိပြီဖြစ်သည်။ ကမ္ဘာတစ်လွှားရှိ ဈေးကွက် ၁၈ ခုရှိ အရောင်းဆိုင်များကို မြို့ပေါင်း ၁၀၀၀ ကျော်တွင်လည်း ထားရှိပေးထားသည်။ တီထွင်ဖန်တီးမှုကောင်းသော Vivo စမတ်ဖုန်းများအကြောင်းကို ပိုမိုသိရှိလိုပါက www.vivo.com နှင့် Vivo ၏ Official Facebook page https://www.facebook.com/vivomobileMM/ တွင်ကြည့်ရှုနိုင်ပါသည်။
www.akhayarmedia.com