January 3 ရက်နေ့မှာ ထွက်လာမဲ့ Xiaomi Watch Color

Xiaomi အနေနဲ့ Mi Watch ထက်ဈေးချိုမဲ့ Mi Watch Color ကိုရောင်းချပါတော့မယ်။ဒါပေမယ့်  Specifications တွေကိုတော့ သေသေချာချာ ထုတ်ပြောထားခြင်း မရှိသေးပါဘူး။ထွက်ပေါ်နေတဲ့  သတင်းတွေအရ Google Wear Os Based  ဖြစ်ပြီး၊မျက်နှာပြင် အကျယ် 1.39 -inch၊ 454*454 Resolution ရှိတဲ့ AMOLED Display ပါဝင်နိုင်တဲ့အပြင် 420mAh ရှိတဲ့ Battery ပါဝင်မှာပါ။လုပ်ဆောင်ချက်တွေ အနေနဲ့ NFC,GPS,GLONASS စတာတွေ Support  ပေးမဲ့အပြင် Heart Rate တိုင်းတာတွေ၊Activites Tracking လုပ်တာ၊Barcode Payment တွေ၊Watch Face Customization တွေလုပ်နိုင်မယ်လို့ သိရပါတယ်။Water Resistance လည်း Up to 5 ATM ထိရမယ်ဆိုတော့ ရေအောက် မီတာ ၅၀ ထိခံနိုင်အားရှိမှာပါ။Bluetooth 5.0 သုံးပြီး ဖုန်းကို ချိတ်ဆက်နိုင်မယ်လို့လည်း သိရပါတယ်။

လောလောဆယ်မှာတော့ အနက်၊ရွှေရောင်၊ငွေရောင် ၃ မျိုးလာမယ်လို့ သိရပြီး Fashion သမားတွေအတွက် အဓိက Design ထုတ်ထားတာပါ။Specifications တွေကိုတော့ မိတ်ဆက်ပွဲ ရောက်ရင်တော့ အကုန်အသေးစိတ်သိရမှာပါ။

Ref : GSMARENA

Previous
Previous

နှစ်သစ်မှာ စိတ်သစ်လူသစ်ဖုန်းအသစ်နဲ့ စတင်ချင်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ OPPO A9 2020 Vanilla Mint

Next
Next

Ads တွေပါဝင်လာမယ့် Realme Smart Phones များ