ပါဝါမလာတော့တဲ့ iPhone 6s/6s Plus တွေကို အသစ်တစ်လုံး အခမဲ့ ပြန်လဲပေးမယ့် Apple

Apple ကကြေငြာထားတဲ့ ဒီအစီအစဉ်ထဲမှာ 2018 October ကနေ 2019 August အတွင်း ထုတ်လုပ်ထားတဲ့ iPhone 6s/6s Plus တွေမှာ ပါဝါမလာတော့တဲ့ ပြဿနာရှိနေတယ်လို့ ဆိုပါတယ်။ မိမိဖုန်းဟာ အဆိုပါ အစီအစဉ်ထဲမှာ အကြုံးဝင်မဝင် သိချင်ရင် Apple တရားဝင် Website မှာ Serial No ဖြင့်သွားရောက် စစ်ကြည့်နိုင်ပါတယ်။

အခမဲ့လဲပေးမယ် ဆိုပေမယ့် ကန့်သန့်ချက်တွေ ရှိပါတယ်။ ပထမအနေနဲ့ မိမိဖုန်းဟာ 2018 October နဲ့ 2019 August အတွင်းထုတ်ထားတဲ့ ဖုန်းဖြစ်ရပါမယ်။နောက်တစ်ချက် အနေနဲ့  Region အနေနဲ့ Myanmar ဖြစ်မှ Myanmar နိုင်ငံက Authorized Store တွေမှာ လဲလှယ်နိုင်မှာဖြစ်ပါတယ်။နောက်ဆက်တွဲအနေနဲ့ ဖုန်းမှာ Unauthorized ဆိုင်တွေမှာ ပြင်ထားတာတွေ၊ Original Battery ဖြစ်ဖို့လိုတာတွေ အပြင်၊ဖုန်းမှာ အရမ်း Damage ဖြစ်ထားရင် လဲလှယ်ဖို့ အတွက် အခက်အခဲ ရှိနိုင်တယ်လို့ သိရပါတယ်။ဒီအစီအစဉ်ကို 2021 ထိ Support လုပ်သွားမယ်လို့ သိရပါတယ်။

Ref : Engadget

Previous
Previous

2020 ထုတ် iPads တွေမှာ Triple Camera Setup ပါလာတော့မှာလား

Next
Next

Xiaomi Mi Band နဲ့အပြိုင် ဈေးကွက်ထဲဝင်လာမယ့် Realme Fitness Trackers များ